Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကန်ပက်လက်မြို့နယ်က Non-CDM ဝန်ထမ်း ၉၀ နီးပါး အလင်းဝင်

ကန်ပက်လက်မြို့နယ်က Non-CDM ဝန်ထမ်း ၉၀ နီးပါး အလင်းဝင်

0
By Editor on July 31, 2024 Headline

(002MG)

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေကြသည့် Non-CDM ဝန်ထမ်း ၉၀ နီးပါးသည် ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံသို့ အလင်းဝင်ရောက်ကြသည်ဟု သိရသည်။

ကန်ပက်လက်မြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ Non-CDM ဝန်ထမ်းများကို မေလ ၉ ရက်နေ့မှစ၍ ရက်ပေါင်း (၆၀) အတွင်း အလင်းဝင်ရောက်ကြရန် သတိပေးခဲ့ရာမှာ သတ်မှတ်ကာလအတွင်း ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်း (၈၈) ဦးအလင်းဝင်ရောက်လာသည်ဟု ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဇူလိုင် ၃၁ ရက်တွင် သတင်းထုတ်ပြန်သည်။

သတ်မှတ်ကာလအတွင်း အလင်းဝင်ရောက်လာသူများထဲမှာ ကျန်းမာရေးနှင့် ပညာရေးဌာနက အများဆုံးဖြစ်သည်။

အလင်းဝင်ရောက်ခြင်းမရှိသည့် Non-CDM များမှာ ကန်ပက်လက်မြို့ကိုစွန့်ခွါ၍ ပြည်မဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားကြသည်ဟု သိရသည်။

ကန်ပက်လက်မြို့ဒေသခံ အမျိုးသားတဦးက “(၇) ရက်နေ့နောက်ဆုံး ဝန်ထမ်းတွေ CDM ဝင်ရမယ်ဆိုပြီး ကာကွယ်ရေးအဖွဲ့က သတ်မှတ်ထားတော့ ဝန်ထမ်းတွေလည်း ရှောင်နေကြတာ၊ ပြည်မဖက်သွားပြီ တွဲဖက်မယ့်နေရာ လိုက်ရှာနေကြတယ်။ တချို့က စိတ်ပူပြီးမှပြောင်းရွေ့ကြတယ်ဆောဖက်ကို” ဟု ပြောသည်။

တချိန်တည်းမှာပဲ ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အမည်ပျက်စာရင်းအဖြစ် ကြေညာထားသော ပညာရေးဝန်ထမ်း ၁၀ ဦးသည် CDM ပြုလုပ်ထားကြောင်း သက်သေအထောက်အထားဖြင့် အယူခံဝင်လာ၍ စစ်ဆေးရာမှာ CDM ပြုလုပ်ကြောင်း ထင်ရှားပေါ်လွင်သည့်အတွက် အမည်ပျက်စာရင်းမှ ပယ်ဖျက်ခဲ့သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.