Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ငဖဲမြို့က စစ်ကောင်စီ နှင့် ACDF ပူးပေါင်းတပ်တို့ တိုက်ပွဲတွင် စစ်ကောင်စီမှ ၂ ဦးသေဆုံး

ငဖဲမြို့က စစ်ကောင်စီ နှင့် ACDF ပူးပေါင်းတပ်တို့ တိုက်ပွဲတွင် စစ်ကောင်စီမှ ၂ ဦးသေဆုံး

0
By Editor on August 26, 2024 Headline

(006SV)

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ မင်းဘူး- အမ်းကားလမ်းမပေါ်တွင် စစ်ကောင်စီတပ်နှင့် ချင်းတော်လှန်ရေးပူပေါင်းတပ်တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီက ၂ ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

ဩဂုတ်လ ၁၉ ရက် နံနက် ၁၁ နာရီခွဲခန့်က မင်းဘူး- အမ်း လမ်းမပေါ်ရှိ တုံးကြီးကျေးရွာအနီး လက်ဖက်ခြံစခန်းကုန်းပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်သည် လင်းတဲကျေးရွာဘက်သို့ အင်အား ၂၀ ခန့်ဖြင့် ကင်းရှည်ထွက်လာစဉ်တွင် ACDF အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်နှင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။

“အဲဒီနားက စခန်းကုန်းကို ကျနော်တို့က ဝင်တိုက်ဖို့ လုပ်တာ၊ လုပ်ပေမယ့်လည်း အဆင်မပြေ သေးဘူးပေါ့နော်။ အဲဒီမှာ ရုတ်တရက်ကြီး စကစက ကင်းထွက်လာတာ အဲဒါမှာ ထိတွေ့တိုက်ပွဲဖြစ်တယ်။ သူတို့ဘက်က ၂ ယောက်တော့ သေတယ်၊၊ စစ်ကောင်စီဘက်က ဒဏ်ရာရတဲ့ လူတွေလည်း များတယ်” ဟု ACDF ပြန်ကြားရေးတာဝန်ခံ ဆလိုင်းခနီလေဗွေက ပြောသည်။

တိုက်ပွဲအတွင်း သေဆုံးမှု ရှိခဲ့သော စစ်ကောင်စီတပ်သည် ထိခိုက်ဒဏ်ရာရရှိသူ အချို့နှင့် တပ်ဖွဲ့ဝင်အများအပြားမှာ ဝရုန်းသုန်းကားဖြင့် စစ်ကြောင်းနောက်ပြန်ဆုတ်သွားခဲ့ကြောင်း ဆလိုင်းခနီလေဗွေက ပြောသည်။

စစ်ကောင်တပ်ထံမှ MA 3 အမျိုးအစား သေနတ်တစ်လက် သိမ်းဆည်းရရှိခဲ့ပြီး အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF)၊ New Society Army (NSA) နှင့် People Independent Army (PIA) ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှု မရှိခဲ့ကြောင်း၊ ရဲဘော်တွေ ဘေးကင်းစွာ စခန်းရောက်ရှိမှ တိုက်ပွဲသတင်းထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ငဖဲမြို့နယ်၊ အရှိုချင်းကျေးရွာ တောင်ပေါ် ဆယ်အုပ်စုအတွင်းရှိ ပြည်သူပိုင်းပစ္စည်းများဖြစ်သော ဆိုင်ကယ်များ လက်နက်အားကိုးဖြင့် လုယူခြင်း၊ ပြည်သူပိုင် ဥယျာဉ်ခြုံအတွင်း သီးနှံများ ခိုးယူစားသုံးခြင်း၊ ပြည်သူများကို ခြိမ်းခြောက်ခြင်းများ မကြာခဏ လုပ်ဆောင်နေကြောင်း ACDF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒေသခံပြည်သူများအနေဖြင့် စစ်ကောင်စီထံ သတင်းပေးခြင်း၊ ပူးပေါင်းခြင်းများ မပြုလုပ်ရန် ACDF က သတိပေးထားပြီး ပူးပေါင်းလုပ်ဆောင်နေသူများကို အရေးယူမှုများ ဆောင်ရွက်မည်ဟု ACDF ပြန်ကြားရေးတာဝန်ခံ ဆလိုင်းခနီလေဗွေက ပြောသည်။

ACDF သည် ချင်းပြည်နယ်အတွင်းက စခန်းသိမ်းတိုက်ပွဲများ၊ မြို့သိမ်းတိုက်ပွဲများတွင် ချင်းပြည်ကောင်စီ လက်အောက်ခံ ချင်းတော်လှန်ရေးတပ်များနှင့် လက်တွဲကာ စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ACDF သည် မကွေးတိုင်းဒေသကြီး၊ ဧရာဝတီမြစ်အနောက်ခြမ်းက မကွေး – ရခိုင်အစပ်၊ ငဖဲမြို့နယ်တွင် စစ်ရေးလှုပ်ရှားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.