Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တွန်းဇံတစ်မြို့နယ်လုံးကို ချင်းပူးပေါင်းတပ်က အပြီးသတ် သိမ်းပြီ၊ ချင်းပြည်မှာ စစ်ကောင်စီကင်းစင်ရေး မြို့ပေါ်အထိုင်တပ်စခန်းများကို ဆက်တိုက်မည်ဟုဆို

တွန်းဇံတစ်မြို့နယ်လုံးကို ချင်းပူးပေါင်းတပ်က အပြီးသတ် သိမ်းပြီ၊ ချင်းပြည်မှာ စစ်ကောင်စီကင်းစင်ရေး မြို့ပေါ်အထိုင်တပ်စခန်းများကို ဆက်တိုက်မည်ဟုဆို

0
By Editor on May 21, 2024 Headline

(006SV)

ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့ကို ယနေ့ မနက်ပိုင်းတွင် CNA ၊ CDFs ချင်းကာကွယ်ရေးပူးပေါင်းတပ်များက အပြီးသတ် သိမ်းလိုက်ပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး CNF/ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

“ကျနော်တို့ မေလ ၁၅ ရက်နေ တွန်းဇံတပ်ထိုင်စခန်းကို အပြီးသိမ်းဖို့ဆိုပြီး စစ်ဆင်ရေးလုပ်တယ်။ ဒီမနက်မှာပဲ အပြီးသိမ်းလိုက်တယ်လို့ ပြောလို့ရပါတယ်။ အခုက မြို့ထဲမှာ ထွက်ပြေးကြတော့ အခုလိုက်ပြီး နယ်မြေရှင်းလင်းရေး တော့ လုပ်နေသေးတယ်။ တွန်းဇံတစ်မြို့နယ်လုံးစစ်ကောင်စီ ကင်းစင်ပြီးလို့ အတပ်ပြောလို့ မရပေမယ့် မကြာမှီ ကျနော်တို့ပဲ စိုးမိုးမှုလုပ်နိုင်တော့မယ်လို့ ကျနော်တို့ အဲသလိုပဲ ပြောချင်တယ်” ဟု CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ယနေ့ မေလ ၂၁ ရက် မနက်ပိုင်းတွင် တွန်းဇံမြို့ကို အပြီးသိမ်းလိုက်ပြီးနောက် ထွက်ပြေးနေကြသော စစ်ကောင်စီ တပ်ဖွဲ့များကို နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသည်ဟုဆိုသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့၏ ရုပ်အလောင်း ၁၁ လောင်းကို တွေ့ရှိခဲ့ပြီး အထိအခိုက်အကျအဆုံး အတိအကျကို အတည်ပြုနေဆဲဖြစ်ကြောင်း၊ ချေးမှုန်ရေးရိုင်ဖယ် အလက် ၅၀ ခန့်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယနေ့မနက်ပိုင်းတွင်လည်း စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တွန်းဇံမြို့ သိမ်းပိုက်ရေး စစ်ဆင်ရေးသည် ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဖော်ဆောင်သည့် ပထမဆုံး စစ်ဆင် ရေးဖြစ်ပြီး မေလ ၁၅ ရက်က စစ်ကောင်စီ တပ်စခန်းများကို စတင်တိုက်ခိုက်ခဲ့ပြီး မေလ ၂၀ ရက်နေ့တွင် ကျီခါးမြို့ကိုသိမ်းပိုက်ခဲ့ပြီးနောက် မေလ ၂၁ ရက်မှာ တွန်းဇံမြို့ကို အပြီးသတ် သိမ်းနိုင်ခြင်းဖြစ်သည်။

“ကျနော်တို့ရဲ့ ပထမဦးတည်ချက်က ဒီချင်းပြည် ချင်းလန်းမှာ စစ်ကောင်စီ ကင်းစင်ရေးပါပဲ။ ကျနော်တို့က ချင်းပြည် ကနေ စစ်ကောင်စီ ကင်းစင်ရေးအတွက် လုပ်စရာတွေကို ဆက်ပြီး လုပ်ဆောင်သွားဖို့ပဲ ရှိပါတယ်။ အဲဒီအတွက် ပြည်သူတွေ အားလုံးက ပြင်ဆင်ပေးကြဖို့။ ကျနော်တို့ကတော့ အခု စစ်ကောင်စီရဲ့ အထိုင်တပ်တွေရှိတဲ့ မြို့ပေါ်မှာရှိတဲ့ အထိုင်တပ်စခန်းတွေကတော့ ဆက်သိမ်းမှပဲ ဒီချင်းပြည်က စစ်ကောင်စီက ကင်းစင်မှာပေါ့။ အဲဒီအတွက် ကျနော်တို့က အားကောင်းကောင်းနဲ့ဆက်ပြီး တိုက်ပွဲဝင်သွားဖို့ရှိတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

တွန်းဇံမြို့သိမ်းတိုက်ပွဲသည် ချင်းပူးပေါင်းတပ်တွေက ပထမဆုံး တစ်မြို့နယ်လုံးကို အပြီးသတ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း၊ CNA အပါအဝင် CDFs ချင်း ကာကွယ်ရေးတပ်ဖွဲ့ ၁၄ ဖွဲ့ပါဝင်ကြောင်း သိရသည်။

ဇိုမီးတော်လှန်ရေးတပ် (ZRA) မှ တပ်ဖွဲ့ဝင် (၁) ဦးနှင့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် (၂) ဦးကို အရှင်ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်မှာ မြို့ ၁၀ မြို့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် တော်လှန်ရေးအင်အားစုများက သိမ်းပိုက် ထိန်းချုပ်ထားပြီဖြစ်ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖလမ်း- ဟားခါးလမ်းမှာ နှစ်ဖက်ညှပ်ထိုးစစ်ဆင်သော စစ်တပ် တိုက်ခိုက်ခံရ ၊ ဗျူဟာမှူး အပါအဝင်အရာရှိ ၄ ဦး ဒဏ်ရာရရှိပြီး ၄ ဦးသေဆုံး

ချင်းပြည်နယ်က စစ်ရေးအခြေအနေကြောင့် မီဇိုရမ်ဘက်သို့ စစ်ဘေးရှောင် ၈၀၀ ကျော်ထပ်မံဝင်ရောက်

ကလေးမြို့မှာ ဒုအရာခံဗိုလ်တစ်ဦးနှင့် တပ်သားတစ်ဦးကို ကလေးမြို့ UG တပ်ဖွဲ့က ရှင်းလင်း

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.