Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»နာဂအရပ်ဖက်အဖွဲ့အစည်းများက တရားမဝင်နေထိုင်သော မြန်မာနိုင်ငံသားများ နေရပ်ပြန်ပို့ရန် အိန္ဒိယပြည်ထဲရေးကို စာပို့

နာဂအရပ်ဖက်အဖွဲ့အစည်းများက တရားမဝင်နေထိုင်သော မြန်မာနိုင်ငံသားများ နေရပ်ပြန်ပို့ရန် အိန္ဒိယပြည်ထဲရေးကို စာပို့

0
By Editor on June 18, 2024 Khonumthung

(005MK)

နာဂအရပ်ဖက်အဖွဲ့အစည်း ၄ ဖွဲ့က အိန္ဒိယနိုင်ငံထဲ တရားမဝင် နေထိုင်ကြသော မြန်မာနိုင်ငံသားများကို နေရပ်ပြန်ပို့ရန် တောင်းဆိုသည့် အိပ်ဖွင့်ပေးစာတစ်စောင်ကို အိန္ဒိယပြည်ထဲရေးဝန်ကြီးထံသို့ ပေးပို့ခဲ့ကြသည် ဟုသိရသည်။

မဏိပူရ် နှင့် နာဂလဲန်းပြည်နယ်အခြေစိုက် နာဂအရပ်ဖက်အဖွဲ့အစည်းများဖြစ်ကြသော The United Naga Council (UNC)၊ Naga Women’s Union (NWU)၊ All Naga Students Association Manipur (ANSAM) နှင့် Naga People’s Movement for Human Rights (NPM-HR) စသည့်အဖွဲ့ ၄ ဖွဲ့က အိန္ဒိယပြည်ထဲရေး ဝန်ကြီး Amit Shah ထံသို့ ဇွန်လ ၁၅ ရက်နေ့က အိပ်ဖွင့်ပေးစာကိုပေးအပ်ခဲ့ကြခြင်းဖြစ်သည်ဟု မီဇိုရမ်နေ့စဉ်ထုတ် Vanglaini နှင့် အိန္ဒိယသတင်းစာများတွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံမှ တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၅၄၅၇ ဦးတို့သည့် မဏိပူရ်ပြည်နယ် Kamjong ခရိုင် Tangkhul နာဂ ကျေးရွာ ၈ ရွာတွင် နေထိုင်ကြပြီး အဆိုပါ ရွှေ့ပြောင်းနေထိုင်သူများ၏ အရေအတွက်မှာ ဒေသတွင်း နေထိုင်သူများထက် သိသိသာသာ များပြားနေပြီး လူမှုရေးနှင့် ယဉ်ကျေးမှု မညီမျှမှုများ ဖြစ်ပေါ်နေသည်ဟု ဆိုသည်။

နာဂ ကျေးရွာ ၈ ရွာတွင် နေထိုင်ကြသော မြန်မာနိုင်ငံသားများ၏ ဇီဝဗေဒဆိုင်ရာ အချက်အလက်များကို ကောက်ယူ ထားပြီးဖြစ်သော်လည်း အမြဲပြောင်းရွှေ့နေထိုင်ကြသည့်အတွက် ၎င်းတို့အခြေအနေအား စောင့်ကြည့်ရန်မှာ စိန်ခေါ်မှု ရှိနေသည်ဟု နာဂအဖွဲ့များက ဆိုသည်။

ယခုအခါ မြန်မာနိုင်ငံတွင်လည်း တည်ငြိမ်အေးချမ်းမှုရှိလာပြီဖြစ်သည့်အတွက် ၎င်းတို့အား အေးချမ်းစွာနေရပ်ပြန်နိုင်ရေးအတွက် စီစဉ်ပေးရန် အိန္ဒိယပြည်ထဲ ရေးဝန်ကြီးကိုတောင်းဆိုကြောင်း နာဂအရပ်ဖက်အဖွဲ့အစည်းများ၏ အိပ်ဖွင့်ပေးစာတွင်ဖော်ပြထားကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ နှင့် ဇွန်လဆန်းပိုင်းက အင်ဖားမြို့အကျဉ်းထောင်ထဲမှ မြန်မာနိုင်ငံသား ၇၇ ဦးကို မဏိပူရ်အစိုးရနှင့် မြန်မာသံရုံးတို့အစီစဉ်ဖြင့် တမူး-မိုးရေ နယ်စပ်ကတဆင့် နေရပ်ပြန်ပို့ခဲ့ပြီးဖြစ်သည်ဟုသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

ရခိုင်ရေဘေးအတွက် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MTC / MDF က ကျပ်သိန်း ၅၀ ထောက်ပံ့ကူညီ

မလေးရှားမှာ ချင်းလူမျိုးအပါအဝင် အထောက်အထားမဲ့နိုင်ငံခြားသားအများအပြားဖမ်းဆီးခံနေရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.