Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»CNF/ CNA နှင့် ချင်းပူးပေါင်းတပ်ဖွဲ့က ဖမ်းထားသည့် ဆေးခွင့်ယူထားသောတပ်ဖွဲ့ဝင် ၄ ဦးကို ပြန်လွှတ်ပေးရန် CDF- မတူပီ၊ တပ်မဟာ ၁ တောင်းဆို

CNF/ CNA နှင့် ချင်းပူးပေါင်းတပ်ဖွဲ့က ဖမ်းထားသည့် ဆေးခွင့်ယူထားသောတပ်ဖွဲ့ဝင် ၄ ဦးကို ပြန်လွှတ်ပေးရန် CDF- မတူပီ၊ တပ်မဟာ ၁ တောင်းဆို

0
By Editor on July 17, 2024 Headline

(006SV)

ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် CNF/ CNA ဦးဆောင်သည့် ချင်းပူးပေါင်းတပ်ဖွဲ့က CDF- မတူပီ၊ တပ်မဟာ ၁ မှ တပ်ဖွဲ့ဝင် ၄ ဦးဖမ်းဆီးသွားပြီး အမြန်ဆုံးပြန်လွှတ်ပေးရန် CDF- မတူပီ၊ တပ်မဟာ ၁ ကတောင်းဆိုသည်။

ဇူလိုင် ၇ ရက်က စစ်ကောင်စီတိုက်ပွဲအတွင်း ဒဏ်ရာရ ရဲဘော်အပါအဝင် ဆေးခွင့်ယူထားသော တပ်မဟာ – ၁ တပ်ဖွဲ့ဝင် ၄ ဦးတို့ မိဘအိမ်သို့ အလည်အပတ် သွားစဉ် ချင်းအမျိုးသားတပ်ဦး CNF/ CNA ဦးဆောင်သည့် ချင်းပူးပေါင်း တပ်ဖွဲ့က အကြောင်းမဲ့ ဖမ်ဆီးခေါ်ဆောင်သွားကြောင်း CDF- မတူပီ၊ တပ်မဟာ – ၁ က ယနေ့ ဇူလိုင် ၁၇ ရက်က သတင်းထုတ်ပြန်သည်။

“အဲဒီဟာက ၃၀၄/၁၄၀ ဗျူဟာတွေပစ်တုန်းမှာ တစ်ယောက်ကတော့ ပွိုင့် ၅ ကျည်ထိလို့ပေါ့လေ ဦးခေါင်းမှာ ဒဏ်ရာရတာ ပေါ့လေ၊ ကျန်တဲ့သူတွေလည်း ခြေထောက်တွေမှာဒဏ်ရာရပြီး အလုပ်မလုပ်နိုင်သေးလို့နားရင်းနဲ့ပဲ မိဘအိမ်ကိုခဏလည် မယ်ဆိုပြီးသွားတဲ့အချိန်မှာ ဝတ်စုံတွေလည်း အကုန်အပ်တယ် လက်နက်လည်းအကုန်အပ်တယ် သူတို့အနားယူဖို့သွားတဲ့ချိန်မှာ လမ်းမှာဖမ်းဆီးခံရတာပေါ့ ကျနော်တို့သိသလောက်တော့ ဌာနချုပ်ဘက်ထိ ခေါ်သွားတယ် လို့ကြားပါတယ် ခုချိန်ထိမလွတ် လာသေးပါဘူး” ဟု CDF- မတူပီ၊ တပ်မဟာ – ၁ ပြောရေးဆိုခွင့်ရှိသူဆလိုင်းဘွေအုပ် ကပြောသည်။

CNF/ CNA ဦးဆောင်သည့် ချင်းပူးပေါင်း တပ်ဖွဲ့က ယခုကဲ့သို့ ဆေးခွင့်ယူထားသော လက်နက်မဲ့ရဲဘော်များအား ဖမ်းဆီးမှုကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန် CDF- မတူပီ၊ တပ်မဟာ – ၁ က ယနေ့မှာ တောင်းဆိုထားသည်။

