Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပဖြစ်ပါက ချင်းပြည်နယ်မှာ မြို့နယ်များကို ပေါင်းစည်းပြီး မဲဆန္ဒနယ်ကြီးတစ်ခုအဖြစ် သတ်မှတ်ကျင်းပနိုင်ဟု NUG သုံးသပ်

စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပဖြစ်ပါက ချင်းပြည်နယ်မှာ မြို့နယ်များကို ပေါင်းစည်းပြီး မဲဆန္ဒနယ်ကြီးတစ်ခုအဖြစ် သတ်မှတ်ကျင်းပနိုင်ဟု NUG သုံးသပ်

0
By Editor on June 7, 2024 Headline

(006SV)

အာဏာသိမ်းစစ်ကောင်စီက လာမည့်နှစ်တွင် ရွေးကောက်ပွဲကျင်းပဖြစ်ပါက ချင်းပြည်နယ်မှာ မြို့နယ်များကို ပေါင်းစည်းပြီး မဲဆန္ဒနယ်ကြီးတစ်ခုအဖြစ် သတ်မှတ်ကျင်းပနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရNUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။

“ယခင်ကာလ ရွေးကောက်ပွဲတုန်းက မြို့နယ်တစ်ခုမှာ မဲဆန္ဒနယ်တစ်ခုအနေနဲ့ သတ်မှတ်ခဲ့ကြသော်လည်းပဲ အခုဆိုရင် မြို့နယ် ငါးခုကို နမူနာအနေနဲ့ ချင်းပြည်နယ်မှာဆိုရင် ထန်တလန်၊ ဟားခါး၊ မင်းတပ်၊ မတူပီ၊ ပလက်ဝ စတဲ့မြို့နယ်တွေကို မြို့နယ်ကြီး တစ်ခု၊ မဲဆန္ဒနယ်ကြီးတစ်ခုအနေနဲ့‌ ပေါင်းစည်းမယ်၊ ပေါင်းစည်းပြီးတော့ အဲဒီမြို့နယ်ကြီး တခွင်တပြင်လုံးကို လိုက်ပြီးတော့ ရွေးကောက်ပွဲလုပ်မှာ မဟုတ်ပါဘူး။ သူတို့ ရွေးကောက်ပွဲလုပ်လို့ ရတဲ့ နေရာလေး ကွက်ကွက်ကိုပဲ လုပ်ပြီးတော့ အဲဒီ လုပ်လိုက်တဲ့ ရွေးကောက်ပွဲသည် ဒီမဲဆန္ဒနယ်ကြီးတစ်ခုလုံးကို ကိုယ်စားပြုပါတယ်ဆိုပြီးတော့ ကိုယ်စားလှယ်အများအပြားကို လိမ်ပြီးတော့ ရွေးကောက်ခံရပါပြီးဆိုပြီးတော့ ကြေညာမှာပဲ ဖြစ်ပါတယ်” ဟု ဦးတင်ထွန်းနိုင်က ပြောသည်။

ဇွန်လ ၃ ရက်က အွန်းလိုင်းမှ တဆင့်ကျင်းပပြုလုပ်သော “တိုင်းပြည်စီးပွားရေး ပျက်ကပ်မှသည် စစ်အာဏာရှင်စနစ်ကျ ဆုံးခန်းဆီးသို့” သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီး ဦးတင်ထွန်းနိုင်က ထိုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

မြို့နယ်များကို မြို့နယ်ကြီးတစ်ခုအဖြစ်‌ ပေါင်းစည်းသတ်မှတ်ပြီး ယင်းအောက်တွင် ကိုယ်စားလှယ်အများအပြား ရွေးချယ်စေ မည်ဖြစ်ကာ မဲရုံထောင်၍ရသော မြို့နယ်တွင်သာ မဲရုံထောင်၍ မဲပေးစေရန် လုပ်ဆောင်လာဖွယ်ရှိသည်ဟု ၎င်းကဆိုသည်။

လာမည့် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းတွင် ကျင်းပနိုင်ချေရှိသော ရွေးကောက်ပွဲကို နောက်ဆုံးထွက်ပေါက်အဖြစ် စစ်ကောင်စီ ပြင်ဆင်နေမှုနှင့် ပတ်သက်၍ NUG အပါအဝင် မဟာမိတ်အင်အားစုများက မျက်ခြေမပြတ် စောင့်ကြည့် လေ့လာနေကြောင်း၊ ယင်းကို ကာကွယ်တားဆီးရန်ကိုလည်း စဉ်ဆက်မပြတ် တိုင်ပင်ဆွေးနွေးနေကြောင်း NUG အစိုးရ ဝန်ကြီးက ပြောသည်။

စစ်ကောင်စီသည် ရွေးကောက်ပွဲကို တရားခြင်း၊ မတရာခြင်း၊ လွတ်လပ်ခြင်း၊ မလွတ်လပ်ခြင်းများကို ထည့်မစဉ်းစားဘဲ ကျင်းပရန် ရည်ရွယ်နေပြီး ယင်းကိစ္စကို ဆုံးဖြတ်ပြီးသာဖြစ်ကြောင်းကို လူထုထံ အသိပေးလိုကြောင်း ဦးတင်ထွန်းနိုင်က ပြောသည်။

ရွေးကောက်ပွဲကို PR (အချိုးကျ ကိုယ်စားပြုမှုစနစ်) ဖြင့် စစ်ကောင်စီသည် ကျင်းပသွားမည်ဖြစ်ပြီး လက်နက်ကိုင်တော်လှန်ရေး ကြောင့် နယ်မြေစိုးမိုးနိုင်ခြင်း မရှိမှုကို အခွင့်အလမ်းအဖြစ် အသုံးချ၍ မဲဆန္ဒနယ်များကို ပေါင်းစည်း၍ ကျင်းပနိုင်ခြေရှိကြောင်း သိရသည်။

စစ်ကောင်စီသည် လာမည့် ဇူလိုင်လတွင် နောက်ထပ် ၆ လသက်တမ်းတိုးနိုင်ပြီး ၂၀၂၅ ဖေဖော်ဝါရီလတွင် ကာ/လုံသို့ အာဏာလွှဲ အပ်နိုင်ကြောင်း၊ ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ကြောင်း သိရသည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲသည် အနည်းဆုံး တစ်နှစ်ကြာဦးမည်ဖြစ်၍ NUG အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ မဟာမိတ်တပ်ဖွဲ့များက စစ်ရေး၊ နိုင်ငံရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန် ရှိကြောင်း ဝန်ကြီးဦးတင်ထွန်းနိုင်က ပြောသည်။

ရွေးကောက်ပွဲကို PR စနစ်ဖြင့် ပြုလုပ်မည်ဟူ၍ စစ်ကောင်စီက မကြာခဏ ပြောဆိုနေသော်လည်း ရွေးကောက်ပွဲကျင်းပမည့် အချိန်ကို ထုတ်ဖော်ပြောဆိုမှု မရှိသေးပါ။

လာမည့် အောက်တိုဘာလထဲတွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းများ စတင်ကောက်ယူမည်ဟု စစ်ကောင်စီက ကြေညာထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.