Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»သတင်းပေးပို့ခြင်းမရှိသော NGO/INGO များကို မရာနယ်မြေအတွင်း လှုပ်ရှားသွားလာခွင့်ပြုမည်မဟုတ်ကြောင်း MTC ထုတ်ပြန်

သတင်းပေးပို့ခြင်းမရှိသော NGO/INGO များကို မရာနယ်မြေအတွင်း လှုပ်ရှားသွားလာခွင့်ပြုမည်မဟုတ်ကြောင်း MTC ထုတ်ပြန်

0
By Editor on October 22, 2024 Khonumthung

(004SS)

ချင်းပြည် မရာနယ်မြေအတွင်း လုပ်ငန်းစီမံကိန်းအကောင်အထည်ဖော်မည့် NGO/INGO များအနေဖြင့် မိမိတို့ဆောင်ရွက်မည့် စီမံကိန်းဆိုင်ရာအကြောင်းအရာများကို သတင်းပေးပို့ရမည်ဖြစ်ပြီး သတင်းပေးပို့ခြင်းမရှိသော အဖွဲ့အစည်းများကို မရာနယ်မြေအတွင်း လှုပ်ရှားသွားလာခွင့်ပြုမည်မဟုတ်ကြောင်း မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ MTC/MDF က ထုတ်ပြန်သည်။

မရာနယ်မြေအတွင်း NGO/ INGO များအနေဖြင့် လုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့ကာ လုံခြုံမှုအပြည့်အဝ ခံစားစေရန် ရည်ရွယ်ချက်ဖြင့်ဟုဆိုကာ နိုဝင်ဘာလ ၁၅ ရက်နေ့နောက်ဆုံးထားကာ ပြည်ထဲရေးနှင့် ဒေသန္တရအုပ်ချုပ်ရေးအမှုဆောင် အတွင်းရေးမှူးထံသို့ NGO/ INGO ဆိုင်ရာ သတင်းအချက်အလက်များနှင့်အတူ သတင်းပေးပို့ရမည်ဟု MTC/MDF က အောက်တိုဘာလ ၂၁ ရက်နေ့မှာ ထုတ်ပြန်သည်။

သတင်းပေးပို့ရာတွင် စီမံကိန်းတာဝန်ခံ၊ ပြုလုပ်မည့် စီမံကိန်းအမျိုးအစား၊ စီမံကိန်းကာလ၊ သုံးဆွဲ့မည့်ရံပုံငွေ၊ ပံ့ပိုးမည့်အဖွဲ့အစည်းများကို သတင်းပေးပို့ရမည်ဟု ထုတ်ပြန်ချက်မှာဖော်ပြထားသည်။

“NGO/ INGO တွေအနေနဲ့ ကျွန်တော်တို့ မရာဒေသမှာ လှုပ်ရှားပေးတာကို ကျေးဇူးတင်တယ်။ အခုလိုမျိုး ကောင်း ကောင်းမွန်မွန်ပြုလုပ်ပေးတာကိုလဲ ကျွန်တော်တို့ဘက်က တစ်ဘက်တစ်လမ်းကနေ ထောက်ပံ့ပေးနိုင်တာ မရှိခဲ့ ဘူးခင်ဗျ။ ဆိုတော့ နောက်ပိုင်း NGO/ INGO တွေအနေနဲ့ ဆက်လက်လှုပ်ရှားမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ရဲ့ တစ်ဘက်တစ်လမ်းကနေ အကူအညီပေးနိုင်တာမျိုးရှိလို့ရှိရင်လဲ ပေးလို့ရအောင် ရည်ရွယ်ချက်တစ်ခုပေါ့နော်။ ဒုတိယအချက်က သူတို့အနေနဲ့ ဒီမရာဒေသမှာ NGO လုပ်ငန်းကို လုပ်ကိုင်တဲ့အခါမှာ လုံခြုံ စိတ်ချမှုရှိတယ်၊ လွတ်လွတ်လပ်လပ် စိတ်ခံစားမှု အပြည့်အဝရှိတယ်ဆိုတာကို ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်တဲ့နည်းလမ်းတစ်ခု ရရှိအောင် ရည်ရွယ်ပြီး လုပ်တာဖြစ်ပါတယ် ခင်ဗျာ” ဟု မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ MTC ပြည်ထဲရေးနှင့် ဒေသန္တရ အုပ်ချုပ်ရေးဌာန အမှုဆောင်အတွင်းရေးမှူး K.Beironah ကပြောသည်။

