Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်နေ

မင်းတပ်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်နေ

0
By Editor on December 19, 2024 Headline

(006SV)

မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်နေသည့် မင်းတပ်မြို့တွင် စစ်ကောင်စီနှင့် ချင်းပူးပေါင်းတပ်များအကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီသည် လေကြောင်းဖြင့် အတွဲလိုက်ဗုံးကြဲတိုက်ခိုက်မှုများကို နေ့စဉ်ပြုလုပ်နေကြောင်း မင်းတပ် ဒေသခံများထံမှ သိရသည်။

ယနေ့ ဒီဇင်ဘာလ ၁၉ ရက် မနက် ၂ နာရီခန့်က မင်းတပ်မြို့ပေါ် တိုက်ပွဲဖြစ်ပွားသော နေရာဝန်းကျင်ကို စစ်ကောင်စီသည် Y- 12 လေယာဉ်ဖြင့် ၁၂၀ မမ ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့သည်ဟု မင်းတပ်မြို့ဒေသခံတဦးက ပြောသည်။

“ဒီမနက် ၂ နာရီလောက်မှာ လေကြောင်းတိုက်ခိုက်မှု ရှိပါတယ်။ မင်းတပ်မြို့ပေါ်မှာ တိုက်ပွဲဖြစ်နေတဲ့နေရာမှာ လေကြောင်း တိုက်ခိုက်မှုလုပ်နေပါ။ သူတို့က Y – 12 လေယာဉ်နဲ့ ၁၂၀ မမ ဗုံးသီးတွေ ချတာပါ။ အနီးကပ်လည်း မဟုတ်တော့ ဘယ်လိုအခြေအနေရှိလဲက သိပ်ပြီးတော့ မပြောတတ်ဘူး” ဟု မင်းတပ်ဒေသခံက ပြောသည်။

နိုဝင်ဘာလ ၉ ရက်က စတင်ခဲ့သော မင်းတပ်မြို့သိမ်းစစ်ဆင်ရေးတွင် ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်မှ အောင်မြင်မှု တော်တော်များများကို ရရှိထားသည်ဟု CDF – မင်းတပ် တာဝန်ရှိသူများက ပြောသည်။

မင်းတပ်မြို့ပေါ်တိုက်ပွဲတွင် စစ်ကောင်စီသည် ဒီဇင်ဘာလ ၁၂ ရက်မှ စတင်၍ ယနေ့အထိ လေကြောင်းတိုက်ခိုက်မှုများကို နေ့မှာသာမက ညဘက်များတွင်ပါ အတွဲလိုက်ဗုံးများဖြင့် ပြင်းပြင်းထန်ထန်ပစ်ကူ ပေးနေကြောင်း ဒေသခံတချို့က ပြောသည်။

မင်းတပ်မြို့သိမ်း စစ်ဆင်ရေး ၁ လကျော် ရှိလာချိန်တွင် ဒီဇင်ဘာလ ၁၂ ရက်မှ စတင်၍ ခလရ – ၂၇၄ ဌာနချုပ်အတွင်းထိ ချင်းပူးပေါင်းတပ်က ဝင်ရောက် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၈ ရက် မနက်က မင်းတပ်မြို့ပေါ်ကို Y 12 လေယာဉ်ဖြင့် ပတ်ပျံပြီး ၁၂၀ မမ ဗုံးများကို နှစ်ကြိမ် ကြဲချတိုက် ခိုက်ခဲ့ကြောင်း ဒီဇင်ဘာလ ၁၇ ရက် မနက်တွင်လည်း စစ်ကောင်စီသည် ပေါင် ၅၀၀ ဗုံး၊ ၁၂၀ မမ ဗုံးများအသုံးပြု၍ နှစ်ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ခလရ – ၂၇၄ တပ်ရင်းထဲကို စားနပ်ရိက္ခာ၊ ခဲယမ်းများ ချပေးခဲ့ကြောင်း မင်းတပ်မြို့ခံ ကိုဟာကလေးထံမှလည်း သိရသည်။

မင်းတပ်မြို့တွင် စစ်ကောင်စီသည် ခလရ – ၂၇၄ ၊ ထွေအုပ်ရုံး၊ ရဲစခန်း၊ ဌာနဆိုင်ရာ ရုံးများအပါအဝင် မြို့ပေါ် အချက်အချာ ကျသော နေရာများတွင် တပ်စွဲထားပြီး ချင်းပူးပေါင်းတပ်က တချို့စခန်းများကို သိမ်းပိုက်ရရှိထားပြီဟု သိရသည်။

စစ်ကောင်စီသည် မင်းတပ်မြို့တိုက်ပွဲများတွင် မြို့ပေါ်နေအိမ် ၂၀၀ ဝန်းကျင်ကို မီးရှို့ဖျက်စီးထားကြောင့် ဒေသခံများက ပြောသည်။

ချင်းညီနောင်နှင့် မဟာမိတ်အဖွဲ့များသည် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

ချင်းညီနောင် စစ်ဆင်ရေးတွင် စစ်ကိုင်းမှ ဗမာအမျိုးသားတော်လှန်ရေး တပ်မတော် (BNRA)နှင့် Generation Z Army (GZA) အဖွဲ့များ၊ မကွေးတိုင်းနှင့် ယောနယ်ဘက်မှ အညာတော်လှန်ရေးတပ်ဖွဲ့များ၊ အာရက္ခတပ်တော် AA/ULA လည်း ပါဝင် တိုက်ခိုက်နေကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မရာလက်နက်ကိုင်နှစ်ဖွဲ့ တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသော ပြည်သူများကို ချင်းပြည် (Chinland) အစိုးရက ငွေကြေးထောက်ပံ့

ကန်ပက်လက်မြို့နယ်ထဲကို စစ်ကော်မရှင်က ပေါင် ၅၀၀ ဗုံးများဖြင့် တိုက်ခိုက်

ကလေးမြို့တွင် စစ်မှုထမ်းရန် နေအိမ်ထဲထိ ညအချိန် ဝင်ရောက်ဖမ်းဆီးမှုများရှိနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.