Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းတော်လှန်ရေးမှာ ပါဝင်စွက်ဖက်ခြင်းမှ ချက်ချင်းရပ်တန့်ရန် AA ကိုတောင်းဆို

ချင်းတော်လှန်ရေးမှာ ပါဝင်စွက်ဖက်ခြင်းမှ ချက်ချင်းရပ်တန့်ရန် AA ကိုတောင်းဆို

0
By Editor on July 17, 2024 Headline

(006SV)

အာရက္ခတပ်တော် (ULA/AA) က ချင်းတော်လှန်ရေးမှာ ပါဝင်စွပ်ဖက်နေမှုကြောင့် ချင်းလူမျိုးများ စည်းလုံးညီညွတ်မှုရရှိရေး အဟန့်အတားဖြစ်စေပြီး ချင်းတော်လှန်ရေးတွင် ပါဝင်ခြင်းမှ ချက်ချင်းရပ်တန့်ရန် အမေရိကန်အခြေစိုက် ချင်းနှစ်ခြင်းခရစ်ယာန်အသင်းချုပ် CBCUSA ငြိမ်းချမ်းရေးနှင့်တရားမျှတမှုကော်မတီက တောင်းဆိုလိုက်သည်။

ချင်းတော်လှန်ရေးမှာ ULA/AA ပါဝင်စွပ်ဖက်ခြင်းသည် ချင်းပြည်လူထုများ၏ အသက်အိုးအိမ်စည်းစိမ်အတွက် အထူးစိုးရိမ်ပူပန်နေပြီး ချင်းပြည်နှင့် ချင်းလူမျိုးများ၏ စည်းလုံးညီညွတ်မှုရရှိရေးအတွက်လည်း ကြီးမားသော အဟန့်အတားဖြစ်လာစေသည်ဟု ယင်းကော်မတီက ဇူလိုင်လ ၁၅ ရက်မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ချင်းတော်လှန်ရေးမှာ အာရက္ခတပ်တော်ပါဝင်မှုကို ရှုတ်ချပြီး ချက်ချင်းရန်တန့်ရန် ချင်းနှစ်ခြင်းခရစ်ယာန်အသင်းချုပ် CBCUSA ငြိမ်းချမ်းရေးနှင့် တရားမျှတမှုကော်မတီက တောင်းဆိုထားသည်။

အာရက္ခတပ်တော် ULA/AA သည် ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို သိမ်းပိုက်ပြီးနောက် အုပ်ချုပ်ရေးလုပ်ငန်းများလည်း အကောင်အထည်ဖော်ဆောင်နေပြီး၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့သိမ်းစစ်ဆင်ရေး၊ မတူပီမြို့သိမ်း စစ်ဆင်ရေးများတွင် ချင်းညီနောင်တပ်ဖွဲ့နှင့်အတူ တိုက်ပွဲဖော်ဆောင်ခဲ့သည်။

ယခုလက်ရှိမှာလည်း အာရက္ခတပ်တော်တပ်ဖွဲ့သည် ပလက်ဝမြို့နယ်သာမက ချင်းပြည်နယ် မတူပီမြို့နယ်မှာလည်း အခြေချ တပ်စွဲမှုရှိလာနေပြီး ချင်းလဲန်းကောင်စီပူးပေါင်းတပ်ဖွဲ့များနှင့်လည်း စစ်ရေးအခြေအနေလည်းတင်းမာနေကြောင်း သိရသည်။

အွန်လိုင်းမီဒီယာများတွင် ချင်းညီအစ်ကို မောင်နှမများကြား မုန်းတီးရေးဝါဒ တိုးချဲ့ပြန့်ကား ကြီးမားလာစေရန် လှုံဆော်မှု ပြုလုပ်နေသူများကို ပြင်းထန်စွာ ရှုပ်ချပါကြောင်း၊ ငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်နိုင်မည့် ဆွေးနွေးမှုများကိုသာ ဦးစားပေးပြောဆိုကြရန် ချင်းပြည်သူများကို နှိုးဆော်တိုက်တွန်းထားသည်။

ချင်းတော်လှန်ရေးအဖွဲ့အချင်းချင်းကြား ပြန်လည်သင့်မြတ်ရေးကို အမြန်ဆုံး ဖော်ဆောင်ကြရန်နှင့် ချင်းတော်လှန်ရေးတပ်များ တစ်စုတစ်စည်း ပူးပေါင်း၍ အာဏာရှင်ကို ချင်းမြေမှ အပြီးတိုက်ထုတ်၍ သမိုင်းသစ် ရေးထိုးကြရန် ကော်မတီက တိုက်တွန်းထားသည်။

ချင်းအမျိုးသား ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး ရရှိရေးအတွက် အဘက်ဘက်မှ အစွမ်းကုန် ကြိုးစားရပ်တည်သွားမည်ဟု ငြိမ်းချမ်းရေးနှင့် တရားမျှတရေးကော်မတီက ကြေညာသည်။

ချင်းတော်လှန်ရေးတွင် ချင်းညီအကိုများကြား အမြင်မတူညီမှုနှင့် သဘောထားကွဲလွှဲမှုတချို့သည် ချင်းပြည်နှင့် ချင်းအမျိုးသား တည်ဆောက်ရေးကို နှောင့်နှေးကြန့်ကြာစေပြီး နွေဦးတော်လှန်ရေး၏ အဓိက ရည်မှန်းချက်ပန်းတိုင်ကိုလည်း အဟန့်အတားဖြစ်စေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချင်းနှစ်ခြင်း ခရစ်ယာန်အသင်းချုပ် USA သည် အမေရိကန်နိုင်ငံရှိ ပြည်နယ် ၂၅ ခုတွင် အသင်းတော်ပေါင်း ၁၂၀ ကျော်ဖြင့် စုပေါင်းဖွဲ့စည်းထားပြီး အသင်းဝင်ပေါင်း ၃၀၀၀၀ ကျော်ရှိသည့် ချင်းအဖွဲ့အစည်းဖြစ်သည်။

နိုင်ငံရေးနှင့် လူမျိုးရေးဆိုင်ရာ ကဏ္ဍအသီးသီးကို တာဝန်ယူဆောင်ရွက်ရန် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ငြိမ်းချမ်းရေးနှင့် တရားမျှတမှုကော်မတီကို ချင်းနှစ်ခြင်းခရစ်ယာန်အသင်းချုပ်မှ ဖွဲ့စည်းထားခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.