Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းအပါအဝင်နိုင်ငံတဝန်းမှာ ၄ လအတွင်း လေကြောင်း၊ ဒရုန်းတိုက်ခိုက်မှု ၁၃၀၀ ကျော် စစ်ကောင်စီပြုလုပ်

ချင်းအပါအဝင်နိုင်ငံတဝန်းမှာ ၄ လအတွင်း လေကြောင်း၊ ဒရုန်းတိုက်ခိုက်မှု ၁၃၀၀ ကျော် စစ်ကောင်စီပြုလုပ်

0
By Editor on November 22, 2024 Headline

အရပ်သားပြည်သူ ၅၈၀ ခန့်သေဆုံးပြီး ၅၀ မှာ ကလေးသူငယ်များဖြစ်နေ

(006SV)

ချင်းပြည်နယ်အပါအဝင် နိုင်ငံတဝန်းတွင် စစ်ကောင်စီသည် လေးလအတွင် လေကြောင်းနှင့် ဒရုန်းတိုက်ခိုက်မှု ပေါင်း ၁၃၀၀ ကျော် ပြုလုပ်ခဲ့ရာ ကလေးငယ် ၅၀ အပါအဝင် အရပ်သားပြည်သူ ၅၈၀ ခန့် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၉၀၀ နီးပါးရှိသည်ဟု သွေးစွန်းငွေအဖွဲ့ထံမှ သိရသည်။

၂၀၂၄ ဇွန်လမှ စက်တင်ဘာလအထိ နိုင်ငံတဝန်းမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁၂၁၀ ပြုလုပ်ခဲ့ရာ ကလေးငယ် ၄၉ ဦးနှင့် အမျိုးသမီး ၉၆ ဦးအပါအဝင် အရပ်သားပြည်သူ စုစုပေါင်း ၅၄၀ ကျော် သေဆုံးခဲ့သည်၊ ၈၂၇ ဦးမှာ ဒဏ်ရာများရရှိခဲ့ သည်ဟု သိရသည်။

စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများသည် အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း တွေ့ရသည်၊ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်းမှာသာမက တိုက်ပွဲမရှိသည့် နေရာမှ အရပ်သားများကိုပါ ဗုံးကြဲတိုက်ခိုက်မှု အမြောက်အများ တွေ့ရသည်ဟု သွေးစွန်းငွေက ဆိုသည်။

ဒရုန်းတိုက်ခိုက်မှု ၉၈ ကြိမ်ပြုလုပ်ရာမှာ ကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၂၂ ဦးအပါအဝင် အရပ်သားပြည်သူ ၃၈ ဦး သေဆုံးပြီး ၇၀ ဦးမှာ ဒဏ်ရာများရရှိခဲ့ကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု သွေန်းစွန်းငွေ၏ သုသေတန ပြုလုပ်ချက်အရ သိရသည်။

စစ်ကောင်စီ၏ လေကြောင်းနှင့် ဒရုန်းတိုက်ခိုက်မှုကြောင့် လူနေအိမ် ၆၆၅ လုံး၊ ဘာသာရေးအဆောက်အအုံ ၈၄ ခု၊ စာသင် ကျောင်း ၂၇ ကျောင်း၊ UN ရုံး ၁ ရုံး၊ စစ်ဘေးရှောင်စခန်း ၂ ခု၊ ဆေးရုံးဆေးခန်း ၂ ခု၊ အချုပ်ထောင် ၂ ခုတို့ ပျက်စီးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီသည် ချင်းပြည်နယ်ထဲမှာ ၄ လအတွင်း လေကြောင်းတိုက်ခိုက်မှု ၃၅ ကြိမ်ပြုလုပ်ခဲ့ပြီး စက်တင်ဘာလသည် လေကြောင်း တိုက်ခိုက်မှု ၁၃ ကြိမ်ဖြင့် အများဆုံးလဖြစ်သည်ဟု သွေးစွန်းငွေ၏ စာရင်းများအရ သိရသည်။

ချင်းပြည်နယ်က မြို့များအတွင်း မင်းတပ်မြို့သည် လေးလအတွင်း လေကြောင်းတိုက်ခိုက်ခံရမှု ၂၅ ကြိမ်ဖြင့် အများဆုံးမြို့ဖြစ်နေပြီး ပြည်နယ်တခုလုံးက လေကြောင်းတိုက်ခိုက်ခံရမှု၏ ၇၁ ရာခိုင်နှုန်းနှင့် ညီမျှကြောင်း တွေ့ရသည်ဟု ဆိုသည်။

လေကြောင်းတိုက်ခိုက်မှုများကြောင့် ၄ လအတွင်း ချင်းပြည်နယ်တွင် ကလေးငယ်နှင့် အမျိုးသမီး အပါအဝင် အရပ်သားပြည်သူ ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၄ ဦးအထိ ရှိသည်ဟု သိရသည်။

နေအိမ် ၃၉ လုံး၊ ဘာသာရေးအဆောက်အအုံ ၈ ခု၊ စာသင်ကျောင်း ၂ ကျောင်း ပျက်စီးဆုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများသည် အများပြည်သူ အိပ်စက်နေသော ညဉ့်နက်သန်းခေါင်ယံ အချိန်များ၊ မနက် အစောပိုင်းအချိန်းများတွင် ဗုံးကြဲတိုက်ခိုက်မှု အကြိမ်များစွာ ပြုလုပ်သည်ဟု သိရသည်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအားလုံးကို စစ်ကောင်စီထံ လေယာဉ်ဆီ တင်ပို့ရောက်ချခြင်းကို ပိတ်ပင်တားဆီးပေးရန်နှင့် လုပ်ဆောင်နေသည့် ကုမ္မဏီများကို အရေးယူရန်အပါအဝင် အချက် ၄ ချက်ကို နိုင်ငံတကာအစိုးရများကို သွေးစွန်းငွေအဖွဲ့က တောင်းဆိုထားသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဗီယက်နမ်နှင့် စင်ကာပူအစိုးရသည် စစ်ကောင်စီထံ လေယာဉ်ဆီများ ရောင်းချနေမှုကို ခွင့်ပြုပေးနေဆဲဖြစ်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ရခိုင်ပြည်သူ အစုအပြုံလိုက်သေဆုံးရသော ကျောက်တော်ဗုံးကြဲခံရမှု CNF က အပြင်းအထန် ရှုတ်ချ

ချင်းပြည်မှာ သဘာဝဘေးဒဏ်နှင့် ရင်ဆိုင်နေရပြီဟု ချင်းလူမှုဖွံ့ဖြိုးရေးဝန်ကြီးပြော

မံဆောင်းတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တီးတိန်သို့ ပြန်လည်ဆုတ်ခွာ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
October 2, 2026

ရခိုင်ပြည်သူ အစုအပြုံလိုက်သေဆုံးရသော ကျောက်တော်ဗုံးကြဲခံရမှု CNF က အပြင်းအထန် ရှုတ်ချ

October 2, 2026

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တီးတိန်-ရိဒ်ကြား လမ်းပိုင်းဆိုးရွားစွာပျက်စီး

October 2, 2026

ချင်းပြည်မှာ သဘာဝဘေးဒဏ်နှင့် ရင်ဆိုင်နေရပြီဟု ချင်းလူမှုဖွံ့ဖြိုးရေးဝန်ကြီးပြော

September 30, 2026

မံဆောင်းတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တီးတိန်သို့ ပြန်လည်ဆုတ်ခွာ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.