Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဘာသာရေးအခမ်းအနား၊ ပွဲလမ်းသဘင်များ ကျင်းပခြင်း မပြုလုပ်ရန် မင်းတပ် – ပအဖ သတိပေးတားမြစ်

ဘာသာရေးအခမ်းအနား၊ ပွဲလမ်းသဘင်များ ကျင်းပခြင်း မပြုလုပ်ရန် မင်းတပ် – ပအဖ သတိပေးတားမြစ်

0
By Editor on December 17, 2024 Headline

(002MG)

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်နေချိန် ပြည်သူများအနေဖြင့် ဘာသာရေးအခမ်အနားနှင့် ပွဲများ၊ ရိုးရာပွဲလမ်းသဘင်များ ကျင်းပခြင်းမပြုလုပ်ရန် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့မှာ သတိပေးထုတ်ပြန်သည်။

ချင်းညီနောင်စစ်ဆင်ရေးအဖြစ် မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေသည့် မင်းတပ်မြို့တွင် စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာသောကြောင့် ဒေသခံပြည်သူများအနေဖြင့် ဘာသာရေးနှင့်ဆိုင်သော ပွဲလမ်းသဘင်များ၊ ရိုးရာပွဲလမ်းသဘင်များ လုံးဝမပြုလုပ်ရန် ထုတ်ပြန်ခြင်းဖြစ်သည်။

လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း မင်းတပ်မြိုနယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဒီဇင်ဘာလ ၁၇ ရက်မှာ ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။

မင်းတပ်မြို့ ပြည်သူများအနေဖြင့် လူစုလူဝေးပြုလုပ်ခြင်း၊ ရိုးရာပွဲလမ်းသဘင်များ ကျင်းပြခြင်း မပြုလုပ်ရန် ဇွန်လဆန်းကလည်း ထုတ်ပြန်ထားကြောင်း သိရသည်။

လက်ရှိ မင်းတပ်မြို့တိုက်ပွဲများတွင် စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများကို ပေါင် ၅၀၀ ဗုံး၊ အတွဲလိုက်ဗုံးအပါအဝင် ဗုံးအများအပြားအဖြင့် ဒီဇင်ဘာလ ၁၂ ရက်မှ ယနေ့ ၁၇ ရက်အထိ နေ့စဉ်ပြုလုပ်နေကြောင်း မင်းတပ်မြို့ခံတချို့ထံမှ သိရသည်။

ယနေ့ မနက်ပိုင်းတွင်လည်း မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီသည် Y-12 ကင်းထောက်လေယာဉ်၊ ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး နှစ်လုံး၊၁၂၀ ဗုံးသီး ၃ လုံးတွဲ၊ ၅ လုံးတွဲ၊ ၈ လုံးတွဲများဖြင့် ၁၁ ကြိမ်၊ ဗုံးသီး ၆၀ ကျော်ဖြင့် တိုက်ခိုက်ခဲ့သည်ဟု မင်းတပ်မြို့ခံတစ်ဦးထံမှ သိရသည်။

ယင်းလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများရှိသော်လည်း လုံခြုံရေး၊ ဆက်သွယ်ရေးအခက်အခဲများဖြင့် အသေးစိတ် သိရှိနိုင်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့် နိုဝင်ဘာ (၉) ရက်နေ့ကစတင်ပြီး မင်းတပ်မြို့နှင့် ဖလမ်းမြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်နေသည့် ချင်းညီနောင် စစ်ဆင်ရေးသည် တလပြည့်သွားပြီဖြစ်ပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.