Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»CDF-Mara ကို ငြိမ်းချမ်းရေးနှင့် ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းစဉ်တွင် အမြန်ဆုံးပူပေါင်းဆောင်ရွက်ရန် မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ-MTC က ဖိတ်ခေါ်

CDF-Mara ကို ငြိမ်းချမ်းရေးနှင့် ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းစဉ်တွင် အမြန်ဆုံးပူပေါင်းဆောင်ရွက်ရန် မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ-MTC က ဖိတ်ခေါ်

0
By Editor on October 4, 2024 Khonumthung

(004SS)

ကြားကာလမရာနယ်ကောင်စီ- IMC/ CDF-Mara အနေဖြင့် မကြာ‌မီကျင်းပမည့် တတိယအကြိမ် မရာပြည်သူ့ညီလာခံ အတိုင်မီအတွင်း ငြိမ်းချမ်းရေးနှင့် ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းစဉ်တွင် အမြန်ဆုံးပြန်လည်ပူပေါင်း ဆောင်ရွက်ရန် မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ MTC/MDF က ဖိတ်ခေါ်သည်။

မရာနယ်မြေအုပ်ချုပ်ရေးကောင်စီသည် မရာမျိုးနွယ်စုများအကြား ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေးကို အစဉ်အမြဲ ဦးထိပ်ထားလာခဲ့သည်နှင့်အညီ မရာအချင်းချင်းကြား ပြန်လည်သင့်မြတ်ရေးကို ၂ နှစ်နီးပါး ကြိုးပမ်းလာခဲ့သည့်အပြင် မရာနယ် ဘာသာရေးခေါင်းဆောင်များ၏ စေ့စပ်ညှိနှိုင်းမှုဖြင့် ငြိမ်းချမ်းရေးနှင့် ပြန်လည်ပေါင်းစည်းရေးသဘောတူ စာချုပ် ကို လက်မှတ်ရေးထိုးခဲ့ကာ MEC ငြိမ်းချမ်းရေးကော်မရှင်၏ သဘောတူထုတ်ပြန်ကို အပြည့်အဝလေးစားလိုက်သည်ဟု MTC/MDF က အောက်တိုဘာလ ၃ ရက်နေ့က ထုတ်ပြန်သည်။

သို့သော် IMC/CDF-Mara အနေဖြင့် အဆိုပါသဘောတူစာချုပ်ကို ပျက်ပြယ်စေရန် ရည်ရွယ်ချက်ဖြင့် အွန်လိုင်းမှ တစ်ဆင့် အကြိမ်ကြိမ်စွပ်စွဲခြင်း၊ မဟုတ်မမှန်ထုတ်ပြန်ခြင်း၊ အကြောင်းအမျိုးမျိုးပြ၍ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့ ဇောင်းလိန် ကျေးရွာတွင်တစ်ကြိမ်၊ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ(၁၅) ရက်နေ့ တွီပန်းမြို့တွင် တစ်ကြိမ် Reunification Implementing Committee – RIC အစည်းအဝေးကို (၂)ကြိမ်တိုင်တိုင် တက်ရောက်ရန်ပျက်ကွက်ခြင်းတို့ကြောင့် ပြန်လည်ပေါင်းစည်းရေး ဖြစ်စဉ်မှာ ရပ်တန့် နေခဲ့သည်ဟု မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ၏ ‌တတိယအကြိမ် ပုံမှန်အစည်းအဝေးထုတ်ပြန်ကြေညာ ချက်တွင် ဖော်ပြသည်။

