Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အမ်းတိုက်ပွဲမှ ဆုတ်ခွာလာသော စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်သုံ့ပန်း ၁၀ ဦးကျော် ဖမ်းမိဟု CDF- အရှိုထုတ်ပြန်

အမ်းတိုက်ပွဲမှ ဆုတ်ခွာလာသော စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်သုံ့ပန်း ၁၀ ဦးကျော် ဖမ်းမိဟု CDF- အရှိုထုတ်ပြန်

0
By Editor on January 16, 2025 Headline

(006SV)

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ထဲက တိုက်ပွဲများကြောင့် စစ်ကောင်စီတပ်သား ရာချီသည် မကွေးတိုင်းဘက်ကို ထွက်ပြေးလာနေပြီး ၂ ရက်အတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးကျော်ကို လက်နက်ခဲယမ်းများနှင့်တကွ ဖမ်းဆီးမိကြောင်း ချင်းကာကွယ်ရေးတပ် – အရှိုထံမှ သိရသည်။

၂ ရက်အတွင်း စစ်ကောင်စီတပ်သား ၁၂ ဦးကို စစ်သုံ့ပန်းများအဖြစ် ဖမ်းဆီးရမိခဲ့ပြီး လက်နက်ငယ် ၁၅ လက်၊ စိန်ပြောင်း ၁ လက် အပြင် ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိသည်ဟု ချင်းကာကွယ်ရေးတပ် – အရှိုက ယနေ့ ဇန်နဝါရီလ ၁၆ ရက်မှာ ထုတ်ပြန်သည်။

ဇန်နဝါရီလ ၁၄ ရက်က ရခိုင်ပြည်နယ်၊ အမ်းမြိုု့နယ်၊ တောင်ဇောက်ရွာအနီးတိုက်ပွဲမှ စစ်ကောင်စီ အင်အား ၁၀၀ ခန့်သည် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ရှောက်တောင်ရွာအနီးက ကပစ – ၁၄ ဘက်သို့ ထွက်ပြေးလာရာ ကပစနှင့် မီတာ နှစ်ထောင်ခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးပြီး ယင်းတိုက်ပွဲမှ ဖွဲ့စည်းပုံ ပျက်ကာ ထွက်ပြေးသော စစ်ကောင်စီတပ်ကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် တပ်ဖွဲ့ဝင် ၈ ဦးကို ထပ်မံ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ဇန်နဝါရီလ ၁၃ ရက်ကလည်း အမ်းမြို့နယ်၊ ကြက်ရေစမ်းကျေးရွာ အနီးစခန်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၅ ဦးကို ငဖဲမြို့နယ်၊ ဂုတ်စည်းရိုးရွာအနီး တားဆီးပိတ်ဆို့စဉ် လက်နက်မချသောကြောင့် ပစ်ခတ် ဖမ်းဆီးရသည်ဟု CDF – အရှိုထံမှ သိရသည်။

ပစ်ခတ်ဖမ်းဆီးစဉ် တပ်သား ၂ဦးမှာ ပြင်းထန်ဒဏ်ရာများဖြင့် ဖမ်းဆီးရမိခဲ့ပြီး အချိန်မှီ ဆေးကုသမှုပေးသော်လည်း ကုသစဉ်အတွင်း သေဆုံးသွားသည်ဟု သိရသည်။

ဇန်နဝါရီလ လဆန်းပိုင်းကလည်း အမ်းမြို့နယ်ဘက်မှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပိတ်ဆို့ဖမ်းဆီးခဲ့ရာ နှစ်ရက်အတွင်း စစ်သုံ့ပန်း ၁၁ ဦးကို လက်နက်ငယ် ၉ လက်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု CDF – အရှိုက ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ရခိုင်နှင့် မကွေးအစပ်က ကာကွယ်ရေးပစ္စည်းစက်ရုံများအတွက် ခံစစ်များ ပြင်ဆင်နေသကဲ့သို့ ရခိုင်ဘက်မှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ငဖဲမြို့အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.