Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတူပီမြို့နယ် ဧရိယာ (၃) ပြည်သူ့အုပ်ချုပ်ရေးညီလာခံသို့ တက်ရောက်မည့် ပုဂ္ဂိုလ်များအား CDF-မတူပီ တပ်မဟာ- ၁ က ဖြတ်သန်းခွင့်မပြုဟုဆို

မတူပီမြို့နယ် ဧရိယာ (၃) ပြည်သူ့အုပ်ချုပ်ရေးညီလာခံသို့ တက်ရောက်မည့် ပုဂ္ဂိုလ်များအား CDF-မတူပီ တပ်မဟာ- ၁ က ဖြတ်သန်းခွင့်မပြုဟုဆို

0
By Editor on February 13, 2025 Headline

(004SS)

ချင်းပြည်နယ် တောင်ပိုင်း၊ မတူပီမြို့နယ် ဧရိယာ (၃)၊ ပြည်သူ့အုပ်ချုပ်ရေး (လူထု) ညီလာခံသို့ တက်ရောက်လာသည့် တာဝန်ရှိပုဂ္ဂိုလ်များနှင့် လူငယ်များကို CDF – Matupi တပ်မဟာ – ၁ က လမ်းတွင် ဖြတ်သန်းသွားလာခွင့်မပြုဘဲ ပိတ်ပင်‌ခဲ့သည်ဟု ဧရိယာ (၃) ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မတူပီမြို့နယ်နှင့် CDF – မတူပီ တပ်ရင်း – ၃ က ယနေ့တွင် ပူးတွဲထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျင်းပမည့် (၅) ကြိမ်မြောက် ဧရိယာ (၃) ပြည်သူ့အုပ်ချုပ်ရေး (လူထု) ညီလာခံသို့လာသော တာဝန်ရှိသူများကို တပ်မဟာ ၁ မှ ဖြတ်သန်းခွင့်မပြုဘဲ ပိတ်ပင်ခဲ့ခြင်းကြောင့် အဆိုပါညီလာခံအား ပျက်ပြားစေကြောင်း၊ ၎င်းလုပ်ရပ်အား ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့၊ မတူပီ – တပ်မဟာ ၁ သည် မတူပီမြို့နယ်၊ ဧရိယာ (၃) ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူများမှ အသစ်ဖောက်လုပ်ထားသော လမ်းတွင် ဂိတ်ချကာ ဖြစ်သန်းသွားလာခွင့် ပိတ်ပင်ထားခြင်းဟု သိရသည်။

ထိုသို့ ပြည်သူများ၏ ဖြတ်သန်းသွားလာခွင့်ကို ဆက်လက်ပိတ်ပင်ပါက နောက်နောင် ဖြစ်လာမည့် မျိုးနွယ်စုပြဿနာနှင့် တစ်စုံတစ်ခုသော ပြဿနာများကို ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့၊ မတူပီ – တပ်မဟာ ၁ ၏ အမိန့်ပေးတာဝန်ရှိသူများက တာဝန်ယူ၊ တာဝန်ခံရမည်ဟုလည်း ပူးတွဲထုတ်ပြန်ချက်တွင် ပါရှိသည်။

မတူပီမြို့နယ်၊ ဧရိယာ (၃)၊ CDF – မတူပီ တပ်ရင်း (၃) (ကိုင်ဆီးတပ်ရင်း) ၏ ထိန်းချုပ်နယ်မြေအတွင်းရှိ မိဘပြည်သူများသည် ကျေးရွာတစ်ခုနှင့် တစ်ခု ဆက်သွယ်ရာတွင် CDF – မတူပီ တပ်မဟာ – ၁ ၏ ထိန်းချုပ်နယ်မြေအတွင်း ဖြတ်သန်းနေရသောကြောင့် ၎င်းတို့ဂိတ်များတွင် စစ်ဆေးမေးမြန်းခြင်း၊ ခြိမ်းခြောက်ခြင်းများ ကြုံတွေ့ကြရသည်ဟု ဆိုသည်။

ထို့ကြောင့် ဧရိယာ ၃ အတွင်းရှိ မိဘပြည်သူများအနေဖြင့် ကျေးရွာများ အချင်း ချင်း ဆက်သွယ်နိုင်ရန် လူသွားလမ်းများအား ဆိုင်ကယ်သွားလာနိုင်သည်အထိ ကိုယ်ထူကိုယ်ထဖောက်လုပ်ထားကြပြီး ယင်းဖောက်လုပ်ထားသောလမ်းတွင်လည်း CDF – မတူပီ တပ်မဟာ – ၁ က ဂိတ်ချထားခြင်းဖြစ်သည်ဟု သိရသည်။

မတူပီမြို့နယ်တွင် ချင်းညီနောင်အဖွဲ့ဝင် CDF – မတူပီတပ်မဟာ – ၁ နှင့် ချင်းလဲန်းကောင်စီအဖွဲ့ဝင် CDF – မတူပီ တပ်မဟာ -၂ ဟူ၍ နှစ်ဖွဲ့ကွဲနေပြီး နိုင်ငံရေး စစ်ရေးပွတ်တိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.