Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဟားခါးမြို့အနီး Kiamtlang စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံး၊ ဗိုလ်မှူးအပါအဝင် ၄ ဦး အရှင်ဖမ်းမိ

ဟားခါးမြို့အနီး Kiamtlang စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံး၊ ဗိုလ်မှူးအပါအဝင် ၄ ဦး အရှင်ဖမ်းမိ

0
By Editor on October 30, 2024 Headline

(004SS)

Operation Rung အမည်ဖြင့်ဖော်ဆောင်သော ဟားခါးမြို့အနီး Kiamtlang စစ်တပ်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးပြီး ဗိုလ်မှူးအပါအဝင် ၄ ဦး အရှင်ဖမ်းမိကာ လက်နက်အချို့ကိုလည်း သိမ်းဆည်းရ‌မိကြောင်း CDF-Hakha က ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်သည်။

ချင်းပြည်နယ် မြို့တော် ဟားခါးမြို့အနီး ဟားခါး- ထန်တလန်လမ်းမရှိ Kiamtlang စစ်‌ကောင်စီတပ်စခန်းကို Chinland Defense Force – Hakha နှင့် Chin National Army တို့က ရုန်းစစ်ဆင်ရေးအမည်ဖြင့် အောက်တိုဘာလ ၂၈ ရက်နေ့က ပူးပေါင်းတိုက်ပွဲဖော်ဆောင်၍ သိမ်းပိုက်ခဲ့ကြသည်။

ထိုစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးခဲ့ပြီး ဗိုလ်မှူးအပါအဝင် ၄ ဦး အရှင်ဖမ်းမိခဲ့ကာ MA1 ၅ လက်၊ MA2 ၁ လက်၊ MA3 ၂ လက်၊ MA11 ၁ လက်၊ ကျည်‌ဘောက် ၄၂ခု၊ မိုင်းနှင့် ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း CDF-Hakha ကထုတ်ပြန်သည်။

CDF-Hakha အနေဖြင့် အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး ‌‌နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေး အတွက် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းပြီး ဆက်လက် တိုက်ပွဲဖော်ဆောင်သွားမည်ဖြစ်သောကြောင့် ပြည်သူ လူထုများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်‌‌ပေးပါရန်လည်း မေတ္တာရပ်ခံထားသည်။

အောက်တိုဘာလ ၂၈ ရက်နေ့ မနက်ပိုင်း ၇ နာရီခွဲဝန်းကျင်မှာလည်း ဟားခါးမြို့ပြင်ရှိ Rual U သင်ချိုင်းကုန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များကို ချင်းတော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်‌မှုကြောင့် ဆုပ်ခွါသွားကြသည်ဟု သိရသည်။

ထိုပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်က ဟားခါးမြို့ ရုန်းတောင်မှ လက်နက်ကြီးများဖြင့် ပစ်ကူခဲ့သောကြောင့် ဟားခါးမြို့ မြို့သစ်ရပ်ကွက်ထဲ လက်နက်ကြီးကျည် ၄ လုံး ကျရောက်ပေါက်ကွဲကာ ဆယ်ကျော်သက်အရွယ်အပါအဝင် ဒေသခံ ၄ ဦး လက်နက်ကြီးကျည်ဆထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.