Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဟားခါး မြို့မရဲစခန်း ဝင်စီးခံရပြီး လွတ်မြောက်လာသူထဲတွင် ထောင်ဒဏ်တစ်သက် ချမှတ်ခံရသူနှင့် CDF တပ်ဖွဲ့ဝင်များပါဝင်

ဟားခါး မြို့မရဲစခန်း ဝင်စီးခံရပြီး လွတ်မြောက်လာသူထဲတွင် ထောင်ဒဏ်တစ်သက် ချမှတ်ခံရသူနှင့် CDF တပ်ဖွဲ့ဝင်များပါဝင်

0
By Editor on July 22, 2024 Headline

(002MG)

ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Hakha က ချင်းပြည်နယ် ဟားခါး မြို့မရဲစခန်းကို ဝင်စီးပြီး ကယ်ထုတ်သွားသည့် အကျဉ်းသား ၆၀ ကျော်ထဲတွင် စစ်ခုံရုံးက ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်ခဲ့သော အမျိုးသမီးတစ်ဦးနှင့် CDF တပ်ဖွဲ့ဝင် (၁၃) ဦး ပါဝင်သည်ဟု သိရသည်။

ဟားခါးမြို့ ဝမ္မသူးမောင်းအားကစားကွင်းအထက်နားရှိ နိုင်ငံရေးနှင့်ပတ်သက်ဆက်နွယ်သော ပုဒ်မများဖြင့် ဖမ်းဆီးချုပ်နှောင်ခံရသူများထားရှိသည့် မြို့မရဲစခန်းကို ဇူလိုင်လ ၂၀ ရက် မနက် ၅ နာရီခန့်တွင် CDF-Hakha တပ်ဖွဲ့က ဝင်ရောက်စီးနင်းကာ အကျဉ်းသား ၆၂ ဦး (အမျိုးသမီး ၁၃ ဦးနှင့် အမျိုးသား ၄၉ ဦး) ကို ကယ်ထုတ်ခဲ့ကြသည်။

CDF-Hakha တပ်ဖွဲ့မှ ကယ်ထုတ်သွားသော အကျဉ်းသားအများစုမှာ နိုင်ငံရေးနှင့် ပတ်သက်ဆက်နွယ်သောပုဒ်မဖြင့် ဖမ်းဆီးခံရသော နိုင်ငံရေးအကျဉ်းသားများဖြစ်ကြပြီး ထိုအထဲမှာ စစ်ခုံရုံးက ထောင်ဒဏ်တသက်ချမှတ်ခဲ့သော ချင်းအမျိုးသမီး မဗျက်မွှေဆုန်နှင့် CDF တပ်ဖွဲ့ဝင် ၁၃ ဦးပါဝင်သည်ဟု CDF-Hakha ဥက္ကဌက ပြောသည်။

“မြို့သိမ်းစစ်ဆင်ရေး အကြိမ်ပေါင်း (၁၀၀) ကျော်လုပ်ခဲ့ပြီးပြီ စစ်ကောင်စီအင်အားနည်းအောင် ဆောင်ရွက်မယ်၊ ပြီးရင် အင်အားနည်းလာရင် ဟားခါးသိမ်းမယ်၊ နောက်ဆုံးက ဟားခါးမြို့သိမ်းစစ်ဆင်ရေးလုပ်ဖို့ အကောင်ထည်ဖော်နေတုန်းပေါ့ အဲ့ထဲက မြို့မရဲစခန်းသိမ်းပိုက်ရေးက တခုပါ။ အခု အကျဉ်းသားတွေအားလုံး ထွက်လာနိုင်ခဲ့တယ်၊ အခုတော့ သူတို့အားလုံး လုံခြုံတဲ့နေရာအကုန်ရောက်ပြီ၊ သူတို့ သွားချင်တဲ့နေရာကိုပေါ့” ဟု CDF-Hakha ဥက္ကဌက ပြောသည်။

မဗျက်မွှေဆုန်သည် CDF တပ်ဖွဲများအား ငွေကြေးထောက်ပံ့သည်ဟုဆိုကာ စစ်ကောင်စီက ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ၅၀ (ည) ဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

အခြားလွတ်မြောက်လာသူများတွင် CDF-Hakha တပ်ဖွဲ့ဝင် (၈) ဦး၊ CDF-Senthang တပ်ဖွဲ့ဝင် (၅) ဦး၊ နိုင်ငံရေးအမှုနှင့် ပတ်သက်ဆက်နွယ်သူ နိုင်ငံရေးအကျဉ်းသား (၃၀) ဦးနှင့် အခြားပြစ်မှုကြောင့် အကျဉ်းကျနေသူ ၁၅ ယောက်ကျော် ပါဝင်သည်ဟု CDF-Hakha ဥက္ကဌက ပြောသည်။

ရုန်းတောင်စစ်ဆင်ရေး (Operation Rung) အမည်ဖြင့် ဖော်ဆောင်သော ဟားခါးမြို့မရဲစခန်း ဝင်ရောက်စီးနင်းမှုတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား (၃) ဦးသေဆုံးခဲ့သည့်အပြင် လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိသည်ဟု CDF-Hakha က ဆိုသည်။

မြို့မရဲစခန်း ဝင်ရောက်စီးနင်းခံရပြီးနောက် စစ်ကောင်စီတပ်လက်အောက်ခံတပ်ဖွဲ့များ ရုန်းတောင် (ဗျူဟာကုန်း) ဖက်သို့ ပြောင်းရွေ့နေထိုင်ကြပြီး ယခင်ကထက် လုံခြုံရေးများလည်း တင်းကြပ်လာနေသည်ဟု သိရသည်။

ဟားခါးမြို့သိမ်းပိုက်နိုင်ရေး ရုန်းတောင်စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ် နိုင်ဝင်ဘာလက စတင်ဖော်ဆောင်ခဲ့ကြပြီး ရုန်းတောင်စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့်နှင့် စစ်အုပ်စုယန္တရားကို ထောက်ပံ့နေသူ ၁၀ ဦးတို့ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီးဖြစ်ကြောင်း CDF-Hakha ထံမှ သိရသည်။

CDF-Hakha တပ်ဖွဲ့အနေဖြင့် ဟားခါးမြို့နယ်၏ ၇၀ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ပြီဖြစ်ကာ ကျန်ရှိနေသေးသော ၃၀ ရာခိုင်နှုန်းအား အပြီးသတ်ထိန်းချုပ်နိုင်ရေးအတွက် ရုန်းတောင်စစ်ဆင်ရေးကို ဆက်လက်ဖော်ဆောင်လျှက်ရှိကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.