Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကန်ပက်လက်တွင် ချင်းတော်လှန်ရေးအဖွဲ့ အချင်းချင်း စီးနင်းဖမ်းဆီးမှုဖြစ်ပွား
Photo credit - VOC

ကန်ပက်လက်တွင် ချင်းတော်လှန်ရေးအဖွဲ့ အချင်းချင်း စီးနင်းဖမ်းဆီးမှုဖြစ်ပွား

0
By Editor on November 26, 2024 Headline

(006SV)

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် ချင်းတော်လှန်ရေးအင်အားစု အချင်းချင်းဖြစ်သည့် ကန်ပက်လက်ကောင်စီ ခေါင်းဆောင်တချို့ကို CDF – ကန်ပက်လက်က စီးနင်းဖမ်းဆီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၄ ရက်က ကန်ပက်လက်မြို့နယ်၊ အမှတ် ၅ ဒေသတွင် ကန်ပက်လက်ကောင်စီ ဥက္ကဌ ဦးမနားထန်းကို CDF – ကန်ပက်လက်က အင်အား ၁၅ ဦးခန့်ဖြင့် လာရောက်ဖမ်းဆီးခဲ့သည်ဟု ကန်ပက်လက်ကောင်စီအဖွဲ့ဝင် တစ်ဦးက ပြောသည်။

ဦးမနားထန်းကို အသင်းတော်တစ်ခုတွင် ဝတ်ပြုနေသည်ကို တွေ့ရှိချိန် ခေါ်ဆောင်ရန် ကြိုးစားရာတွင် ဒေသခံရွာသားတချို့နှင့် CDF – ကန်ပက်လက်တပ်ဖွဲ့ဝင်များ ထိပ်တိုက်တွေ့ပြီး ပြန်လည်ထွက်ခွာသွားသည်ဟု သိရသည်။

“ဦးမနားထန်းက တနင်္ဂနွေးနေ့ဆိုတော့ ဘုရားဝတ်ပြုနေတာ၊ အဲဒီမှာ ပြည်သူလူထုတွေလည်း ရှိတယ်။ အဲဒါ သူတို့ရောက်တာနဲ့။ လူထုက လက်မခံတာနဲ့ သူကိုဖမ်းရင် လူထုနဲ့ ပဋိပက္ခဖြစ်မယ်ဆိုပြီး လူထုက ဆန္ဒပြတော့ မနားထန်းက အဖမ်းမခံရဘူး” ဟု ကန်ပက်လက်ကောင်စီအဖွဲ့ဝင် တစ်ဦးက ပြောသည်။

ထို့နောက် CDF – ကန်ပက်လက်မှ ရဲဘော်များသည် ကန်ပက်လက်ကောင်စီ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟာကီးကို နေအိမ်တွင် သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဦးဟာကီးသည် နေအိမ်အနောက်ဘက် ပြတင်းမှ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး၊ တောထဲတွင် တိမ်းရှောင်နေရကြောင်း၊ ၎င်းနေအိမ်မှ စာရွက်စာတမ်းနှင့် အဝတ်အထည်တချို့ ယူဆောင်သွားခံရသည်ဟု သိရသည်။

“အခုက ကန်ပက်လက်မှာ ကျနော်တို့ နေဖို့က လုံးဝအဆင်မပြေဘူး။ စစ်ဘေးကလည်း ရှောင်ရသေးတယ်။ နောက်ဆုံးတော့ ကောင်စီအကြီးအကဲတွေရယ်၊ အုပ်ချုပ်ရေးမှူးတွေကို သူတို့က အားလုံးဖမ်းချုပ်မယ်။ ကောင်စီကို ဖျက်သိမ်းမယ်။ အဲဒါကို ဦးတည်ထားပြီး လုပ်တာဖြစ်ပါတယ်။ ကျနော်ကိုလည်း ရှောင်ခိုင်းတယ်။ အခြေအနေကြည့်နေရတယ်” ဟု ကန်ပက်လက် ကောင်စီအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ CDF – ကန်ပက်လက်မှ တာဝန်ရှိသူတစ်ဦးက ကန်ပက်လက်ကောင်စီမှ အင်အားစုတချို့ကို သွားရောက်ဖမ်းဆီးခဲ့ပြီး ဖမ်းမမိခဲ့ကြောင်း အတည်ပြုဖြေဆိုသည်။

“ကျနော်တို့ သွားဖမ်းတာက ပြည်သူတွေကြားထဲမှာ သတင်းအမှားတွေဖြန့်ဝေပြီး ပြည်သူလူထုကိုယ်စားဆိုပြီး သူ့သဘောနဲ့သူ ထုတ်ပြန်ချက်တွေ မကြာခဏထုတ်‌နေသလို၊ ပြည်သူတွေကို ထိန့်လန့်အောင် သတင်းမှား‌ တွေ မကြာခဏ ဖြန့်ဝေနေပါတယ်လို့ ခိုင်လုံတဲ့ အ‌ထောက်အထားတွေနဲ့ ကန်ပက်လက်မြို့နယ် ပြည်သူလူထု‌ဆီက မကြာခဏ တိုင်တန်းချက်‌တွေ ရှိလို့ အကြိမ်ကြိမ် သတိပေးမှုတွေလုပ်တာလည်း တစ်နှစ်ကျော်ပါပြီ။ ဒါ‌ကြောင့် သွား‌ရောက်ဆင့်ခေါ်တာကို ထွက်ပြေးတိမ်းရှောင်နေတာပါ” ဟု CDF ကန်ပက်လက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကန်ပက်လက်မြို့နယ်တွင် ကန်ပက်လက်ကောင်စီနှင့် ယခင်က CDF – ကန်ပက်လက် တပ်ရင်း ၇ တို့သည် ချင်းလဲန်းကောင်စီ၏ အဖွဲ့ဝင်ဖြစ်ပြီး CDF – ကန်ပက်လက်နှင့် ကန်ပက်လက်မြို့နယ်ကောင်စီတို့သည် ICNCC / ချင်းညီနောင်တို့၏ အဖွဲ့ဝင်ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မရာလက်နက်ကိုင်နှစ်ဖွဲ့ တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသော ပြည်သူများကို ချင်းပြည် (Chinland) အစိုးရက ငွေကြေးထောက်ပံ့

ကန်ပက်လက်မြို့နယ်ထဲကို စစ်ကော်မရှင်က ပေါင် ၅၀၀ ဗုံးများဖြင့် တိုက်ခိုက်

ကလေးမြို့တွင် စစ်မှုထမ်းရန် နေအိမ်ထဲထိ ညအချိန် ဝင်ရောက်ဖမ်းဆီးမှုများရှိနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.