Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့နယ်မှာ ဒေသခံများကို အတင်းအဓမ္မ စစ်သားစုဆောင်းမှု မပြုလုပ်ကြောင်း ULA/ AA တာဝန်ရှိသူပြော
ပုံစာ - AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ

ပလက်ဝမြို့နယ်မှာ ဒေသခံများကို အတင်းအဓမ္မ စစ်သားစုဆောင်းမှု မပြုလုပ်ကြောင်း ULA/ AA တာဝန်ရှိသူပြော

0
By Editor on June 8, 2024 Headline

(006SV)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ဒေသခံပြည်သူများကို အတင်းအဓမ္မ စစ်သားစုဆောင်းမှု မပြုလုပ်ကြောင်း အာရက္ခတပ်တော် (AA/ULA) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

“ကျနော်တို့ ULA/ AA အနေနဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းစရာ မလိုတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ ကျနော်တို့မှာ စစ်သားတွေက ဒီအပတ်စဉ်မှာ လူပြည့်လို့ နောက်အပတ်စဉ်မှ လာဆိုပြီး လုပ်နေရတဲ့ အနေအထားဖြစ်ပါတယ်။ ဒါကြောင့် အတင်းအဓမ္မ စစ်သားစုဆောင်းစရာ မလိုပါ။ ကျနော်တို့အဖွဲ့အစည်း မူဝါဒက ဘယ်သူကိုမှ သူတို့ရဲ့ ဆန္ဒမပါပဲ ဒီနေ့အထိ အတင်းအကြပ် စစ်သားစုဆောင်းမှု မရှိပါ။ ဒီပုံစံမျိုး အတင်းအဓ္မမ လူသစ်စုဆောင်းတယ်လို့ စွပ်စွဲတာက လုံးဝလက်ခံနိုင် စရာမရှိဆိုတာကို ဖြေကြားလိုပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။

ယနေ့ ဇွန်လ ၈ ရက်တွင် အွန်လိုင်းက ကျင်းပသည့် ULA/ AA ၏ နဝမအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် အာရက္ခတပ်တော် (AA/ULA) ၏ ပြောရေးဆိုခွင့်ရှိသူက ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဧပြီလ ၁၉ ရက်က ပလက်ဝမြို့နယ်၊ မီးဇာရွာမှာ ပြုလုပ်သော အစည်းအဝေးတွင် အသက် ၁၈ နှစ်မှ ၄၀ နှစ်အတွင်း AA/ULA ထံတွင် စစ်မှုထမ်းရမည်ဟု AA တာဝန်ရှိသူများက ပြောဆိုခဲ့ရာ မေလဆန်းပိုင်းမှာ ဒေသခံ ၄၀ ခန့် အိန္ဒိယဘက်သို့ ထွက်ပြေးလာကြကြောင်း ဒေသခံများက ပြောသည်။

၎င်းတို့သည် မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်မှာ နေထိုင်းကြကြောင်း၊ လက်ရှိတွင် ပလက်ဝမှ ထပ်မံထွက်ပြေးလာသူများရှိကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အာရက္ခတပ်တော် AA က ၎င်းတို့အနေဖြင့် ပလက်ဝမြို့နယ်တွင် စစ်သားစုဆောင်းခြင်းမရှိကြောင်း ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် တရားဝင် ထုတ်ဖော်ပြောကြားလာခြင်းဖြစ်သည်။

ထို့အပြင် ပလက်ဝမြို့နယ်က ကျောင်းဆရာ (၂) ဦးအပါဝင် ရွာသား ၉ ဦးကိုလည်း ဖမ်းဆီးထားခြင်းမရှိကြောင်း ယင်းကိစ္စနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို မိမိတို့ထံ ပေးပို့ရန် တောင်းဆိုလိုကြောင်း ဦးခိုင်သုခက ပြောသည်။

ပလက်ဝမြို့နယ် ဘောင်ဝီကျေးရွာက ကျောင်းဆရာ ၂ ဦးနှင့် ကျေးရွာ ဥက္ကဌအပါအဝင် ဒေသခံ ၆ ဦး၊ ဘောင်ကူးကျေးရွာ ဒေသခံ ၃ ဦး စုစုပေါင်း ၉ ဦးကို ULA/ AA က မေလ ၁၇ ရက်က ဖမ်းဆီးသွားပြီး ယနေ့အချိန်ထိ ပြန်လည်လွတ်ပေးခြင်း မရှိကြောင်း ဒေသခံများနှင့် ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ IKACC မှ တာဝန်ရှိသူက ခိုနူမ်းသုန်သတင်းဌာနသို့ ဖြေကြားထားသည်။

သို့ရာတွင် စစ်ကောင်စီတပ်က စစ်ရှုံး၍ ပလက်ဝမြို့နယ်မှ ထွက်ခွာသွားသော်လည်း သတင်းများပေးပို့သူများကို ခေါ်ယူစစ်ဆေးမှုများရှိနိုင်ကြောင်း ၎င်းက ပြောသည်။

“မြန်မာစစ်တပ်စစ်ရှုံးလို့ ထွက်ပြေးသွားပြီးတောင်မှ သတင်းပေးနေတာတွေ အများပြည်သူ လုံခြုံရေးကို အန္တရာယ်ဖြစ်စေတဲ့ လုပ်ရပ်တွေ ခုထိ လုပ်နေတဲ့အတွက် တချို့ လူပုဂ္ဂိုလ်တွေကို လိုအပ်ရင် လိုအပ်သလို ခေါ်ယူစစ်ဆေးမှုတချို့ ရှိကောင်း၊ ရှိနိုင်ပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။

လက်ရှိတွင် ပလက်ဝမြို့နယ်မှာ လုံခြုံစိတ်ချရသည့် အနေအထားမဟုတ်သောကြောင့် လုံခြုံရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဦးစားပေးလုပ်ဆောင်နေကြောင်း ဦးခိုင်သုခက ပြောသည်။

အာရက္ခတပ်တော် (AA/ ULA) သည် ချင်းပြည်တောင်ပိုင်း ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်ထဲက မြို့ပေါင်း (၁၀) မြို့ကို သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ဆက်လက် အပြင်းအထန်ဖြစ်ပွားနေကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.