Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းညီနောင်က မတူပီမြို့သိမ်းစစ်ဆင်ရေးဆက်လက်ဖော်ဆောင်၊ စစ်ကောင်စီ၏ ကာကင်းတချို့ကို သိမ်းပိုက်ထားပြီဟုဆို

ချင်းညီနောင်က မတူပီမြို့သိမ်းစစ်ဆင်ရေးဆက်လက်ဖော်ဆောင်၊ စစ်ကောင်စီ၏ ကာကင်းတချို့ကို သိမ်းပိုက်ထားပြီဟုဆို

0
By Editor on June 25, 2024 Headline

(006SV)

ချင်းညီနောင်အနေဖြင့် နဂိုမူလ စစ်ဆင်ရေးရည်မှန်းချက်အတိုင်း မတူပီမြို့သိမ်းတိုက်ပွဲကို ဆက်လက်ဆင်နွှဲလျှက်ရှိပြီး မတူပီမြို့ပေါ်က စစ်ကောင်စီ၏ ကာကင်းတချို့ကို သိမ်းပိုက်ထားပြီဟု ချင်းညီနောင်အဖွဲ့က ယနေ့ ဇွန်လ ၂၅ ရက်မှာ သတင်းထုတ်ပြန်သည်။

မတူပီမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင် စစ်ဆင်ရေးအဖြစ် ဖော်ဆောင်နေစဉ် ချင်းညီနောင်ပူးပေါင်း တပ်ဖွဲ့များနှင့် ချင်းလဲန်းကောင်စီလက်အောက်ခံတပ်တွေအကြား ထိတွေ့တိုက်ပွဲများ တစ်ပတ်ကြာ အပြင်းအထန်ဖြစ်ပွားမှုကြောင့် စစ်ဆင်ရေး နှောင့်နှေးမှုများ ကြုံတွေ့ခဲ့ရသော်လည်း ဇွန်လ ၂၄ ရက် ညနေပိုင်းတွင် CNF/ CNA ဦးဆောင်သော ချင်းပူးပေါင်းတပ်ဖွဲ့များကို မောင်းထုတ်နိုင်ခဲ့ပြီဟု ချင်းညီနောင်က ထုတ်ပြန်သည်။

ယခုအခါ နဂိုမူလ စစ်ရေးရည်မှန်းချက်အတိုင်း မြို့သိမ်းစစ်ဆင်ရေးဆက်လက်ဆင်နွှဲနေပြီး ခလရ – ၁၄၀ တပ်ရင်းနှင့် မတူပီ ဗျူဟာကုန်းများရှိ ကာကင်းတချို့ကို တိုက်ခိုက်သိမ်းပိုက်ထား ပြီးဖြစ်ကာ မတူပီမြို့နယ်တစ်ခုလုံး စစ်ကောင်စီ ကင်းစင်နယ် မြေဖြစ်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းသွားမည်ဟု ချင်းညီနောင်ကဆိုသည်။

မတူပီမြို့သိမ်းတိုက်ပွဲကို CDF – မတူပီ တပ်မဟာ – ၁ အပါအဝင် ချင်းညီနောင်တပ်ဖွဲ့များနှင့်အတူ မကွေးအခြေစိုက် Yaw Army (YA) နှင့် အာရက္ခတပ်တော် (ULA/AA) က ပူးပေါင်းတိုက်ခိုက်နေကြကြောင်း သိရသည်။

ဇွန်လ ၉ ရက်နေ့က စတင်သော ချင်းညီနောင်စစ်ဆင်ရေးတွင် မတူပီမြို့ပေါ်ကို ဇွန်လ ၁၁ ရက်တွင် သိမ်းနိုင်ခဲ့ပြီး ဇွန်လ ၁၇ ရက်တွင် ခမရ ၃၀၄ တပ်ရင်းကို အပြီးသတ် သိမ်းနိုင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ ခလရ – ၁၄၀ တပ်ရင်းနှင့် ဗျူဟာကုန်းကို ဆက်လက်သိမ်းပိုက်ရန် စစ်ဆင်ရေးဖော်ဆောင်နေကြသည့်အချိန်တွင် ချင်းညီနောင်နှင့် ချင်းလဲန်းကောင်စီတပ်ဖွဲ့ များအကြား ဇွန်လ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့အထိ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ချင်းတော် လှန်ရေးတပ်ဖွဲ့ဝင် ၅ ဦး ဝန်းကျင် သေဆုံးခဲ့ကြောင်း သိရသည်။

ချင်းအချင်းချင်းကြား တိုက်ပွဲများကြောင့် မတူပီမြို့သိမ်း စစ်ဆင်ရေးမှာ နှောင့်နှေးမှုများ ကြုံတွေ့ခဲ့ရကြောင်း ချင်းညီနောင်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မတူပီမြို့သိမ်းစစ်ဆင်ရေးတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ အပြင်းအထန် ပြုလုပ်နေသောကြောင့် ပြည်သူများ အထူးသတိပြုကြပါရန် ချင်းညီနောင်အဖွဲ့က အသိပေးနှိုးဆော်ထားသည်။

ချင်းအချင်းချင်းကြား တိုက်ပွဲများတွင် CNF/ CNA ဦးဆောင်သော ချင်းပူးပေါင်းတပ်ဖွဲ့များက ၎င်းတို့ စခန်းချတပ်စွဲသော ငလိုင်နှင့် ဖနိုင်အကြား တောင်ကြောအနီးတဝိုက်တွင် မြေမြုပ်မိုင်း အများအပြား မြုပ်နှံထားကြောင်း ချင်းညီနောင်၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ယင်းမြေမြှုပ်မိုင်းများကို အသေးစိပ် ရှင်းလင်းရေး မပြုလုပ်နိုင်သေးမီကာလအတွင်း မတူပီမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် အဆိုပါနေရာဒေသများကို ဖြတ်သန်းသွားလာခြင်းများ မပြုလုပ်ကြရန် ချင်းညီနောင်က သတိပေးထုတ်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.