Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်ပြည်နယ်က သဘာဝဘေးဒဏ်သင့် ကူညီကယ်ဆယ်ရေးအတွက် မြန်မာစစ်ဘေးရှောင်များကိုယ်စား NUA က အလှူငွေများပေးအပ်၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများပါဝင်ဆောင်ရွက်

မီဇိုရမ်ပြည်နယ်က သဘာဝဘေးဒဏ်သင့် ကူညီကယ်ဆယ်ရေးအတွက် မြန်မာစစ်ဘေးရှောင်များကိုယ်စား NUA က အလှူငွေများပေးအပ်၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများပါဝင်ဆောင်ရွက်

0
By Editor on May 30, 2024 Khonumthung

(005MK)

ဆိုင်ကလုန်းမုန်တိုင်း Remal အဖျားရိုက်ခတ်မှုကြောင့် မိုးများပြီး မြေပြိုမှုအကြီးအကျယ်ရင်ဆိုင်နေရသော မီဇိုရမ်ပြည်နယ်က သဘာဝဘေးဒဏ်သင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွင် အသုံးပြုရန် မြန်မာစစ်ဘေးရှောင်များကိုယ်စား Network for Unity Association Mizoram-NUA က ရူပီးငွေ ၃၅၀၀၀ ယနေ့သွားရောက်လှူဒါန်းခဲ့ကြသည်ဟု သိရသည်။

Network for Unity Association Mizoram-NUA အဖွဲ့ဝင်များသည် ယနေ့မေလ ၃၀ ရက်နေ့တွင် အိုင်ဇောလ်မြို့ အနီးရှိ မြေပြိုမှုဒဏ်အဆိုးရွားဆုံးခံခဲ့ရသော Melthum နှင့် Hlimen ကျေးရွာများသို့သွားရောက်ကာ အလောင်းရှာ ဖွေရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေသော မီဇိုးလူငယ်အသင်း (YMA) ထံသို့ အလှူငွေများပေး အပ်ခဲ့ကြပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများလည်း ပါဝင်ဆောင်ရွက်ခဲ့ကြသည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ်တွင် ဆိုင်ကလုန်းမုန်တိုင်း Remal ကြောင့် မေလ ၂၇ မှ ၂၈ ရက်နေ့လည်ပိုင်းအထိ မိုးအဆက်မပြတ်ရွာ သွန်းခဲ့ပြီး အိုင်ဇောလ်မြို့အနီး Melthum နှင့် Hlimen ကျေးရွာအပါအဝင် နေရာအတော်များများတွင် မြေပြိုမှုများဖြစ် ပွားကာ အနည်းဆုံးလူပေါင်း ၃၀ ကျော်သေဆုံးခဲ့သည်။

တောင်ကမ်းပါးယံက မြေသားများပြိုကျလာကြောင့် နေအိမ်အမြောက်အများလည်း ပျက်စီးခဲ့ပြီး မြေပြိုမှုကြောင့် Melthum ကျေးရွာတွင် ၁၉ ဦးသေဆုံးကာ အလောင်း ၁၅ လောင်တွေ့ရှိထားပြီး ၄ လောင်းအားပျောက်ဆုံးနေဆဲဖြစ် သည်။

Hlimen ကျေးရွာတွင် မြေပြိုမှုကြောင့် ဒေသခံ ၆ ဦးသေဆုံးခဲ့ပြီး Salem ရပ်ကွက်တွင် ၃ ဦး၊ Aibawk ကျေးရွာတွင် ၂ ဦး၊ Falkawn ကျေးရွာတွင် ၂ ဦး၊ Kelsih ကျေးရွာတွင် တစ်ဦး နှင့် Lungsei ကျေးရွာတွင် တစ်ဦး သေဆုံးခဲ့သည်ဟု မီဇိုရမ်အစိုးရစာရင်းကို ကိုးကား၍ ဒေသတွင်းမီဒီယာများကဖော်ပြသည်။

မေလ ၂၇ ရက်နေ့ မြေပြိုမှုကြောင့် မီဇိုရမ်ပြည်နယ်တွင် လူဦးရေစုစုပေါင်း ၃၄ ဦးသေဆုံးခဲ့ပြီး ယင်းအနက် ရုပ် အလောင်း ၂၈ လောင်းရှာဖွေတွေ့ရှိပြီဖြစ်ကာ ရုပ်အလောင်း ၆ လောင်းပျောက်ဆုံးနေဆဲဖြစ်သည်။

ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်က လူနေအိမ်အများစုသည် တောင်စောင်း တောင်ကမ်း ပါးယံများတွင် ဆောက်လုပ်ထားကြပြီး မိုးတွင်းကာလတွင် ယခုကဲ့သို့မြေပြိုမှုဒဏ်ကို နှစ်စဉ် ကြုံတွေ့နေကြရသည်။

မီဇိုရမ်ပြည်နယ်သည် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားသည့်နောက်ပိုင်း အိုးအိမ်စွန့်ခွါထွက်ပြေးလာကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူ ၃ သောင်းကျော်ကို ကူညီစောင့်ရှောက်မှုပေးနေသည့်ပြည်နယ်ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အရှို (ချင်း) အမျိုးသားပြည်နယ် တည်ထောင်နိုင်ရေး လုပ်ဆောင်မည်ဟု ACNFC ကြေညာ

မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံသား နှစ်ဦးထံ ရူပီး သိန်း ၅၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများဖမ်းမိ

HPO/CDF-Hualngoram က ရိခေါဒါရ်မြို့ မူကြိုကျောင်းမှာ ဘိန်းဖြူဟောင် ၄၀၀ ကျော်ဖမ်းမိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.