Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တစ်နှစ်အတွင်း ချင်းညီနောင်အဖွဲ့မှ ရဲဘော် ၁၀၀ ခန့်ကျဆုံး၊ ၄၀၀ ခန့် ထိခိုက်ဒဏ်ရာများရရှိ

တစ်နှစ်အတွင်း ချင်းညီနောင်အဖွဲ့မှ ရဲဘော် ၁၀၀ ခန့်ကျဆုံး၊ ၄၀၀ ခန့် ထိခိုက်ဒဏ်ရာများရရှိ

0
By Editor on December 30, 2024 Headline

ဖလမ်းမြို့ကို ချင်းပူးပေါင်းတပ်က ထိန်းချုပ်ထား၊ ခလရ – ၂၆၈ ဌာနချုပ်ကို သိမ်းရန် အပြင်းအထန် ထိုးစစ်ဆင်နေ

(006SV)

ချင်းညီနောင်ဖွဲ့စည်း တည်ထောင်ပြီး တစ်နှစ်အတွင်း မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲများတွင် ချင်းကာကွယ်ရေး တပ်ဖွဲ့များမှ ရဲဘော် ၁၀၀ ဝန်းကျင် ကျဆုံးပြီး ၄၀၀ ဝန်းကျင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု ချင်းညီနောင်အဖွဲ့၏ စစ်ရေးဥက္ကဌဖြစ်သူက ပြောသည်။

ယနေ့ ဒီဇင်ဘာလ ၃၀ ရက်တွင် ပြုလုပ်သော ချင်းညီနောင် (CB) ဖွဲ့စည်း တည်ထောင်ခြင်း တနှစ်ပြည့် အခမ်းအနားတွင် ထိုသို့ပြောကြားခြင်းဖြစ်သည်။

“မဟာမိတ်တပ်ဖွဲ့တွေရဲ့ အသက်တွေလည်း အများကြီး ပေးဆပ်ခဲ့ရသလို ကျနော်တို့ ချင်းညီနောင် အဖွဲ့ ၆ ဖွဲ့ရဲ့ ရဲဘော် ၁၀၀ ဝန်းကျင်လောက် ကျဆုံးပြီးတော့ ရဲဘော် ၄၀၀ ဝန်းကျင်းလောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တာတွေ ရှိပါတယ်။ ဒါက ချင်းညီနောင် စစ်ဆင်ရေး သက်တမ်းအတွင်းမှာ ပြောတာ ဖြစ်ပါတယ်။ ဒါဟာ ကျနော်တို့ရဲ့ ကျသွားတဲ့ သူရဲကောင်းတွေပေါ့။ သွေးတွေရဲ့ ရေးထားတဲ့ တော်လှန်ရေး ၊ ချင်းညီနောင် စစ်ဆင်ရေး ဖြစ်ပါတယ်။ ဒီလို အသက်ပေးဆပ်တဲ့ လူတွေ၊ ခန္ဓာကိုယ်ပေးဆပ်သွားတဲ့ လူတွေ ကြောင့်ပဲ ၊ သူရဲကောင်းတွေကြောင့်ပဲ အခုလို အောင်မြင်နေတဲ့ စစ်ဆင်ရေးတွေကို ဖော်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်” ဟု ချင်းညီနောင် စစ်ရေးဥက္ကဌအဖြစ် တာဝန်ယူထားသူ၊ CDF မင်းတပ် စစ်ဦးစီးချုပ် ထန်ချွန်ဖေက ပြောသည်။

ချင်းညီနောင် စစ်ဆင်ရေးအဖြစ် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ထဲက ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ခုနှစ် မတ်လတွင် စတင်ခဲ့ခြင်းဖြစ်ပြီး ကျင်ဒွေး၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက် စတဲ့ မြို့များကို သိမ်းထားသည်ဟု သိရသည်။

လက်ရှိဖလမ်းမြို့သိမ်းတိုက်ပွဲတွင် မြို့တွင်းရှိ ခရိုင်ရဲစခန်း၊ မြို့နယ်ရဲစခန်းနှင့် အခြားစစ်ကောင်စီ စခန်းကုန်းများကို ချင်းညီ နောင်အဖွဲ့က သိမ်းထားပြီး မြို့ကို ထိန်းချုပ်ထားသည်၊ ခလရ – ၂၆၈ တပ်ရင်းဌာနချုပ်သာ ကျန်ရှိတော့ပြီး သိမ်းနိုင်ရန် အပြင်းအထန်ထိုးစစ်ဆင်နေသည်ဟု ချင်းညီနောင် တာဝန်ရှိသူက ပြောသည်။

