Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်နှင့် ဖလမ်းတွင် ချင်းညီနောင်နှင့် စစ်ကောင်စီတို့ တလနီးပါးကြာ တိုက်ပွဲများဆက်လက်ပြင်းထန်နေ

မင်းတပ်နှင့် ဖလမ်းတွင် ချင်းညီနောင်နှင့် စစ်ကောင်စီတို့ တလနီးပါးကြာ တိုက်ပွဲများဆက်လက်ပြင်းထန်နေ

0
By Editor on December 4, 2024 Headline

မြို့ပေါ် နေရာတချို့ ထိန်းချုပ်ထားနိုင်ပြီဟု ချင်းညီနောင်အဖွဲ့တာဝန်ရှိသူများ ပြော

(006SV)

ချင်းညီနောင်၏ မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် မင်းတပ်မြို့နှင့် ဖလမ်းမြို့တွင် တိုက်ပွဲများ တလနီးပါး ဆက်လက် ပြင်းထန်နေပြီး မြို့ပေါ် နေရာတချို့ကို ထိန်းချုပ်ထားနိုင်ပြီဟု ချင်းညီနောင်အဖွဲ့တာဝန်ရှိသူများက ပြောသည်။

ချင်းပြည်နယ်၊ မင်းတပ်နှင့် ဖလမ်းမြို့ပေါ်က စစ်ကောင်စီအခြေပြု စစ်စခန်းများကို ချင်းညီနောင် စစ်ဆင်ရေးအဖြစ် ချင်းပူး ပေါင်းတပ်များနှင့် မဟာမိတ်အဖွဲ့များက နိုဝင်ဘာလ ၉ ရက်မှ စတင်၍ တပြိုက်နက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ဒီဇင်ဘာလ ပထမပတ်အထိ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။

“စစ်ရေးကတော့ မင်းတပ်ရော၊ ဖလမ်းဘက်ရော နေ့တိုင်း တိုက်ပွဲကတော့ ရှိပါတယ်။ ထိန်းချုပ်နိုင်ပြီးဆိုတာက အရေးကြီးတဲ့ စခန်းတွေ ကျန်ပါသေးတယ်။ ကြိုးစားနေတဲ့ အခြေအနေမှာ ရှိပါတယ်။ လေယာဉ်ကတော့ တောက်လျှောက်ပါပဲ။ အဓိကက ကျနော်တို့ စစ်ရေးဘက်နဲ့ မဆိုင်တဲ့ ပြည်သူတွေရဲ့ နေရာတွေကို ပစ်ခတ်တာတွေ ရှိတယ်။ ရွာတွေမှာပေါ့လေ” ဟု ချင်းအမျိုး သားကာကွယ်ရေးတပ်ဖွဲ့ (CNO/ CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောသည်။

ဖလမ်းမြို့တိုက်ပွဲတွင် စစ်ကောင်စီ၏ အခိုင်အမာစခန်းတချို့ ကျန်ရှိနေသေးပြီး လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ အများအပြားဖြင့် ခုခံလျက်ရှိကြောင်း သိရသည်။

ဖလမ်းမြို့၊ ဆူရ်းဘုန်လေယာဉ်ကွင်း တောင်ကြောဘက်ကို ယမန်နေ့ ဒီဇင်ဘာလ ၃ ရက် မနက်ပိုင်းက စစ်ကောင်စီသည် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ခလရ – ၂၆၈ တပ်ရင်းကိုလည်း လက်နက်ခဲယမ်းနှင့် ရိက္ခာထုပ်များ လေကြောင်းဖြင့် ဖြည့်တင်းခဲ့ကြောင်း သိရသည်။

