Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်မြို့အနောက်ခြမ်းက ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်၊ ပြည်သူ ၁ ဦး သေဆုံး
ပုံစာ - ယခင်ပုံဟောင်း

မင်းတပ်မြို့အနောက်ခြမ်းက ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်၊ ပြည်သူ ၁ ဦး သေဆုံး

0
By Editor on July 18, 2024 Headline

(006SV)

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ် ၁၂ ထဲက ကျေးရွာ တစ်ရွာကို ယမန်နေ့ ညသန်းခေါင်အချိန်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်၍ ဒေသခံပြည်သူ ၁ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း CDF- မင်းတပ်က သတင်းထုတ်ပြန်သည်။

ဇူလိုင်လ ၁၈ရက် ည ၁၂ နာရီဝန်းကျင်ခန့်တွင် မင်းတပ်မြို့၊ အနောက်ဘက်ခြမ်းရှိ တိုက်နယ် ၁၂ ထဲက ကျေးရွာ ၁ ရွာကို စစ်ကောင်စီက MIG – 29 ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း CDF- မင်းတပ်နှင့် ဒေသခံများထံမှ သိရသည်။

“တိုက်နယ် ၁၂ တနေရာကို လေကြောင်းကနေ တိုက်ခိုက်သွားတာပါ။ ဘုန်းကြီးကျောင်းတစ်ကျောင်း ထိခိုက်ပျက်ဆီးသွားပြီးတော့ ပြည်သူတစ်ဦး သေဆုံးသွားတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေရှိတယ်လို့ ကြားတယ်” ဟု မင်းတပ်မြို့ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း ၁ ကျောင်းအပါအဝင် နေအိမ်တချို့ ပျက်စီးသွားကြောင်း သိရသည်။

ဇူလိုင်လလယ်ပိုင်းကလည်း တိုက်နယ် ၁၂ ထဲက ၎င်းကျေးရွာကိုပင် လက်နက်ကြီးများဖြင့် ပစ်ခတ်နေသောကြောင့် နေအိမ်တချို့ ပျက်စီးမှုများရှိခဲ့ကြောင်း မင်းတပ်မြို့ ဒေသခံထံမှ သိရသည်။

ယမန်နေ့ ညနေ ၆ နာရီမှ ၈ နာရီအထိလည်း မင်းတပ်အနောက်ခြမ်းရှိ တိုက်နယ် ၂၊ တိုက်နယ် ၃ နှင့် မကွေးတိုင်း၊ ယောဒေသဘက်ကို စစ်ကောင်စီတပ်က ၁၂၀ မမ လက်နက်ကြီးအပြင် အတွဲလိုက်ပစ် လက်နက်ကြီးဖြင့် အချက် ၄၀ ကျော် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.