ထို့ကြောင့် မကြာမီကျင်းပမည့် တတိယအကြိမ် မရာပြည်သူ့ညီလာခံမတိုင်မီအတွင်း ငြိမ်းချမ်းရေးနှင့် ပြန်လည်ပေါင်းစည်း ရေး လုပ်ငန်းစဉ်တွင် အမြန်ဆုံးပူးပေါင်းဆောင်ရွက် ကြပါရန်နှင့် CDF-Mara တပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့နေရပ်အသီးသီးရှိ မိဘရင်ခွင်သို့ ပြန်လည်ခိုလှုံကြပါရန်၊ ထိုသို့ ပြန်လည်ခိုလှုံလာသူများကို လုံခြုံရေးအာမခံချက် အပြည့်အဝပေးမည်ဟု MTC/MDF က ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့နောက် အကြောင်းအမျိုးမျိုးကြောင့် ပြည်တွင်းပြည်ပသို့ ယာယီတိမ်းရှောင်နေကြသော မရာပြည်လူထုများအနေဖြင့် လက်ရှိတွင် မရာနယ်မြေတစ်ခုလုံးသည် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တယားနှင့် အာဏာစက်သက်ရောက်မှု လုံးဝချုပ်ငြိမ်း သွားပြီဖြစ်ကြောင်းနှင့် မရာနယ်မြေအုပ်ချုပ်‌ရေး ကောင်စီအနေဖြင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ပြည်တွင်းပြည်ပရှိ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ စတင်အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်သောကြောင့် မရာနယ်မြေအတွင်းသို့ အမြန်ဆုံးပြန်လည်ဝင်ရောက်အခြေချ နေထိုင်ကြပါရန်လည်း တိုက်တွန်းဖိတ်ခေါ်ထားပါသည်။

ထို့အပြင် ၂၀၂၄ ခုနှစ်စက်တင်ဘာလ ၂၆ ရက်နေ့ရက်စွဲဖြင့် ဖိတ်ခေါ်သည့် နစက၏ ‌ဖိတ်ခေါ် ကမ်းလှမ်းမှုသည် တော်လှန် ရေးကို သပ်လျှိုဖြိုခွင်းရန်နှင့် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဉပဒေဘောင်အတွင်းသို့ လက်နက်ကိုင်အင်အားစုများကို သွတ်သွင်း၍ အာဏာရှင်စနစ် သက်ဆိုးရှည်စေရေးကြိုးပမ်းမှုသာဖြစ်သည်ဟု MTC/MDF က ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီမှ ၂၀၀၈ အခြေခံဉပဒေကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှ ပြတ်ပြတ်သားသား ဆန့်ကျင်မည်ဖြစ်ကြောင်းနှင့် သန်းခေါင်စာရင်းကောက်ယူခြင်းအပြင် ရွေးကောက်ပွဲလုပ်ငန်းစဉ် အဆင့်ဆင့်တွင် ပူးပေါင်း ပါဝင်ခြင်းလုံးဝမလုပ်ကြရန်နှင့် အဆိုပါလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်သည့် မည်သည့်ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းကိုမဆို မဟာမိတ်များနှင့်အတူ ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ကြောင်း MTC/MDF က ထုတ်ပြန်ထားသည်။

မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီသည် ဒုတိယအကြိမ်၊ မရာပြည်သူ့ညီလာခံသက်တမ်း၊ တတိယအကြိမ် ပုံမှန်‌ေကာင်စီ အစည်းအဝေးကို ကောင်စီဌာနချုပ်ရုံးတွင် စက်တင်ဘာလ ၂၈- ၃၀ ရက်နေ့၌ ကျင်းပခဲ့ကြပြီး ပြည်တွင်း/ပြည်ပမှ ကောင်စီအဖွဲ့ဝင်များ၊ အလုပ်အမှုဆောင် စီမံအုပ်ချုပ်ရေးကော်မတီဝင်များ၊ ဗဟိုတရားသူကြီးအဖွဲ့ဝင်များ၊ MDF မှ ကောင်စီဝင်များ၊ အထူးအကြံပေးပုဂ္ဂိုလ်များ၊ အကြီးတန်းအတိုင်ပင်ခံ ပုဂ္ဂိုလ်များ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ဘာသာရေးအဖွဲ့အစည်းများမှ ဖိတ်ကြားထားသူများနှင့် စောင့်ကြည့်လေ့လာသူများအပါအဝင် စုစုပေါင်း ၇၆ ဦး တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

လိုင်လင်းပီမြို့ အုပ်ချုပ်ရေးမှူးနှင့် အတွင်းရေးမှူးရာထူးနေရာများ ခေါ်ယူနေ

ချင်းပြည် (Chinland) အစိုးရမှ သူနာပြုနှင့်သားဖွားပညာဒီပလိုမာ ဒုတိယအသုတ် ခေါ်ယူ

CNDF နှင့် CDF-Hualngoram အကြား ထိတွေ့မှုဖြစ်ပွား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.