Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်အစိုးရနှင့် ZORO အဖွဲ့တို့တွေ့ဆုံ

ချင်းပြည်အစိုးရနှင့် ZORO အဖွဲ့တို့တွေ့ဆုံ

0
By Editor on August 5, 2024 Headline

(005MK)

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် ဝန်ကြီးချုပ် ပူးပါထန်းဦးဆောင်သော ချင်းပြည်အစိုးရနှင့် Zo Reunification Organization (ZORO) အဖွဲ့တို့ ချင်းအရေးနှင့်ပတ်သက်၍ ယနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

အိုင်ဇောလ်မြို့ Treasury Square အနီး ZORO ရုံးချုပ်မှာ ယနေ့ဩဂုတ်လ ၅ ရက်နေ့ မနက် ၁၀ နာရီခွဲတွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး လက်ရှိ ချင်းပြည်အတွင်း တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကြား ဖြစ်ပွားနေသော ပဋိပက္ခအခြေအနေများကို ဆွေးနွေးခဲ့ကြသည်ဟု ZORO က ထုတ်ပြန်သည်။

ချင်းပြည်နယ်ထဲမှာ ချင်းလဲန်းကောင်စီ/ချင်းပြည်အစိုးရအဖွဲ့ နှင့် ချင်းညီနောင်တပ်ဖွဲ့တို့အကြား သဘောထားကွဲလွဲ မှုကြောင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့မှုအပေါ် မလိုလားကြောင်း၊ မိမိတို့သည် ညီအကိုများ ဖြစ်ကြကာ အငြင်းပွားမှုများဖြစ်ပွားမနေသင့်ဘဲ စည်းလုံးညီညွတ်စွာအတူနေထိုင်ရမည့်သူများဖြစ်ကြပြီး ယင်းအတွက် ငြိမ်းချမ်းရေးအကျိုးဆောင်ရွက်ပေးနေကြောင်း ZORO က ဆိုသည်။

“ကျနော်တို့တွေဟာ ညီအကိုတွေဖြစ်တယ်၊ ပိုင်းခြားလို့မရဘူး၊ အချင်းချင်းတိုက်ပွဲလည်းဖြစ်လို့မရဘူးဆိုတဲ့အချက်မှာ လေးလေးနက်နက်နားလည်ထားဖို့လိုပါတယ်၊ ဆင်းသက်လာရာတူညီတဲ့ ညီအကိုတွေဖြစ်တဲ့အတွက် ဘုရားသခင်ကလည်း တနေ့နေ့တချိန်ချိန်မှာ ပြန်လည်စုစည်းပေးမယ်လို့လည်း ယုံကြည်တယ်၊ ဒါကြောင့် ညီအကိုချင်းတိုက်ပွဲဖြစ်တာ မကောင်းဘူး သင့်မြတ်ကြဖို့လိုအပ်ပါတယ်” ဟု ZORO ဥက္ကဌ Pu R. Sangkawia ကပြောသည်။

ချင်းပြည်အစိုးရ ဦးဆောင်သူများကလည်း ယခုကဲ့သို့ ZORO အနေဖြင့် ချင်းအရေးနှင့်ပတ်သက်၍ စီစဉ်ဆောင်ရွက်မှုအပေါ် ဝမ်းသာကြိုဆိုကြောင်း ချင်းလဲန်းကောင်စီ/ချင်းပြည်အစိုးရအနေဖြင့် ညီအကိုများနှင့် စားပွဲဝိုင်းပေါ်မှာ စကားပြောဆိုရန် အမြဲလိုလားကြောင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးသည် မိမိတို့၏ဆန္ဒဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်ဟု ZORO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ZORO အနေဖြင့် ချင်းလဲန်းကောင်စီ/ချင်းပြည်အစိုးရနှင့် ချင်းညီနောင်တပ်ဖွဲ့တို့အကြား ဖြစ်ပွားနေသော သဘောထားကွဲလွဲမှုနှင့်ပတ်သက်၍ ပြေလည်မှုရှိလာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆင်ပြေမည့် အစောဆုံးအချိန်တွင် ငြိမ်းချမ်းရေးအတွက် စားပွဲဝိုင်းဆွေးနွေးပွဲ ပြုလုပ်သွားမည်ဟု ဖော်ပြထားသည်။

ယနေ့တွေ့ဆုံပွဲတွင် ချင်းပြည်အစိုးရအဖွဲ့မှ ဝန်ကြီးချုပ်ပူးပါထန်း၊ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာရွှေခါရ်နှင့် ZORO အဖွဲ့မှ ဥက္ကဌ၊ အတွင်းရေးမှူးနဲ့ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Zo Reunification Organization (ZORO) အဖွဲ့သည် ဗြိတိသျှအစိုးရ၏ နယ်နိမိတ်ပိုင်းခြားသတ်မှတ်မှုကြောင့် အိန္ဒိယ-မြန်မာ-ဘဂ်လားဒေရှ့် စသည့် ၃ နိုင်ငံတွင် ပြန့်နှံ့နေထိုင်ခဲ့ကြသော ချင်း-လူရှိုင်း-ကူကီး မျိုးနွယ်စုများအားလုံး အုပ်ချုပ်မှုတစ်ခုအောက်တွင် ပြန်လည်ပေါင်းစည်းနေထိုင်နိုင်ရေးအတွက် လှုပ်ရှားဆောင်ရွက်နေသော မီဇိုရမ်ပြည်နယ်က အဖွဲ့အစည်းဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင် ၂၇ ရက်နေ့တုန်းကလည်း ချင်းအမျိုးသားတပ်ဦး CNF/CNA နှင့် ဇိုမီးပြန်လည်ပေါင်းစည်း ညီညွတ်ရေးအဖွဲ့ (ZRO/ZRA) တို့အကြားဖြစ်ပွားနေသော ပဋိပက္ခနှင့်ပတ်သက်၍ နှစ်ဖက်တာဝန်ရှိသူများအား တွေ့ဆုံဆွေးနွေးစေကာ အချက် ၃ ချက်ပါသော ကနဦးသဘောတူစာချုပ်ကို ZORO ၏ ကမကထ ပြုမှုဖြင့် လက်မှတ်ရေးထိုးခဲ့ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.