Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီတပ်က ဖမ်းဆီးထားသော ကန်ပက်လက်စစ်ဘေးရှောင် ၄၀ နီးပါး အဆက်အသွယ်ပြတ်တောက်နေ

စစ်ကောင်စီတပ်က ဖမ်းဆီးထားသော ကန်ပက်လက်စစ်ဘေးရှောင် ၄၀ နီးပါး အဆက်အသွယ်ပြတ်တောက်နေ

0
By Editor on May 16, 2024 Headline

(006SV)

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသည့် အမျိုးသမီးနှင့် ကလေးငယ် အများစုပါဝင်သော ဒေသခံ ၄၀ ခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ၃ ရက်ကြာအထိ အဆက်အသွယ် ပြတ်တောက်‌နေကြောင်း သတင်းရရှိသည်။

မေလ ၁၄ ရက်က အုံရွာတွင် ရောက်ရှိနေသော စစ်ကောင်စီတပ်သည် အုံရွာဒေသခံများ စစ်ဘေးရှောင်နေသော တောတောင်ထဲအထိ လိုက်လာပြီးနောက် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဟိုဘက်ကဟာနဲ့ပတ်သက်လို့ ဘာမှ သတင်းမရဘူး။ လူသားတံတိုင်း လုပ်သလား၊ သေကြသလား၊ ရှင်ကြသလား ဘာမှကို မကြားရသေးပါဘူး။ စစ်ကြောင်းက စစ်ရှောင်တွေနေရာကို ဝင်လာပြီးတော့ ဖမ်းသွားတယ်။ အများစုက အမျိုးသမီးနဲ့ ကလေးတွေများတယ်။ လေးနှစ်၊ ငါးနှစ်သားတွေ” ဟု ၎င်းကပြောသည်။

အဖမ်းခံရသော စစ်ဘေးရှောင်များသည် အမျိုးသမီးနှင့် ကလေးငယ်များက အများစုဖြစ်ကြပြီး အမျိုးသားထဲတွင် အသက် ၁၆ နှစ်နှင့် ၁၇ နှစ်အရွယ် (၂) ဦး၊ ၇၀ ကျော်အရွယ် အမျိုးသား (၁) ဦး၊ ၆၀ ကျော်အရွယ် ကိုယ်အင်္ဂါမသန်စွမ်း အမျိုးသား (၁) ဦး၊ ၅၅ နှစ်အရွယ် စိတ်ကျန်းမာရေး အားနည်းသူ (၁) ဦးတို့ဖြစ်ကာ စုစုပေါင်း ၃၈ ဦးဖြစ်ကြောင်း သိရသည်။

လွီးစုံ၊ ကောက်စောင်းရွာဘက်တွင် အုံရွာမှ ဒေသခံပြည်သူအားလုံးသည် စစ်ဘေးရှောင်နေကြစဉ် စစ်ကောင်စီ၏ လာရောက်ဖမ်းဆီးမှုကြောင့် ဒေသခံပြည်သူ ၁၀၀ နီးပါးသည်လည်း ထပ်မံ၍ ပိုဝေးသောနေရာသို့ စစ်ဘေးရှောင်ကြရကြောင်း သိရသည်။

“အဲဒါဖြစ်ပြီးတဲ့နောက်မှာ အဲဒီကနေ တော်တာ်ဝေးတဲ့နေရာအထိ ထပ်စစ်ရှောင်ကြတယ်။ အခုက အရေးပေါ် လိုနေတာက တာလပတ်တ အရမ်းကို လိုအပ်နေတယ်ပြောလို့၊ လောလောဆယ် ဆိုင်ကယ် ၂ စီးနဲ့ ပို့နိုင်ဖို့ ၁၀ ချပ်လောက် ပို့နိုင်ဖို့ ကြိုးစားနေတယ်။ အခု သူတို့နေတဲ့နေရာမှာ မိုးတွေလည်း ရွာနေတယ်။ အဲဒီတောဘက်မှာ” ဟု ကန်ပက်လက်မြို့နယ်၊ လူသားစာနာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် အုံရွာပြည်သူများ အဖမ်းခံရသည့် တောင်ကြောနှင့် နီးကပ်သော ချိုင်လောင်းရွာသူ/သား အားလုံး ၈၀ နီးပါးသည် ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သိရသည်။

အုံရွာ၊ လွီးစုံ၊ ကောက်စောင်း၊ ချိုင်လောင်ရွာတို့သည် ထပ်မံစစ်ဘေးရှောင်နေရသောကြောင့် မိုးရွာထဲတွင် အမိုးအကာ တာလပတ်များ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။

ကျင်ဒွေးမြို့မှ ထွက်ပြေးလာသော စစ်ကောင်စီစစ်ကြောင်းနှင့် အုံရွာမှာ လေကြောင်းက စစ်ကူချသော စစ်ကြောင်းတို့သည် လက်ရှိတွင် အုံရွာတွင် စခန်းချနေကြကြောင်း သိရသည်။

အုံရွာ၏ အခြေအနေသည် စစ်ကောင်စီစစ်ကြောင်းများအနေဖြင့် ကျင်ဒွေးမြို့ထဲသို့ ပြန်လည်ထိုးစစ်ဆင်ရန် အစီအစဉ်များ ရှိနိုင်သကဲ့သို့ မကွေးတိုင်း၊ လောင်းရှည်ဘက်သို့ ပြန်လည်ဆုတ်ခွာရန် အခွင့်သာသော အနေအထားပေါ်တွင် ရှိနေကြောင်း သိရသည်။

ဧပြီလ ၁၇ ရက်က ကန်ပက်လက်မြို့နယ်၊ အုံရွာ၊ လွီးစုံရွာနှင့်ကောက်ဆောင်းရွာများကို ပေါင် ၅၀၀ ဗုံးများအပါအဝင် လေယာဉ် ၄ စီးဖြင့် လေကြောင်းဗုံးကြဲမှုကြောင့် ကလေးငယ် ၂ ဦးအပါအဝင် အရပ်သား ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဆလိုင်းတင်မောင်ဦး စိတ်ဓါတ်ဆုပ်ကိုင်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ဆက်တိုက်ပွဲဝင်မည်ဟု ချင်းကျောင်းသားသမဂ္ဂ ကြေညာ

တိုက်ပွဲဖြစ်ပွားနေသော ချင်းတောင်ပိုင်းကို Y-12 နှင့် ဂျက်ဖိုက်တာများဖြင့် ယနေ့ ထပ်မံဗုံးကြဲ

အာသံပြည်နယ်၊ မာသီယာစခန်းတွင် ထိမ်းသိန်းခံနေရသော မြန်မာအမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ စော်ကားခံရဟုဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.