Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်နယ်တောင်ပိုင်းတွင် ဝဥဈေးကောင်းပြန်ရလာသော်လည်း ဂိတ်ကြေးတောင်းခံမှုများလွန်းခြင်းကြောင့် ဝဥကုန်သည်၊ ဝဥစိုက်တောင်သူများ အခက်ကြုံနေ

ချင်းပြည်နယ်တောင်ပိုင်းတွင် ဝဥဈေးကောင်းပြန်ရလာသော်လည်း ဂိတ်ကြေးတောင်းခံမှုများလွန်းခြင်းကြောင့် ဝဥကုန်သည်၊ ဝဥစိုက်တောင်သူများ အခက်ကြုံနေ

0
By Editor on March 6, 2025 Headline

(002MG)

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်တွင် ဝဥ ဈေးကောင်းပြန်ရလာသော် လည်း လမ်းခရီးတွင် ဂိတ်ကြေးအခွန်ဆောင်ရမှု များနေသောကြောင့် ဝဥကုန် သည်နှင့် ဝဥ စိုက်တောင်သူများ အခက်ခဲကြုံတွေ့နေကြရသည်ဟု သိရသည်။

မင်းတပ်မြို့က ဝဥစိုက်တောင်သူတဦးက “ဂိတ်ကြေးက ကောက်တာများတယ်။ ဟိုထောက်ခံစာ ဒီ ထောက်ခံစာနဲ့ ဒုက္ခ ရောက်တဲ့သူကရောက်တယ်။ ဘယ်လောက်တင်မယ်ဆိုပြီးတော့ လက်ဖက်ရည်ဖိုးဘာညာ ပေးပြီးတော့ ပြောထား တဲ့သူတွေဆိုရင် အဆင်ပြေတယ်။ ဒီတိုင်းဘာမှ ကြိုမပြောထားပဲနဲ့ ဒီတိုင်းတင်ပို့တဲ့ သူကခက်ခဲတာပေါ့။ အခုက ဝဥက အစိုကမရှိတော့ဘူး။ အားလုံးက အခြောက်ခံနေကြပြီ” ဟု ပြောသည်။

လက်ရှိ ဝဥ အစိုတစ်ပိဿာလျှင် ကျပ်ငွေ ၁၂၀၀ ခန့်ရှိပြီး အရည်အသွေးကောင်းမွန်သည့် ဝဥ အခြောက်တစ်ပိဿာ လျှင် ကျပ်ငွေ ၁၅၀၀၀ အထိ ဈေးမြင့်တက်လာသည်ဟုသိရသည်။ ဝဥကုန်သည်များသည် ကျေးရွာများအထိ ကိုယ် တိုင်လာရောက်ဝယ်ယူနေကြသည့်အတွက် ဝဥဈေး ပြန်ရလာခြင်းဖြစ်သည်ဟုသိရသည်။

မင်းတပ်မြို့နယ်တွင် ဝဥဈေးကောင်းရလာပြီဖြစ်သော်လည်း ကုန်ဈေးနှုန်းအဆမတန် မြင့်တက်နေခြင်းကြောင့် စားဝတ် နေရေးအခက်အခဲများ ဆက်လက်ပြီး ကြုံနေရကြောင်း မင်းတပ်မြို့က စစ်ဘေး ရှောင် ကူညီပေးနေသူတဦးက ပြောသည်။

“ကုန်ဈေး နှုန်းမြင့်မားမှုပေါ့။ အခုက ဆန် တစ်တင်းဆိုရင် ခုနှစ်သောင်းခွဲ၊ ဒါက သယ်ယူပို့ဆောင်ခ မပါသေးဘူး။ အိမ်အရောက်ဆိုရင် ၁၆ ပြည်အိတ်ကို တသိန်းဝန်းကျင်ရှိတယ်။ ဆန်၊ဆီ၊ ဆား အကုန်လုံးက သုံးဆလောက်ဈေး တက်တယ်။ အရင်တုန်းကတော့ ဝဥခြောက်တပိသာနဲ့ ဆန်တတင်းနဲ့က ဈေးတူညီတယ်။ အခုက ဝဥခြောက် ဆယ်ပိဿာမှ ဆန်တတင်းနဲ့ သွားတူညီနေတယ်။ တောင်ပေါ်ဒေသမှာ စိုက်ပျိုးတဲ့ ဝဥ ဈေးရရင်လည်း ကျ နော်တို့က ဖြတ်ခံရတယ်။ ဒီဝဥတွေကို ရောင်းတဲ့အခါမှာ မန္တလေးမှာ ပေါက်တဲ့ ဈေးလောက် မပေး နိုင်ကြဘူး။ အရင်က ဝဥအခွန်က ဇီရိုးဖြစ်တာကို၊ အဲတော့ မန္တလေးမှာ ပေါက်တဲ့အတိုင်း မင်းတပ်မှာ လည်းရတယ်။ ဂိတ်တွေ အရမ်းများတယ် ဂိတ်တွေတိုင်းကိုလည်း ပေးရတော့ ဝဥကို ဝယ်တဲ့အချိန်မှာ ဈေးတွေ ကောင်းကောင်းမပေးနိုင် ကြဘူး” ဟု ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မင်းတပ်မြို့နယ်တွင် ဝဥ ဈေးနှုန်းသည် အစိုတစ်ပိဿာ ၆၀၀ ကျပ်နှင့် အခြောက် တစ်ပိဿာ ၅၀၀၀ ကျပ်အထိ ဈေးကျဆင်းခဲ့ရသည်ဟုသိရသည်။

ချင်းပြည်နယ်တောင်ပိုင်းတွင် ဒေသခံတောင်သူများသည် ဆတ်နီ၊ ဆတ်ဝါနှင့် ဝဥ စိုက်ပျိုးခြင်းများ အဓိက လုပ်ကိုင် ကြပြီး ဒေသခံအများစုသည်လည်း ဝဥများအား တူးဖော်ခြင်း၊ နေလှန်ခြင်း တို့ဖြင့် နေ့စားလိုက်ကာ ဝင်ငွေရှာဖွေ ရုန်းကန်နေကြရသည်ဟု သိရသည်။

မင်းတပ်၊ မတူပီ၊ ကန်ပက်လက်နှင့် ပလက်ဝ မြို့နယ်တို့တွင် ဝဥ စိုက်ပျိုးမှုအား အဓိက စီးပွားရေးအဖြစ် လုပ်ကိုင် စိုက်ပျိုးကြပြီး မကွေးတိုင်း၊ ဆောနှင့် ကျောက်ထုမြို့တို့မှ တဆင့် ပခုက္ကူ၊ မန္တလေး၊ ရန်ကုန်မြို့တို့တွင် တင်ပို့ရောင်းချကြသည်ဟုသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.