Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အမ်းတိုက်ပွဲမှ ဆုတ်ခွာလာသော စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်သုံ့ပန်း ၁၀ ဦးကျော် ဖမ်းမိဟု CDF- အရှိုထုတ်ပြန်

အမ်းတိုက်ပွဲမှ ဆုတ်ခွာလာသော စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်သုံ့ပန်း ၁၀ ဦးကျော် ဖမ်းမိဟု CDF- အရှိုထုတ်ပြန်

0
By Editor on January 16, 2025 Headline

(006SV)

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ထဲက တိုက်ပွဲများကြောင့် စစ်ကောင်စီတပ်သား ရာချီသည် မကွေးတိုင်းဘက်ကို ထွက်ပြေးလာနေပြီး ၂ ရက်အတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးကျော်ကို လက်နက်ခဲယမ်းများနှင့်တကွ ဖမ်းဆီးမိကြောင်း ချင်းကာကွယ်ရေးတပ် – အရှိုထံမှ သိရသည်။

၂ ရက်အတွင်း စစ်ကောင်စီတပ်သား ၁၂ ဦးကို စစ်သုံ့ပန်းများအဖြစ် ဖမ်းဆီးရမိခဲ့ပြီး လက်နက်ငယ် ၁၅ လက်၊ စိန်ပြောင်း ၁ လက် အပြင် ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိသည်ဟု ချင်းကာကွယ်ရေးတပ် – အရှိုက ယနေ့ ဇန်နဝါရီလ ၁၆ ရက်မှာ ထုတ်ပြန်သည်။

ဇန်နဝါရီလ ၁၄ ရက်က ရခိုင်ပြည်နယ်၊ အမ်းမြိုု့နယ်၊ တောင်ဇောက်ရွာအနီးတိုက်ပွဲမှ စစ်ကောင်စီ အင်အား ၁၀၀ ခန့်သည် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ရှောက်တောင်ရွာအနီးက ကပစ – ၁၄ ဘက်သို့ ထွက်ပြေးလာရာ ကပစနှင့် မီတာ နှစ်ထောင်ခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးပြီး ယင်းတိုက်ပွဲမှ ဖွဲ့စည်းပုံ ပျက်ကာ ထွက်ပြေးသော စစ်ကောင်စီတပ်ကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် တပ်ဖွဲ့ဝင် ၈ ဦးကို ထပ်မံ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ဇန်နဝါရီလ ၁၃ ရက်ကလည်း အမ်းမြို့နယ်၊ ကြက်ရေစမ်းကျေးရွာ အနီးစခန်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၅ ဦးကို ငဖဲမြို့နယ်၊ ဂုတ်စည်းရိုးရွာအနီး တားဆီးပိတ်ဆို့စဉ် လက်နက်မချသောကြောင့် ပစ်ခတ် ဖမ်းဆီးရသည်ဟု CDF – အရှိုထံမှ သိရသည်။

ပစ်ခတ်ဖမ်းဆီးစဉ် တပ်သား ၂ဦးမှာ ပြင်းထန်ဒဏ်ရာများဖြင့် ဖမ်းဆီးရမိခဲ့ပြီး အချိန်မှီ ဆေးကုသမှုပေးသော်လည်း ကုသစဉ်အတွင်း သေဆုံးသွားသည်ဟု သိရသည်။

ဇန်နဝါရီလ လဆန်းပိုင်းကလည်း အမ်းမြို့နယ်ဘက်မှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပိတ်ဆို့ဖမ်းဆီးခဲ့ရာ နှစ်ရက်အတွင်း စစ်သုံ့ပန်း ၁၁ ဦးကို လက်နက်ငယ် ၉ လက်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု CDF – အရှိုက ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ရခိုင်နှင့် မကွေးအစပ်က ကာကွယ်ရေးပစ္စည်းစက်ရုံများအတွက် ခံစစ်များ ပြင်ဆင်နေသကဲ့သို့ ရခိုင်ဘက်မှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ငဖဲမြို့အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.