ချင်းပြည်နယ် တီးတိန်မြို့တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ခံမှုတွင် တက်ကြွစွာပါဝင်သူ U Kam Lam Thang ကို PDF-Zoland တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားသည်ဟု သိရသည်။
တီးတိန်မြို့ မြို့မရပ်ကွက်တွင်နေထိုင်သော U Kam Lam Thang သည် PDF Zoland နှင့် Chin Brotherhood တို့၏ ထုတ်ပြန်တားမြစ်ချက်များကို မလေးစား မလိုက်နာဘဲ စစ်ကောင်စီ၏ အိမ်ထောင်စုစာရင်း ကောက်ခံခြင်းလုပ်ငန်းတွင် တက်ကြွပါဝင်သောကြောင့် ထိန်းသိမ်းလိုက်သည်ဟု PDF-Zoland က ယနေ့တွင်ထုတ်ပြန်သည်။
အခြား ပါဝင်လှုပ်ရှားသူများရှိလာပါက အလားတူ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း PDF-Zoland အသိပေး ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် သန်းခေါင်စာရင်းကောက်ခံမှုကို အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဆောင်ရွက်လျှက်ရှိသည်။