Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»လောက်တူနယ်ဒေသတွင် ဓာတ်သတ္တုလုပ်ငန်းလုပ်ကိုင်သူများ လုပ်ငန်းလိုင်စင်လျှောက်ရမည်

လောက်တူနယ်ဒေသတွင် ဓာတ်သတ္တုလုပ်ငန်းလုပ်ကိုင်သူများ လုပ်ငန်းလိုင်စင်လျှောက်ရမည်

0
By Editor on December 6, 2024 Headline

ချင်းပြည်နယ် လောက်တူနယ်ဒေသအတွင်း ဓာတ်သတ္တုလုပ်ငန်းလုပ်ကိုင်လိုသူများအနေဖြင့် လုပ်ငန်းလိုင်စင်ခွင့်ပြု ချက် လျှောက်ထားကြရန် လောက်တူနယ်ဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သေန္တရအုပ်ချုပ်ရေးရုံးက ဒီဇင်ဘာလ ၅ ရက် နေ့က ထုတ်ပြန်သည်။

၂၀၂၄ ခုနှစ် မေလ ၁၃ ရက်မှ ၁၅ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော ပထမအကြိမ်လောက်တူပြည်သူ့ရေးရာ ကောင်စီ တတိယအကြိမ်အစည်းအဝေးမှာ ဒေသတွင်းဓာတ်သတ္တုဆိုင်ရာလုပ်ငန်းများ စနစ်တကျလုပ်ကိုင်နိုင်ရေး လောက်တူ နယ်ဒေသ ဓတ်သတ္တုဆိုင်ရာ ဥပဒေကို အတည်ပြုပြဌာန်းခဲ့ကြသည်။

ယင်းဥပဒေအရ လောက်တူနယ်ဒေသမှာ ဓာတ်သတ္တုလုပ်ငန်းဆောင်ရွက်မည်ဆိုပါက ခွင့်ပြုချက်လိုင်စင်လျှောက် ထားကြရန် နှစ်ကြိမ်ထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း လက်ရှိမှာ တရားမဝင် လုပ်ကိုင်ဆောင်ရွက်နေသူများ စိစစ်တွေ့ရှိ ရသောကြောင့် နောက်ဆုံးကြိမ်အဖြစ် ထပ်မံအသိပေးထုတ်ပြန်ရခြင်းဖြစ်သည်ဟု သိရသည်။

ဓာတ်သတ္တုဆိုင်ရာ လုပ်ငန်းဆောင်ရွက်မည့်သူတွေအနေဖြင့် ယခုစာထုတ်ပြန်သည့်ရက်မှ ၁၀ ရက်အတွင်း လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ကိုလျှောက်ထားရမှာဖြစ်ပြီး သတ်မှတ်ရက်ကာလကျော်လွန်သည့်အထိ လိုက်နာဆောင်ရွက် ခြင်းမရှိသော မည်သူကိုမဆို ဥပဒေအရ အရေးယူသွားမည်ဟုဆိုသည်။

ဓာတ်သတ္တုထုတ်လုပ်ရောင်းချခွင့်လုပ်ငန်းလိုင်စင်အမျိုးအစားအလိုက် အုပ်ခဲထုတ်လုပ်ခွင့်လိုင်စင်အတွက် ကျပ်ငွေ ၁၀ သိန်း၊ သဲထုတ်လုပ်ခွင့်လိုင်စင်အတွက် ၁၀ သိန်း နှင့် ကျောက်ထုတ်လုပ်ခွင့်လိုင်စင်အတွက် ကျပ်ငွေ ၈ သိန်း အသီးသီး သတ်မှတ်ထားကြောင်း လောက်တူနယ်ဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သေန္တရအုပ်ချုပ်ရေးရုံးက ထုတ်ပြန်ထားသည်။

ထို့အပြင် လုပ်ငန်းလိုင်စင်လျှောက်ထားသူများအနေဖြင့် မိမိလုပ်ကိုင်လိုသည့် အဆိုပြုစီမံကိန်းဧရိယာသည် အငြင်းပွား မှုကင်းစင်းသောနယ်မြေဖြစ်ရမည်၊ ရပ်ရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထောက်ခံစာများကိုလည်းပူးတွဲတင်သွင်းရမည် ဖြစ်ပြီး လိုင်စင်သက်တမ်းမှာ စတင်လုပ်ကိုင်သည့်နေ့မှ ၁၂ လအထိဖြစ်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မရာလက်နက်ကိုင်နှစ်ဖွဲ့ တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသော ပြည်သူများကို ချင်းပြည် (Chinland) အစိုးရက ငွေကြေးထောက်ပံ့

ကန်ပက်လက်မြို့နယ်ထဲကို စစ်ကော်မရှင်က ပေါင် ၅၀၀ ဗုံးများဖြင့် တိုက်ခိုက်

ကလေးမြို့တွင် စစ်မှုထမ်းရန် နေအိမ်ထဲထိ ညအချိန် ဝင်ရောက်ဖမ်းဆီးမှုများရှိနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.