Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မိုးတွင်းကာလ ဖလမ်း-ရိ ကားလမ်း ကုန်တင်ကားကြီးများ ဖြတ်သန်းခွင့်ပိတ်

မိုးတွင်းကာလ ဖလမ်း-ရိ ကားလမ်း ကုန်တင်ကားကြီးများ ဖြတ်သန်းခွင့်ပိတ်

0
By Editor on July 2, 2024 Headline

(004SS)

ချင်းပြည်နယ် မြောက်ပိုင်း အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းတည်ရှိရာ ရိခေါဒါရ်မြို့ကိုဆက်သွယ်သော ဖလမ်း-ရိ ကားလမ်းအား မိုးတွင်းကာလအတွင်း ကုန်တင်ကားကြီးများ ဖြတ်သန်းခွင့် ပိတ်ပင်ထားသည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် CNO က ထုတ်ပြန်သည်။

“မိုးတွင်းကာလ လမ်းကြောင်းပျက်စီးမှုအခြေအနေကြောင့် ကုန်တင်ကားကြီး (၁၂ ဘီး၊ ၁၀ ဘီးနဲ့ ဘော်ဒီရှည် ၆ ဘီး) ကားတွေကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ကစလို့ ဖြတ်သန်းသွားလာခွင့် မပြုတော့ဘူး” ဟု ချင်းအမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

ထို့အပြင် ဟွားလ်ငိုးရမ်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ဟွားလ်ငိုးရမ်းဒေသအတွင်းရှိ ခရီးသွားမိဘပြည်သူများအတွက် အရေးကြီးသော ကားလမ်းမကြီးများအား မိုးရာသီအတွင်း ပျက်ဆီးခြင်းမှ ကာကွယ်နိုင်ရန်ဟုဆိုကာ ဇူလိုင်လ ၁ ရက်နေ့မှစ၍ ၁၀ ဘီးနှင့်အထက်ယာဉ်များ ဖြတ်သန်းသွားလာခြင်းမပြုကြောင်း ဇွန်လ ၂၄ ရက်နေ့က ထုတ်ပြန်ထားသည်။

ချင်းပြည်နယ်တွင် တီးတိန်-ရိ ကားလမ်းနှင့် ဖလမ်း- ရိ ကားလမ်းများသည် အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် အဓိက အသုံးပြုနေသော ကုန်သွယ်ရေးလမ်းကြောင်းများဖြစ်သည်။

မိုးရာသီကာလတွင် ချင်းပြည်နယ်အတွင်းရှိ ကားလမ်းများသည် မြေပြိုမှု၊ ပျက်ဆီးမှုများ နှစ်စဉ်ကြုံတွေ့ရသည်။

Photo credit

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.