Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဖလမ်းမြို့ပေါ်ရှိ ဒေသခံပြည်သူ ထက်ဝက်ကျော် နေရပ်စွန့်ခွာစစ်ဘေးတိမ်းရှောင်

ဖလမ်းမြို့ပေါ်ရှိ ဒေသခံပြည်သူ ထက်ဝက်ကျော် နေရပ်စွန့်ခွာစစ်ဘေးတိမ်းရှောင်

0
By Editor on July 29, 2024 Headline

(004SS)

ချင်းပြည်နယ် မြောက်ပိုင်း၊ ဖလမ်းမြို့တွင် မြို့သိမ်းတိုက်ပွဲဖြစ်ပွားမည်ဟုသတင်းထွက်ပေါ်လာပြီးနောက် မြို့ပေါ်ဒေသခံ ထက်ဝက်ကျော်သည် နေရပ်စွန့်ခွာထွက်ပြေးနေကြကြောင်း ဒေသခံများထံမှ သိရသည်။

ဖလမ်းမြို့တွင် အခြေစိုက်တပ်စွဲထားသော စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ၂၆၈ ကို ချင်းကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်တော့မည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီးနောက် မြို့ခံပြည်သူများအကြား စိုးရိမ်ပူပန်မှုမြင့်တက်လာသောကြောင့် မြို့ကိုစွန်ခွါထွက်ပြေးသူ တရက်ပြီးတရက်ပိုများလာပြီး ယခုအခါ မြို့ပေါ်လူဦးရေ၏ ၆၀ ရာခိုင်နှုန်းခန့်မှာ စစ်ဘေးတိမ်းရှောင်ကြပြီဟု သိရသည်။

“စစ်ဘေးရှောင်တာက အခု တော်တော်များများ ၆၀ ရာခိုင်နုန်းလောက်ကတော့ ပစ္စည်းဥစ္စာ‌တွေ အကုန်လုံး သယ်သွားကြပြီ။ တချို့က ရွာဘက်မှာပဲ တချို့က ကလေးမြို့ဘက်မှာပဲ၊ တချို့ဆိုင်ကြီးတွေဆိုလို့ရှိရင် သူတို့ ပစ္စည်းတွေကို ကလေးမြို့ဘက် ပို့ကြပြီ။ ဒီတပါတ်ဆိုရင်တော့ အားလုံး နီးပါတော့ ပြေးကုန်မှာ သေချာလောက်ပြီ။ ခန့်မှန်းချက်အရပေါ့နော်” ဟု ဖလမ်းမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ဖလမ်းမြို့ဒေသခံများသည် နေ့စဉ်နှင့်အမျှ ‌ဘေးကင်းလုံခြုံရာသို့ ကား၊ ဆိုင်ကယ်များဖြင့် ထွက်ပြေးနေကြရာ လက်ရှိ ဖလမ်းမြို့ပေါ်တွင် ဒေသခံ အနည်းစုသာ ကျန်ရှိနေပြီး ဈေးဆိုင်အများစုမှာလည်း ဖွင့်လှစ်ထားခြင်းမရှိတော့ကြောင်း သိရသည်။

“မြို့ပေါ်မှာ အနည်းစုလောက်ပဲ၊ အခုက ဖုန်းဆိုင်တို့၊ အီလက်ထရောနစ်ဆိုင်တို့ ဆိုင်ကြီးတွေ ဆိုလို့ရှိရင်လဲ ဝယ်ဖို့တောင် မရှိတော့ဘူးဖြစ်နေတယ်။ ထမင်းဆိုင်တွေတောင်မှ သူတို့ကလေးမြို့ကို ဆင်းနေကြပြီ။ အရေးကြီးတဲ့ပစ္စည်းတွေဆိုရင်တော့ သူတို့သယ်ကုန်ကြပြီ။ မြို့ပေါ်မှာ တော့ အနည်းစုပဲကျန်နေသေးတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် သောကြာနေ့က အခြခံကျောင်းများတွင် ကျောင်းတွင်းစစ် စာမေးပွဲဖြေဆိုခြင်း ပြီးဆုံးသွားပြီဖြစ်သောကြောင့် ကျောင်းသူ၊ ကျောင်းသားများသည် ရွာဘက်သို့ ပြန်ကုန်ကြပြီဖြစ်သလို အချို့မှာ ကျောင်းဆက်လက်သင်ကြားနိုင်သော ဒေသများသို့ ပြောင်းရွှေ့နေကြပြီဟုလည်း သိရသည်။

