Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»တမူးမြို့အနီး စစ်ကောင်စီပူးပေါင်းတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ပွဲများ ပြင်းထန်နေ

တမူးမြို့အနီး စစ်ကောင်စီပူးပေါင်းတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ပွဲများ ပြင်းထန်နေ

0
By Editor on January 29, 2025 Khonumthung

(006SV)

အိန္ဒိယ – မြန်မာ နယ်စပ်က တမူးမြို့အနီးမှာ စစ်ကောင်စီ၊ ကသည်းတပ် (PLA)၊ နာဂလက်နက်ကိုင်တပ် (NSCN-IM) ပူးပေါင်းတပ်များနှင့် တော်လှန်ရေးပူးပေါင်းတပ်များကြား ၃ ရက်ဆက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ တမူးမြို့အနီးက Teijang (ကျွန်းပင်သာ) နှင့် Mangsar (မင်းသာ) တို့တွင် စစ်ကောင်စီ ခလရ – ၂၂၈ တပ်၊ နာဂ အမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-IM) တပ်ဖွဲ့၊ ကသည်းတပ်ဖွဲ့ (PLA) တို့ ပူးပေါင်းတပ်စွဲထားသော စစ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်များက ဇန်နဝါရီလ ၂၇ ရက်မှစတင်၍ ယနေ့ ၂၉ ရက်အထိ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

“ကျွန်းပင်သာ နဲ့ မင်းသာက စစ်ကောင်စီ လက်အောက်ခံ ကသည်းတပ် (PLA)၊ နာဂလက်နက်ကိုင် IM နဲ့ ဖြစ်နေတာ။ မြန်မာပြည် အခြေစိုက် India ခွဲထွက်ရေး လက်နက်ကိုင် သူပုန်တွေနဲ့ တိုက်နေတာပေါ့ဗျာ။ တိုက်ပွဲက ပြင်းထန်နေတုန်းပဲ။ နှစ်ဘက်ကျဆုံးမှုတော့ ရှိတယ်လို့ သိရတယ်။ အတိကျတော့ ပြောလို့ မရသေးဘူးဗျ” ဟု ကူကီးအမျိုးသားတပ်မတော် KNA (B)မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

စစ်ကောင်စီနှင့် ပူးပေါင်တပ်ဖွဲ့များ၏ စစ်စခန်းများကို စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၏ ဒေသအခြေ စိုက် ခရိုင်ပူးပေါင်းတပ်များနှင့် ကူကီးအမျိုးသားတပ်မတော် KNA(B) တို့က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

၃ ရက်တာတိုက်ပွဲများအတွင်း စစ်ကောင်စီပူးပေါင်းစခန်းများကို အပြီးတိုင် သိမ်းပိုက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

တမူးမြို့တွင် စစ်ကောင်စီတပ် ခလရ – ၂၂၈ တပ်ဖွဲ့ဝင်များမှာ အနည်းငယ်သာ ရှိပြီး နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-IM) တပ်ဖွဲ့၊ ကသည်းတပ်ဖွဲ့ (PLA) တပ်ဖွဲ့ဝင်အင်အားအများအပြားဖြင့် ခုခံတိုက်ခိုက်နေခြင်းဖြစ်သည်ဟု သိရသည်။

တော်လှန်ရေးပူးပေါင်းတပ်များသည် တမူးမြို့သိမ်းတိုက်ပွဲ ဆင်နွှဲနိုင်ရန်အတွက် တမူးမြို့နယ်ထဲက ကျွန်းပင်သာ နှင့် မင်းသာက စစ်ကောင်စီစခန်းများကို သိမ်းပိုက်ခြင်းအပါအဝင် ပန်းသာအခြေစိုက် စစ်ကောင်စီစခန်းနှင့် ဟဲဇင်းအခြေစိုက်စစ်စခန်းများကို သိမ်းနိုင်ရန် လိုအပ်မည်ဟု သိရသည်။

၂၀၂၅ နှစ်ဆန်းပိုင်းကတည်းက တမူးမြို့သိမ်းတိုက်ပွဲ ပြုလုပ်မည်ဟု သတင်းများ ထွက်ပေါ်နေခဲ့ပြီး ဒေသခံပြည်သူများ အိုးအိမ်စွန့်ခွာစစ်ဘေးရှောင်ကြရာ ယခုတိုက်ပွဲမဖြစ်မှီကပင် တမူးအထက်ပိုင်းတကြောက ကျေးရွာများတွင် လူသူ မရှိသလောက်အခြေအနေရှိသည်ဟု သိရသည်။

ကသည်းတပ်ဖွဲ့ (PLA) သည် အိန္ဒိယအစိုးရကို တော်လှန်ပုန်ကန်နေသည့် ခွဲထွက်ရေးကြိုးပမ်းသော လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး စစ်ကောင်စီ၏ အကူအညီဖြင့် မြန်မာ-အိန္ဒိယနယ်စပ်နေရာအချို့၌ခိုအောင်းနေထိုင်ကြောင်း၊ အဖွဲ့ဝင်အချို့သည် စစ်ကောင်စီလက် အောက်ခံအဖြစ် လှုပ်ရှားနေကြောင်း သတင်းမီဒီယာဌာနတချို့က ရေးသားဖော်ပြထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.