မတူပီမြို့နယ်တွင် CNF/ CNA ဦးဆောင်သည့် ချင်းပူးပေါင်း တပ်ဖွဲ့က အာရက္ခတပ်တော် ULA/ AA တပ်ဖွဲ့ဝင်တချို့ကို ထိန်းသိမ်းထားမှု ရှိပြီး ယင်းတို့ထဲတွင် CDF – မတူပီ၊ တပ်မဟာ – ၁ တပ်ဖွဲ့ဝင် ၄ ဦး ပါဝင်နေခြင်း ရှိ၊ မရှိကို အသေးစိတ် မသိရသေးကြောင်း၊ လတ်တလောတွင် မတူပီဘက်မှ တပ်ဖွဲ့ကို ချိတ်၍ မရဖြစ်နေကြောင်း CNF/ CNA ပြောရေးဆိုခွင့် ရှိသူ ဆလိုင်းထက်နီက ပြောသည်။

“တပ်မဟာ – ၁ တပ်ဖွဲ့ဝင် ၄ ယောက်ဖမ်းတယ် ဆိုတာလည်း AA ကို ထိန်းသိမ်းတာတော့ ရှိတယ်။ အဲဒီမှာ ပါသလားတော့ မသိဘူး။ မတူပီဖက် ချိတ်မရဘူး”ဟု ဆလိုင်းထက်နီက ပြောသည်။

ဇွန်လ ၂၄ ရက်မှစတင်၍ ယနေ့အထိ စစ်ဘေးရှောင် စခန်းတချို့၏ လိုအပ်သော စားနပ်ရိက္ခသယ်ယူရေး၊ စစ်ဘေးရှောင် ပြောင်းရွှေ့ရေးတို့ကိုလည်း CNF/ CNA ဦးဆောင်သည့် ချင်းပူးပေါင်း တပ်ဖွဲ့က ကန့်သတ် ပိတ်ပင်နေကြောင်း CDF – မတူပီ၊ တပ်မဟာ – ၁ က ထုတ်ပြန်သည်။

ဇူလိုင်လ ၁၂ ရက်က မတူပီ အရပ်ဖက် ကျန်းမာရေး ဝန်ထမ်း ၂ ဦးကို အရပ်သား လူနာ ပို့ဆောင်စဉ် CNF/ CNA ဦးဆောင်သည့် ချင်းပူးပေါင်း တပ်ဖွဲ့က တပ်မဟာ ၁ တပ်ဖွဲ့ဝင်များနှင့် ဆွေးမျိုးတော်စပ်သည်ဟူ၍ လူမျိုးရေး ခွဲခြားမှုဖြင့် ခြိမ်းခြောက်ခြင်း၊ ၂ ရက် ထိန်းသိမ်းခြင်းတို့ ပြုလုပ်ခဲ့ကြောင်း တပ်မဟာ- ၁ က ဆိုသည်။

ဆေးဝန်ထမ်းများ၊ အရပ်သားပြည်သူများနှင့် လက်နက်မဲ့ ဆေးခွင့်ယူထားသော တပ်ဖွဲ့ဝင်များကို CNF/ CNA ဦးဆောင်သည့် ချင်းပူးပေါင်း တပ်ဖွဲ့က တားဆီးခြင်း၊ ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်မေးမြန်းခြင်းများ ဆက်လက် လုပ်ဆောင်ခြင်း မပြုလုပ်ရန် CDF- မတူပီ ၊ တပ်မဟာ ၁ က တောင်းဆိုထားသည်။

ချင်းညီနောင် စစ်ဆင်ရေးအဖြစ် ချင်းညီနောင်နှင့် ULA/AA အပါအဝင် မဟာမိတ်များက မတူပီမြို့ကို ဇွန်လက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ထားပြီး မတူပီမြို့ ကောင်းမွန်စွာ ပြန်လည် လည်ပတ်နိုင်ရေးကို အရပ်ဖက် အုပ်ချုပ်ရေးအဖွဲ့နှင့်အတူ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.