ဖလမ်းမြို့ စစ်ဆင်ရေးကို နိုဝင်ဘာလ ၉ ရက်မှ စတင်ဖော်ဆောင်ခဲ့ရာ ယနေ့အထိ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ပြီး မကြာမီ အပြီးသတ်သိမ်းနိုင်တော့မည်ဟု သိရသည်။

ချင်းညီနောင် ဖွဲ့စည်းတည်ထောင်ပြီး ၁ နှစ်တာ စစ်ဆင်ရေးများအတွင်း လက်နက်ကြီး၊ လက်နက်ငယ် ၁၀၀၀ ခန့် သိမ်းဆည်း ရမိကာ စစ်ကောင်စီတပ်သား စစ်သုံ့ပန်း ၆၀၀ ဦးခန့် ဖမ်းဆီးရမိသည်၊ စစ်ကောင်စီ၏ မတရားဖမ်းဆီး၊ နှိပ်စက်မှုများ၊ ထောင်ဒဏ်ချမှတ်မှုများ ခံထားရသည့် နိုင်ငံရေးအကျဉ်းသား ၃၀ ဦးကိုလည်း ကယ်ဆယ်နိုင်ခဲ့သည်ဟု သိရသည်။

စစ်အာဏာသိမ်းပြီး ၄ နှစ်နီးပါးအတွင်း ချင်းညီနောင်တပ်ဖွဲ့ဝင်များသည် ချင်းပြည်အပါအဝင် မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ယောနယ်အတွင်းရှိ မဟာမိတ်များနှင့် ပူးပေါင်း၍ တိုက်ပွဲပေါင်း ၁၀၀၀ ကျော်တွင် ပါဝင်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

“ဒီ ၄ နှစ်ကျော်ကာလမှာ‌တော့ ကျဆုံးရဲဘော်ပေါ့။ ချင်းညီနောင်အဖွဲ့ဝင် အဖွဲ့အစည်းအသီးသီးမှာ ၂၅၀ ဝန်းကျင်လောက် ကျဆုံးပြီးတော့ တပ်ဖွဲ့ဝင်ပေါင်း ၁၀၀၀ ဝန်းကျင်လောက် ထိခိုက်ဒဏ်ရာ ရရှိတာ ရှိပါတယ်။ ချင်းညီနောင်က ကျနော်တို့ ဒေသအပြင် တခြားမျိုးတွေပေါ့လေ၊ နီးစပ်ရာ မကွေးတိုင်းဒေသကြီး၊ ယောဒေသ နဲ့ စစ်ကိုင်းတိုင်းဒေသကြီးဘက်က ကလေး- ကဘော်ဒေသတွေမှာလည်း တောက်လျှောက် ချင်းညီနောင်အဖွဲ့ဝင်တွေက မြို့သိမ်းတိုက်ပွဲသော်လည်းကောင်း၊ စခန်းသိမ်းသိမ်းပွဲသော်လည်းကောင်း ပူးပေါင်းဆင်နွှဲခဲ့တာရှိပါတယ်” ဟု ချင်းညီနောင် စစ်ရေးတာဝန်ခံတဦးဖြစ်သူ ထန်ချွန်ဖေက ပြောသည်။

ချင်းညီနောင်အဖွဲ့သည် တွန်းဇံမြို့နယ်၊ တီးတိန်မြို့နယ်၊ ဖလမ်းမြို့နယ်၊ ကန်ပက်လက်မြို့နယ်၊ မင်းတပ်မြို့နယ်နှင့် မတူပီမြို့နယ်၊ ကျင်ဒွေးမြို့နှင့် မရာနယ်မြေတို့တွင် ပြည်သူလူထုမှ ရွေးကောက် တင်မြှောက်သည့် bottom – up ချဉ်းကပ်မှုဖြင့် စနစ်တကျ မြို့နယ်၊ ဒေသ၊ ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းထားသည်ဟု သိရသည်။

ကျန်းမာရေး၊ ပညာရေး၊ လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးများအပြင် တရားစီရင်ရေးနှင့် အခြားပြည်သူ့ ဝန်ဆောင်မှုများ ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မြန်မာနိုင်ငံက စစ်ရှောင်များဆက်တိုက်ဝင်ရောက်လာမှု မီဇိုရမ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာဟု ပြည်နယ်ဝန်ကြီးချုပ်ပြော

အသစ်ပေါ်ထွက်လာသော ခူမီးတပ်မတော် KPF/ KNCP က ပလက်ဝမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှာ လူငယ် ၄၀ နီးပါးကို တပ်သားစုဆောင်း

မင်းတပ်မြို့ကို ထိုးစစ်ဆင်နေသော စစ်တပ်စစ်ကြောင်းသည် ကျောင်းသား ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၂ ဦးကို သတ်ဖြတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.