Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ယောနယ်က ချင်းစစ်ရှောင်စခန်း တောင်ကျရေ‌ကြီးမှုကြောင့် သားအမိ ၂ ဦးသေဆုံး

ယောနယ်က ချင်းစစ်ရှောင်စခန်း တောင်ကျရေ‌ကြီးမှုကြောင့် သားအမိ ၂ ဦးသေဆုံး

0
By Editor on September 26, 2024 Headline

|| ရာချီသည့် ချင်းစစ်ဘေးရှောင်များ အရေးပေါ်အကူအညီ လိုအပ်နေ

(006SV)

ချင်းပြည်တောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယောနယ် ဆော – ကျောက်ထုလမ်းပိုင်းထဲက ချင်းပြည်သူများ၏ စစ်ရှောင်စခန်းတစ်ခုတွင် ရုတ်တရက် တောင်ကျချောင်းရေကြီးမှုဖြစ်ပြီး မင်းတပ်ဒေသခံ စစ်ဘေးရှောင်သားအမိ ၂ ဦး ရေစီးဖြင့် မျောပါသေဆုံးခဲ့ကြောင်း သိရသည်။

စက်တင်ဘလ ၂၅ ရက် ညနေပိုင်း ၆ နာရီခန့်တွင် ချင်း – မကွေးနယ်စပ်ရှိ ဆော – ကျောက်ထုလမ်းပိုင်းထဲက စစ်ရှောင်စခန်းများ ရေကြီးမှုဖြစ်ပွားခဲ့ပြီး မင်းတပ်မြို့နယ်၊ တိုက်နယ် ၄ ၊ ကြားဒိုရွာမှ အသက် ၃ နှစ်အရွယ် မောင်နိုင်းနိန်နှင့် မိခင်ဖြစ်သူ အသက် ၄၀ ခန့်ရှိ ဒေါ်နိုင်းချေးတို့ သေဆုံးသွားခဲ့ကြောင်း CDF – မင်းတပ်မှ တောခိုကြီးက ပြောသည်။

“စစ်ဘေးရှောင်စခန်း ၂ ခု ရေဘေးသင့်နေချိန် ကျနော်တို့အနေနဲ့ အနီးစပ်ဆုံးမှာရှိနေခဲ့တဲ့ စစ်ဘေးရှောင်စခန်းတစ်ခုကိုသာ ဒေသခံတပ်ရင်းတပ်ဖွဲ့တွေနဲ့အတူ ကယ်ဆယ်ရေး‌လုပ်နိုင်ခဲ့ပါတယ်။ ချင်းနဲ့ယောအစပ်က စစ်ဘေးရှောင်စခန်းတစ်ခုကို ချက်ချင်းကြီး ကယ်ဆယ်ရေးမလုပ်နိုင်ခဲ့ပါဘူး။ ယောနဲ့ချင်းအစပ်က စစ်ဘေးရှောင်စခန်းက အားလုံးနီးပါးပျက်စီးသွားခဲ့သလို သားအမိနှစ်ဦး ရေထဲမျောပါသွားခဲ့ပါတယ် စစ်ရှောင်ပြည်သူတွေပြောပုံအရ မရမကဆွဲဖမ်းခဲ့ပေမဲ့ တောင်ကျချောင်းရေအရှိန်ကြောင့် ဆွံမရခဲ့ဘူးတဲ့” ဟု ကိုတောခိုကြီးက ပြောသည်။

တောင်ကျချောင်းရေကြောင့် မျောပါသေဆုံးသွားသော သားအမိ ၂ ဦးတွင် ကလေးငယ်၏ ရုပ်အလောင်းကို ပြန်ရရှိခဲ့သော်လည်း မိခင်ဖြစ်သူ၏ ရုပ်အလောင်းကို ပြန်မရသေးကြောင်း သိရသည်။

စစ်ရှောင်စခန်း ၂ ခုမှ စစ်ဘေးရှောင်ပြည်သူများသည် တောင်ကျချောင်းရေကြီးမှုကြောင့် ထိခိုက်ပျက်စီးမှု၊ ဆုံးရှုံးမှုများ အများအပြား ရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အစားအသောက်များ၊ ဆေးဝါးများ၊ အဝတ်အထည်များ၊ အိုခွက်ပန်းကန်အသုံးအဆောင်ပစ္စည်းများ အရေးပေါ်လိုအပ်နေပြီး ချင်းနှင့် ယောနယ်အစပ်တွင် ချင်းစစ်ဘေးရှောင်ပြည်သူ ၅၀၀ ဝန်းကျင်ခန့်ရှိနေကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.