Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»CDF – မတူပီ၊ တပ်မဟာ- ၁ နှင့် တပ်မဟာ – ၂ ကြား ပဋိပက္ခကို ငြိမ်းချမ်းရေးကော်မရှင်၏ ညှိနှိုင်းပေးမှုဖြင့် ဖြေရှင်းမည်

CDF – မတူပီ၊ တပ်မဟာ- ၁ နှင့် တပ်မဟာ – ၂ ကြား ပဋိပက္ခကို ငြိမ်းချမ်းရေးကော်မရှင်၏ ညှိနှိုင်းပေးမှုဖြင့် ဖြေရှင်းမည်

0
By Editor on October 23, 2024 Headline

(006SV)

ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် CDF – မတူပီ၏ တပ်မဟာ – ၁ နှင့် တပ်မဟာ – ၂ ကြားက ပဋိပက္ခဖြစ်ပွားနေမှုကို ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့၏ ညှိနှိုင်းပေးမှုဖြင့် ဆွေးနွေးအဖြေရှာမည်ဖြစ်ကြောင်း တပ်မဟာအဖွဲ့များ၏ ပြောရေးဆိုခွင့်ရှိသူများက ပြောသည်။

မတူပီမြို့နယ် ဘာသာရေးခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးကော်မရှင် (Peace Commission) သည် CDF – မတူပီ၊ တပ်မဟာ – ၁ အဖွဲ့မှ တာဝန်ရှိသူများနှင့် ကနဦး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ထားပြီဖြစ်ကြောင်း တပ်မဟာ – ၁ ပြောရေးဆိုခွင့်ရှိသူ ကိုဘွေအုပ်က ပြောသည်။

“မတူပီ ဘာသာရေးခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ Peace Commission နဲ့ တပ်မဟာ (၁) က တွေ့ဆုံဆွေးနွေးတာ ရှိပါတယ်။ ဆွေးနွေးတာက ဆုံးဖြတ်ချက်တွေတော့ မရှိဘူး။ ကျနော်တို့ရဲ့ မူဝါဒ လမ်းစဉ်တွေနဲ့ ပဋိပက္ခဖြစ်နေတဲ့ အခင်းအကျင်းတွေကို ကနဦးအနေနဲ့ အပြန်အလှန် ဆွေးနွေးညှိနှိုင်းတဲ့သဘောပဲ ရှိပါတယ်။ ဆုံးဖြတ်ချက်ချပြီးတော့မှ Work Plan (လုပ်ငန်းစီမံချက်) ဆွဲတာမျိုး မရှိသေးဘူး။ ပဋိပက္ခဖြစ်သွားပြီးဆိုလည်း ပြေလည်တာက အကောင်းဆုံးပါ။ ဒါကတော့ (၁) ရော၊ (၂) ရော၊ အုပ်ချုပ်ရေးရော၊ ပြည်သူတွေ အားလုံးရော လိုချင်တဲ့ဟာ ဖြစ်မှာပါ။ ဒီဟာကတော့။ အဲဒါကြောင့်ပဲ ကျနော်တို့က လက်တွေကျကျပေါ့လေ။ စာမထုတ်ပြန်သည့်တိုင်း Peace commission နဲ့ တွေ့ဆုံခြင်းသာဖြစ်ပါတယ်” ဟု ကိုဘွေအုပ်က ပြောသည်။

CDF – မတူပီ၊ တပ်မဟာ – ၂ ဘက်ကလည်း ၎င်းတို့ ထုတ်ပြန်ချက်များ ထုတ်ထားသကဲ့သို့ ငြိမ်းချမ်းရေးကော်မရှင်နှင့် တွေ့ဆုံဆွေးနွေးမည်ဟုမျှော်လင့်ကြောင်း၊ တွေ့ဆုံသင့်ကြောင်း CDF – မတူပီ၊ တပ်မဟာ – ၁ မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

CDF – မတူပီ၊ တပ်မဟာ – ၁ နှင့် တပ်မဟာ – ၂ ကြားက ပဋိပက္ခများတွင် အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ပြီး နှစ်ဖက်မှ ချင်းကာကွယ်ရေးရဲဘော်များ ထိခိုက်ကျဆုံးမှုရှိခဲ့၍ တွေ့ဆုံဆွေးနွေးမှုလုပ်ငန်းစဉ်များ ကြာမြှင့်နိုင်ကြောင်း တပ်မဟာ – ၁ မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