ဖလမ်းမြို့ဒေသခံများမှာ မြို့နယ်အတွင်းရှိ ကျေးရွာများ၊ နီးစပ်ရာမြို့များ၊ ပြည်မဘက်နှင့် အိန္ဒိယနယ်စပ်ဘက်သို့ အသီးသီး စစ်ဘေးရှောင်ကြရာ ‌ဒေသအလိုက် ကားစင်းလုံးငှားရမ်းခမှာလည်း ၁၈ သိန်းမှ သိန်း ၄၀ အကြားပေး‌နေရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ဖလမ်းမြို့ ဒေသခံများအလုံးအရင်းဖြင့် စစ်ဘေးရှောင်နေကြသည့်အပေါ် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNO/CNDF မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ယခုလိုပြောဆိုသည်။

“ကျွန်တော်တို့ ချင်းညီနောင်အနေနဲ့ ဖလမ်းတစ်ခုထဲရယ်လို့မဟုတ်ပါဘူး၊ အဓိကကျွန်တော်တို့ Target က စကစပဲ ဖြစ်တယ်၊ သူတို့ရှိတဲ့ဘယ်နေရာတွေမှာ စကစ ကင်းစင်အောင် လုပ်တော့မှာ ဖြစ်တယ်၊ ပြင်ဆင်မှု‌တွေ လုပ်ထားတာ ရှိပါတယ်၊ ဆက်သွားဖို့ပဲရှိပါတယ်။ တကယ်လို့ တစ်ခုခုဖြစ်လာလို့ရှိရင်လဲ ပြည်သူ‌တွေထိခိုက်စေမဲ့ဟာတော့ ကျွန်တော်တို့ မလုပ်ပါဘူး။ အဓိကတော့ ပြည်သူတွေ လုံခြုံဖို့ အရေးကြီးတယ်၊ ကျွန်တော်တို့ လိုချင်တာပေါ့လေ။ ဒါပေမဲ့ တအားကြီးလဲ စိုးရိမ်ဖို့မလိုသလို ပြင်ဆင်မှုတော့ လုပ်ထားဖို့လိုတာပေါ့နော်။ ဆိုတော့ ပြည်သူတွေကလဲ အားတင်းကြဖို့ စစ်ဒါဏ်ခံနိုင်ကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ဆလိုင်းတင်မီက ပြောသည်။

ယခု ၂၀၂၄ ခုနှစ်သည် ချင်းပြည်နယ်အတွင်း စစ်ကောင်စီကင်းစင်ရေး ရည်မှန်းချက်ဖြင့် ချင်းညီနောင်အဖွဲ့က စစ်ဆင်ရေးဖော်ဆောင်နေပြီး ဇွန်လ ၂၉ ရက်နေ့တုန်းကလည်း ချင်းပြည်တောင်ပိုင်း မတူပီမြို့ကို သိမ်းပိုက်ခဲ့ပြီးဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပလက်ဝကို ရခိုင်၏ ခရိုင်တစ်ခုအဖြစ် သတ်မှတ်လိုက်ခြင်းကို လက်မခံကြောင်း CC ဒုဥက္ကဌပြော

ပလက်ဝကို ရခိုင်၏ ခရိုင်အဖြစ် AA က ထည့်သွင်းအုပ်ချုပ်မှုသည် ချင်းအပေါ် ကိုလိုနီပြုသည့် လုပ်ရပ်ဟု ချင်းအရပ်ဖက်အဖွဲ့များ ကြေညာ

နယူးဒေလီရောက် မြန်မာစစ်ဘေးရှောင်များအား RSD အင်တာဗျူး စတင်ခေါ်ယူ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.