မင်းတပ်မြို့ပေါ်နှင့် စစ်ကောင်စီစခန်းအများအပြားကိုလည်း ချင်းပူးပေါင်းတပ်က ထိုးစစ်ဆင်ကာလအတွင်း သိမ်းပိုက်ထိန်း ချုပ်ထားနိုင်သည့် အောင်မြင်မှုများ ရရှိထားကြောင်း၊ မြို့ကို အလုံးစုံထိန်းချုပ်နိုင်ပြီဟူသော သတင်းမှာ မဟုတ်မှန်ကြောင်း မင်းတပ်မြို့နယ်- ပအဖမှ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောသည်။

“မင်းတပ်ကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီးဆိုတာက မဟုတ်မမှန်ပါဘူး။ နည်းနည်း ချဲ့ကားတဲ့ သဘောမျိုးပါ။ ကျနော်တို့ ထိန်းချုပ်နိုင်တဲ့ အပိုင်းတွေ၊ သိမ်းယူနိုင်တဲ့ စခန်းတွေ တော်တော်များများ ရှိပါတယ်။ ဒါကိုလည်း နောက်မှပဲ တရားဝင် သတင်းထုတ်ပြန်ဖို့ ရှိပါတယ်။ လောလောဆယ် ပြောနိုင်တာက ဖလမ်းမြို့ရော၊ မင်းတပ်မြို့ရော စစ်ကောင်စီ ကင်းစင် သွားတာမျိုး၊ အပြည့်အဝထိန်းချုပ်နိုင်တာမျိုးက မရှိသေးပါဘူး” ဟု ကိုယောမာန်က ပြောသည်။

မင်းတပ်နှင့် ဖလမ်းမြို့တို့ကို ချင်းညီနောင်နှင့် ပူးပေါင်းတပ်က ထိန်းချုပ်ထားနိုင်ပြီဟု Mandalay Free Press – MFP က ယမန်နေ့က ရေးသား ဖော်ပြခဲ့ပြီး ယင်းသတင်းမှာ မဟုတ်မှန်ကြောင်း၊ ချဲ့ကား ရေးထားခြင်းသာ ဖြစ်ကြောင်း ချင်းညီနောင် တာဝန်ရှိသူများက ပြောသည်။

လက်ရှိ ချင်းညီနောင် စစ်ဆင်ရေးတွင် စစ်ကိုင်းမှ တော်လှန်ရေးအင်အားစုများ ဖြစ်သော ဗမာအမျိုးသားတော်လှန်ရေး တပ်မတော် (BNRA) နှင့် Generation Z Army (GZA) တို့ ပါဝင်တိုက်ခိုက်နေကြောင်း သိရသည်။

မကွေးတိုင်းထဲနှင့် ယောနယ်ဘက်မှ အညာတော်လှန်ရေးတပ်ဖွဲ့များလည်း ပါဝင်တိုက်ခိုက်လျက်ရှိကြောင်း ချင်းအမျိုး သားအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဆလိုင်းဝီလီယံချင်းက ပြောသည်။

တိုက်ပွဲတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက်ကျဆုံးမှု ရှိနေသကဲ့သို့ ချင်းမဟုတ်သော တော်လှန်ရေးရဲဘော်တချို့လည်း ထိခိုက်ကျဆုံးမှု ရှိသည်ဟု သိရသည်။

မင်းတပ်နှင့် ဖလမ်းမြို့က ချင်းညီနောင် စစ်ဆင်ရေးကို လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ အများအပြားဖြင့် စစ်ကောင်စီ သည် ခုခံတိုက်ခိုက်လျက်ရှိပြီး မြို့ပေါ်နေအိမ်အများအပြားကိုလည်း မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။

နိုဝင်ဘာလ ၂၆ ရက်က ဖလမ်းမြို့၊ လုမ်သဲကျေးရွာက ပြည်သူ့ဆေးရုံးကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ကျန်းမာရေးဝန်ထမ်း ၂ ဦးအပါအဝင် ပြည်သူ ၇ ဦး သေဆုံးခဲ့ပြီး ၄ ဦးထိခိုက်ဒဏ်ရာများ ရရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.