လက်ရှိကာလသည် မလိုလားအပ်သည့် တရားမဝင်အဖွဲ့အစည်းများနှင့် တရားမဝင်ဆေးဝါးသယ်ဆောင်မှု များရှိ နေသည့်အတွက် ပူးပေါင်းပါဝင်ပေးကြရန်နှင့် သတင်းပေးပို့ခြင်းမရှိသော မည်သည့်အဖွဲ့အစည်းများကိုမဆို မရာနယ်မြေအတွင်း လှုပ်ရှားသွားလာခွင့်ပြုမည်မဟုတ်ကြောင်း အလေးအနက် သတိပေးထားသည်ဟု MTC ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့အပြင် မရာနယ်မြေ‌အတွင်းရှိ ပြည်သူလူထုများအနေဖြင့် ဘာသာရေး၊ လူမှုရေးနှင့် ကျောင်းပညာရေးဆိုင်ရာ ပွဲတော်များကို လူစုလူဝေးဖြင့်ကျင်းပမည်ဆိုပါက သက်ဆိုင်ရာတိုက်နယ်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးကတဆင့် ခွင့်ပြုချက်တောင်းခံရမည်ဖြစ်ပြီး ခွင့်ပြုမရဘဲ ပွဲကျင်းပ၍မရကြောင်း MTC က ထုတ်ပြန်သည်။

“ကျွန်တော်တို့အနေနဲ့ ဒီဟာကို အာဏာပြချင်လို့ လုပ်တာမဟုတ်ပါဘူးဆိုတာကို ပထမဦးဆုံး ပြောချင်တယ်။ ကျွန်တော်တို့ အဓိက ထုတ်ရတဲ့ ရည်ရွယ်ချက်က ပြည်သူအတွက်ကို ရည်ရွယ်ပြီးတော့မှ ထုတ်တာဖြစ်ပါတယ်။ ပွင့်လင်းရာသီရောက်လာတဲ့အခါ တခြားဒေသတွေလည်းကြည့်တဲ့အခါမှာ စစ်ကောင်စီက မသက်ဆိုင်တဲ့ ဒေသတွေမှာဆိုရင် လေယာဉ်နဲ့၊ လက်နက်ကြီးနဲ့ လိုက်ပြီး ဗုံးကြဲတာတွေရှိတယ်။ ဆိုတော့ ကျွန်တော်တို့ မရာဒေသမှာ ဒီချိန်ဆို ပွဲလမ်းသဘင်တွေများတယ်ခင်ဗျ။ အဲတော့ ပွဲလမ်းသဘင်က လူစုလူဝေးအားဖြင့် လုပ်တာပေါ့နော်၊ ဉပမာ အယောက် ၂၀၀၊ ၃၀၀ လောက်စုဝေးပြီးမှ လုပ်နေကြတာဆိုတော့၊ အဲလိုအခြေအနေမျိုးမှာ မလိုလားအပ်ဘဲ သတင်းပေါက်ကြားလို့ စစ်ကောင်စီအနေနဲ့ လေယာဉ်နဲ့ဗုံးကြဲနိုင်တဲ့အနေအထားရှိတဲ့အတွက်ကြောင့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ထုတ်ပြန်တဲ့ သဘောပါ ခင်ဗျာ” ဟု MTC ပြည်ထဲရေးနှင့် ဒေသန္တရ အုပ်ချုပ်ရေးဌာန အမှုဆောင်အတွင်းရေးမှူး K.Beironah က ပြောသည်။

ခွင့်ပြုချက်မရှိဘဲ ပွဲလမ်းသပင်ပွဲတော်များကျင်းပပြုလုပ်ပါက အရေးယူမှုများပြုလုပ်သွားမည်ဟု မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ MTC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 10, 2026

ဇမ်ပီးရွာရှိ ZRA-EC စခန်းကို ZNA က ဝင်ရောက်တိုက်ခိုက်ရာ ZRA-EC ရဲဘော်တစ်ဦးသေဆုံး

September 10, 2026

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

September 9, 2026

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

September 9, 2026

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.