Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အမ်းမြို့တိုက်ပွဲဘက် စစ်ကူပို့သည် စစ်ယာဉ်တန်းမှ တပ်ဖွဲ့ဝင်တချို့နှင် PRA – မကွေးတို့ တိုက်ပွဲဖြစ်

အမ်းမြို့တိုက်ပွဲဘက် စစ်ကူပို့သည် စစ်ယာဉ်တန်းမှ တပ်ဖွဲ့ဝင်တချို့နှင် PRA – မကွေးတို့ တိုက်ပွဲဖြစ်

0
By Editor on November 21, 2024 Headline

စစ်ကောင်စီမှ ၉ ဦးသေဆုံး၊ ၁၀ ဦး ဒဏ်ရာရဟု PRA မကွေးထုတ်ပြန်

(006SV)

မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းရှိ ပဒါန်း – အမ်း လမ်းပိုင်း ဂုတ်ကြီးကျေးရွာအနီးမှာ စစ်ကောင်စီစစ်ကြောင်းကို PRA – မကွေး တပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၀ ရက် ညနေ ၄ နာရီခန့်က ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာ၏ အရှေ့ဘက် မီတာ ၁၀၀၀ ခန့်အကွာတွင် အင်အား ၄၀ ခန့်ပါသည့် စစ်ကောင်စီ စစ်ကြောင်းနှင့် ၁၅ မိနစ်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA- Magway) က ယနေ့ နိုဝင်ဘာလ ၂၁ ရက်မှာ ထုတ်ပြန်သည်။

ပဒါန်း – အမ်း လမ်းပိုင်းတွင် ရခိုင်ပြည်နယ်၊ အမ်းဘက်သို့ စစ်ကူပို့သည် စစ်ကောင်စီယာဉ်တန်း ကားပျက်၍ကျန်နေသော တပ်ဖွဲ့ဝင်တချို့နှင့် ယာဉ်တန်းလုံခြုံရေးယူနေသည့် တပ်ဖွဲ့ဝင်များ ပူးပေါင်ပြီး ဂုတ်ကြီးကျေးရွာဘက် လာချိန်တွင် တိုက်ပွဲ ဖြစ်ပွားသည်ဟု PRA – မကွေး စစ်ဦးစီးချုပ်က ပြောသည်။

“အဲဒီ အင်အား ၄၀ ပါတဲ့ စစ်ကြောင်းက ကျနော်တို့ သတ်ကွင်းထဲကို စတင်ဝင်လာတဲ့အချိန်မှာ စတင်တိုက်ခိုက်တယ်။ ကျန်တဲ့ လူတွေက ကားလမ်းအောက်ဘက်ကို ဆင်းပြေးပြီး ပြန်ပစ်တဲ့ လူတွေ ရှိသလို ထွက်ပြေးတဲ့ လူတွေလည်းများတယ်” ဟု PRA-Magway စစ်ဦးစီးချုပ် နောင်သူရိန်က ပြောသည်။

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ထဲကို စစ်ကူနှင့်ထောက်ပို့ပေးရာတွင် အရေးပါလှသည့် အမ်း- ပဒါန်းလမ်းပိုင်းကို နှစ်ဖက်တပ် တွေကြား ထိန်းချုပ်နိုင်ရေးအတွက် တိုက်ပွဲအတွင်း စစ်ကောာင်စီမှ တပ်ကြပ်ကြီး အဆင့် အပါအဝင် ၉ ဦး တို့ သေဆုံးခဲ့သည်ကို မြင်တွေ့ခဲ့ရပြီး ၁၀ ဦးခန့် ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့ဘက်က ထိခိုက်ဒဏ်ရာ ရရှိမှု မရှိဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ အမှတ် – ၉၀၅ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် လက်အောက်ခံတပ်များနှင့် ပေါ်တာဆွဲခံရသော သင်တန်းဆင်း တပ်ဖွဲ့ဝင်များ ဖြစ်သည်ဟု သိရသည်။

နိုဝင်ဘာလ ၅ ရက်ကလည်း ဂုတ်ကြီးကျေးရွာထိပ်၊ ဘုံဘောလမ်းဆုံနှင့် မိုင်တိုင် ၁၁ တို့ရှိ အမ်း – ပဒါန်းလမ်းပိုင်းကို လုံခြုံရေးယူထားသည့် စစ်ကောင်စီ ကင်းစခန်း ၂ ခုကို ACDF အပါအဝင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ တပြိုက်နက် စီးနင်းတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

PRA – မကွေး၏ စစ်ရေး ရည်မှန်းချက်သည် ဧရာဝတီမြစ်အနောက်ဘက်ခြမ်း ဒေသထိန်းချုပ် စိုးမိုးနိုင်ရေးဖြစ်ပြီး အမ်း-ပဒါန်းလမ်းပိုင်း ထိန်းချုပ်နိုင်ရေးမှာ စစ်ရေးရည်မှန်းချက်၏ ရှေ့ပြေးလှုပ်ရှားမှုဖြစ်ကြောင်း သိရသည်။

ယင်းနောက် ဒေသအသီးသီးရှိ စစ်နယ်ဝန်းတိုးချဲ့လာမှုနှင့်အတူ တညီတညွတ်တည်း စုပေါင်းအကောင်အထည် ဖော်သွားမည်ဟု PRA – မကွေးက ထံမှ သိရသည်။

လက်ရှိတွင် အာရက္ခတပ်တော် (AA) သည် ရခိုင်ပြည်နယ် အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် – နပခကို သိမ်းယူနိုင်ရန် စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နပခအပါအဝင် စခန်း အနည်းငယ်သာ ကျန်ရှိတော့ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.