Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မီဇိုးကျောင်းသားသမဂ္ဂ MZP က အိန္ဒိယ-မြန်မာ နယ်စပ်အရေး မီဇိုရမ်အုပ်ချုပ်ရေးမှူး (Governor) ထံ တင်ပြ

မီဇိုးကျောင်းသားသမဂ္ဂ MZP က အိန္ဒိယ-မြန်မာ နယ်စပ်အရေး မီဇိုရမ်အုပ်ချုပ်ရေးမှူး (Governor) ထံ တင်ပြ

0
By Editor on January 27, 2025 Headline

(005MK)

မီဇိုးကျောင်းသားသမဂ္ဂ MZP ခေါင်းဆောင်များသည် ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် မီဇိုရမ်ပြည်နယ် အုပ်ချုပ်ရေးမှူး (Governor) ကို သွားရောက်တွေ့ဆုံကာ အိန္ဒိယ-မြန်မာ နယ်စပ် အဝင်/အထွက် ကန့်သတ်မှုအပေါ် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ်အုပ်ချုပ်ရေးမှူး General (Dr) Vijay Kumar Singh ကို သူ၏အိမ်ယာ အိုင်ဇောလ်မြို့ Raj Bhavan ၌ ယနေ့ မွန်းလွဲပိုင်း ၃ နာရီတွင် သွားရောက်တွေ့ဆုံခဲ့ကြပြီး အိန္ဒိယဗဟိုအစိုးရ၏ Free Movement Regime (FMR) ဖျက်သိမ်းမှုနှင့် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကြား နယ်စပ်ခြံစည်းရိုးခတ်မည့် Border Fencing အစီအစဉ်အပေါ် သဘောထားများကို တင်ပြခဲ့ကြသည်ဟု မီဇိုးကျောင်းသားသမဂ္ဂ MZP က ယနေ့မှာထုတ်ပြန်သည်။

“နယ်နိမိတ်တွေရဲ့ပိုင်းခြားမှုကြောင့် ဆင်းသက်လာရာ မျိုးနွယ်စုတူညီတဲ့ လူမျိုးတူ ညီအကိုအရင်းတွေ တစ်လုံးတစ်ဝတည်း ပြန်လည်ပေါင်းစည်းရေးရှေ့ရှူပြီး ကြိုးပမ်းနေတဲ့ကာလမှာ လွတ်လပ်စွာနယ်စပ် ဝင်/ထွက် သွားလာခွင့် ကန့်သတ်ခံရတဲ့အပြင် နယ်စပ်ခြံစည်းရိုးခတ်ဖို့ အစီစဉ်ကို လက်ခံလို့မရဘူး” ဟု MZP ၏ ယနေ့ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် အဆိုပါကိစ္စကို မီဇိုရမ်အုပ်ချုပ်ရေးမှူးအနေဖြင့် တတ်နိုင်သည့်ဖက်မှ ကူညီဖြေရှင်းပေးရန်နှင့် အိန္ဒိယပြည်ထဲရေးဝန်ကြီးထံ ပေးပို့မည့် နယ်စပ်အရေးနှင့်ပတ်သက်သော MZP ၏ သဘောထား အိပ်ဖွင့်ပေးစာကိုလည်း အုပ်ချုပ်ရေးမှူးထံ ပေးအပ်ခဲ့ကြသည်ဟု သိရသည်။

အိန္ဒိယဗဟိုအစိုးရသည် နှစ်ပေါင်း ၄၀ ခန့်ကျင့်သုံးလာခဲ့သည့် Free Movement Regime (FMR) ဟုခေါ်သော နှစ်နိုင်ငံပြည်သူများ လွတ်လပ်စွာဖြတ်သန်းသွားလာခွင့်ကို ဖျက်သိမ်းလိုက်ပြီးနောက် ဇန်နဝါရီလ ၁ ရက်နေ့ကစ၍ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံပြည်သူများ နယ်စပ်ကတဆင့် ဝင်/ထွက်သွားလာခွင့်ကိုလည်း ကန့်သတ်တင်းကြပ်လိုက်သည်။

ယင်းကိစ္စကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် မီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Zo Reunification Organization (ZORO) ကလည်း ဇန်နဝါရီလ ၂၉ ရက်နေ့တွင် အိန္ဒိယဗဟိုအစိုးရ၏ အမိန့်ထုတ်ပြန်ချက် မိတ္တူစာရွက်ကို မီးရှိုဖျက်ဆီးကြမည်ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မရာလက်နက်ကိုင်နှစ်ဖွဲ့ တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသော ပြည်သူများကို ချင်းပြည် (Chinland) အစိုးရက ငွေကြေးထောက်ပံ့

ကန်ပက်လက်မြို့နယ်ထဲကို စစ်ကော်မရှင်က ပေါင် ၅၀၀ ဗုံးများဖြင့် တိုက်ခိုက်

ကလေးမြို့တွင် စစ်မှုထမ်းရန် နေအိမ်ထဲထိ ညအချိန် ဝင်ရောက်ဖမ်းဆီးမှုများရှိနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.