Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဒေသခံတစ်ဦးကို CNA က ဖမ်းဆီးထားစဉ် သေဆုံးမှုဖြစ်ပွား

ဒေသခံတစ်ဦးကို CNA က ဖမ်းဆီးထားစဉ် သေဆုံးမှုဖြစ်ပွား

0
By Editor on December 12, 2024 Headline

လူသေဆုံးမှုရှိသော ဖမ်းဆီးထိန်းသိမ်းမှုကို အရေးယူပေးရန် ZFU/PDF – Zoland တောင်းဆို

(006SV)

ချင်းပြည်နယ်၊ တွန်းဇံမြို့တွင် ချင်းအမျိုးသားတပ်မတော် CNA က စိတ်ကျန်းမာရေးချို့ယွင်းသူ ဒေသခံတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားစဉ် ရက်ပိုင်းအတွင်း သေဆုံးသွားကြောင်း သိရသည်။

တီးတိန်မြို့၊ စကောလမ်းရပ်ကွက်က တာန်လန့်ခန့်ဆွင်းသည် တွန်းဇံမြို့သို့ သွားရောက်စဉ် တုန်းတွောင်ကျေးရွာအနီးတွင် ဒီဇင်ဘာလ ၉ ရက်က CNA တပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ဒီဇင်ဘာလ ၁၀ ရက် နံနက်ပိုင်းမှာ သေဆုံးခဲ့သည်ဟု PDF – Zoland နှင့် CDF – တွန်းဇံ တပ်ဖွဲ့များထံမှ သိရသည်။

“တုန်းတွောင်ဂိတ်မှာ CNA ကင်းသမားက ရပ်ခိုင်းတာကို မရပ်ပဲ ထွက်ပြေးသွားတယ်တဲ့။ လိုက်ဖမ်းတာ၊ ပြန်မိတယ်။ သူတို့က တွန်းဇံမြို့နယ်ကောင်စီဥက္ကဌ ကျနော်ဆီကို လာအပ်တယ်။ ဗစ်တိုရီးယာကမ့်စခန်းမှာ ချင်းလဲန်းကောင်စီဦးဆောင်ကော်မတီ အစည်းအဝေး လုပ်နေချိန်ဆိုတော့ ကျနော်က မရှိဘူး။ ကျနော်မရှိတော့ CNA က သူတို့ဘာသာပဲ ထောင်ထဲမှာ ထည့်ပြီးတော့ မေးမြန်းချက် လုပ်ကြတော့ သူက လုံးဝ ပြန်မထူးဘူးတဲ့။ စကားတခွန်းပဲ ပြောတယ်။ “မွာလ်ပီးရွာမှာ ခိုင်နီးသွား ငုံမလို့” တဲ့။ နောက်ပိုင်းတော့ ဒီလူက စိတ်မနှံ့သူ ဖြစ်နိုင်တယ်ဆိုပြီးတော့ ဆက်မမေးတော့ပဲ စောင်တွေ စီစဉ်ပေးပြီး အိပ်ခိုင်းတယ်တဲ့။ မနက် မိုးလင်းတော့ ကင်းသမား ကြည့်တော့ သူက သေသွားတယ် ပြောတယ်” ဟု CDF တွန်းဇံ စစ်ဦးစီးချုပ် ထန်ဆွန်မုန်းက ပြောသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို မိသားစုထံ ပြန်လည်လွှဲပေးလိုက်ပြီးဖြစ် ကြောင်း၊ တွန်းဇံမြို့နယ်ထဲက CNA တပ်ရင်းမှူးနှင့် တိုင်ပင်၍ ချင်းဓလေ့ထုံစံနှင့်အညီ မိသားစုဆွေမျိုး အသိုင်းအဝိုင်းနှင့် ကြေအေးမှု ရယူထားပြီးပြီဟု သိရသည်။

ZFU/ PDF – Zoland ၏ ထုတ်ပြန်ချက်မှာတော့ ဖမ်းဆီးခံရသူ တာန်လန့်ခန့်ဆွင်းသည် CNA တပ်ဖွဲ့ဝင်တချို့၏ ရိုက်နှက်စစ်ဆေးမေးမြန်းမှုကို ခံရပြီး လက်လွန်မှုကြောင့် ဒီဇင်ဘာလ ၁၀ ရက်တွင် အသက်သေဆုံးခြင်းဖြစ်သည်ဟု ဒီဇင်ဘာလ ၁၁ ရက်က ထုတ်ပြန်သည်။

ဒေသခံပြည်သူတစ်ဦး သေဆုံးမှုနှင့်ပတ်သက်၍ CNA တပ်ဖွဲ့ ခေါင်းဆောင်များအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရန် လိုအပ်ပြီး ကျူးလွန်သူများကို တရားဥပဒေအရ ထိရောက်စွာ အရေးယူမှု ဆောင်ရွက်ပေးရန် ZFU/ PDF – Zoland က တောင်းဆိုသည်။

“သူတို့ကလည်း အမှန်ဆိုရင် CNF ခေါင်းဆောင်တွေအနေနဲ့ တပည့်တွေက ရိုက်နှက်သတ်ခဲ့တာဆိုတော့ သူတို့ခေါင်းဆောင် တွေက အရေးယူသင့်တယ်။ ကျနော်တို့က အရေးယူမှာ မဟုတ်ဘူး။ သူတို့ကလည်း အဖွဲ့အစည်းတစ်ခုဆို‌တော့ သူတို့ ဥပဒေနဲ့ အညီ အရေးယူသင့်တယ်။ တော်လှန်ရေးကာလထဲမှာ အဲလို လက်လွန်တာမျိုးတွေ လုပ်တာတော့ စိတ်မကောင်းဘူး။ နောက်လည်း အဲလို မဖြစ်အောင် အဖွဲ့အစည်းတိုင်း သတိထားဖို့ ပြောချင်ပါတယ်” ဟု ZFU ပြောရေးဆိုခွင့်ရှိသူကပြောသည်။

သေဆုံးသူ တာန်လန့်ခန့်ဆွင်းသည် မလေးရှာနိုင်ငံတွင် စိတ်ကျန်းမာရေးချို့ယွင်းလာမှုကြောင့် ဇာတိ တီတိန်မြို့ကို ပြန်လာ၍ နေထိုင်သည်မှာ ၂ နှစ်ခန့်ကြာပြီးဖြစ်ကြောင်း သိရသည်။

တွန်းဇံမြို့နယ်ကို ဒေသချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် CDF – တွန်းဇံနှင့် ချင်းအမျိုးသာတပ်မတော် CNA တို့က သိမ်းပိုက် ထားပြီး အုပ်ချုပ်ရေး ယန္တရားများကို အကောင်အထည်ဖော်လျက်ရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မရာလက်နက်ကိုင်နှစ်ဖွဲ့ တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသော ပြည်သူများကို ချင်းပြည် (Chinland) အစိုးရက ငွေကြေးထောက်ပံ့

ကန်ပက်လက်မြို့နယ်ထဲကို စစ်ကော်မရှင်က ပေါင် ၅၀၀ ဗုံးများဖြင့် တိုက်ခိုက်

ကလေးမြို့တွင် စစ်မှုထမ်းရန် နေအိမ်ထဲထိ ညအချိန် ဝင်ရောက်ဖမ်းဆီးမှုများရှိနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.