CDF-မတူပီ၊ တပ်မဟာ – ၂ ကလည်း တပ်မဟာအချင်းချင်းကြား ပြေလည်မှုရရှိပြီး နေရပ်စွန့်ခွာထားရသည့် စစ်ဘေးရှောင်ပြည်သူများ မိမိမြို့ရွာကို အပူအပင်မရှိ ပြန်လည်ဝင်ရောက်လာနိုင်ရေးကိုလည်း ပထမဦးစားပေးအဖြစ် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု အောက်တိုဘာလ ၂၁ ရက်နေ့က ထုတ်ပြန်ထားသည်။

CDF – မတူပီ၊ တပ်မဟာ – ၂ မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွန်ကိန်း “Third Party ဆိုတာက တဖက်နဲ့တဖက်ကတော့ လက်ခံပြီးသာ၊ အခုလည်း တပ်မဟာ – ၁ ဘက်က တွေ့ဆုံမှုတွေ လုပ်ပြီးသာ၊ လုပ်ပြီးပြီ။ ကျနော်တို့နဲ့တော့ တွေ့ဆုံမှုတော့ မရှိသေးဘူး။ သူတို့ဘက်ကလာရင်တော့ ကျနော်တို့နဲ့ တွေ့ဆုံမှုရှိလိမ့်မယ်။ ဒီနေရာမှာ အဓိကပြောချင်တာက နေရပ်စွန့်ခွာ ပြည်သူတွေ လွတ်လပ်စွာ သွားလာပိုင်ခွင့်ကို ပထမဆုံး ဆောင်ရွက်ဖို့ ရှိပါလိမ့်မယ်။ ပြည်သူတွေ လွတ်လွတ်လပ်လပ်သွားလာနိုင် အောင် ဦးဆုံး လုပ်ဆောင်သွားမယ့် အရာလို့ ပြောလို့ ရတယ်။ ဒီဟာကို Third Party နဲ့အတူ ကြိုးစားဆောင်ရွက်သွားမယ်လို့ ပြောချင်တယ်” ဟု ပြောသည်။

CDF – မတူပီ၊ တပ်မဟာ – ၂ သည် ချင်းလဲန်းကောင်စီအဖွဲ့ဝင်ဖြစ်ပြီး ပြည်သူ့ကျန်းမာရေး၊ ပညာရေး၊ အုပ်ချုပ်ရေးနှင့် အခြားဖွံ့ဖြိုးရေး လုပ်ငန်းများကို ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့၏ ချင်းပြည်ဝန်ကြီးဌာနများနှင့်အတူ ချိတ်ဆက်ဆောင်ရွက်မည်ဟု ထုတ်ပြန်ထားသည်။

CDF – မတူပီ၊ တပ်မဟာ – ၁ သည် နိုင်ငံရေးတွင် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) နှင့် ပူးပေါင်းပြီး စစ်ရေးတွင် ချင်းညီနောင်အဖွဲ့၊ ULA/ AA တို့နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

CDF – မတူပီ၊ တပ်မဟာ – ၁၊ ချင်းညီနောင်နှင့် ULA/AA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့သည် မတူပီမြို့ကို ဇွန်လကုန်ပိုင်းကတည်းက အပြီးသတ်သိမ်းယူနိုင်ခဲ့သော်လည်း ချင်းတော်လှန်ရေးအဖွဲ့အချင်းချင်းကြား ပဋိပက္ခများကြောင့် ဒေသခံပြည်သူ ထောင်ချီသည် မိမိမြို့၊ ရွာများကို ပြန်လည်အခြေမချနိုင်ဘဲ ယနေ့အထိ နေရပ်စွန့်ခွာစစ်ဘေးရှောင်နေကြဆဲဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

လိုင်ဇာတွေ့ဆုံပွဲတွင် NUG အစိုးရ၊ KIO/KIA တို့နှင့် မဟာဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးနိုင်ခဲ့ဟု CB ပြော

ဇိုမီးအမျိုးသားပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

UNHCR မှ ဒုက္ခသည်အဆင့်အတန်းသတ်မှတ်ချက် (RSD) Interview ကို မနက်ဖြန်မှစ၍ စတင်ခေါ်ယူမည်ဟုဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.