Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»လွတ်လပ်စွာနယ်စပ်ဖြတ်ကျော်သွားလာခွင့်ကြောင့် ဆိုးကျိုးများသက်ရောက်မှုရှိလာဟု မီဇိုရမ် ဝန်ကြီးချုပ်ပြော

လွတ်လပ်စွာနယ်စပ်ဖြတ်ကျော်သွားလာခွင့်ကြောင့် ဆိုးကျိုးများသက်ရောက်မှုရှိလာဟု မီဇိုရမ် ဝန်ကြီးချုပ်ပြော

0
By Editor on March 10, 2025 Headline

(005MK)

အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြား လွတ်လပ်စွာနယ်စပ်ဖြတ်ကျော်သွားခွင့်ကြောင့် ဆိုးကျိုးများသက်ရောက်လာသည့်အတွက် ဗဟိုအစိုးရက FMR ကိုဖျက်သိမ်းပြီး နှစ်နိုင်ငံဝင်ထွက်သွားလာမှုကန့်သတ်ခြင်းသည် အတိုင်းတာတစ်ခုထိ ကောင်းသည့်အချက်များလည်းရှိသည်ဟု မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ကပြောသည်။

ယနေ့မတ်လ ၁၀ ရက်နေ့တွင်ကျင်းပတဲ့ မီဇိုရမ်ပြည်လွှတ်တော် ၉ ကြိမ်မြောက်အစည်းအဝေးတွင် အတိုက်အခံပါတီ ခေါင်းဆောင် MNF ပါတီလွှတ်တော်အမတ် Pu Lalchhandama Ralte က နယ်စပ်အရေးနဲ့ပတ်သက်ပြီး မေးမြန်း ရာမှာ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma က ထိုကဲ့သို့ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

စစ်ဘေးကြောင့် ထွက်ပြေးလာကြသည့် စစ်ဘေးရှောင်ပြည်သူများကို လက်ခံကူညီရမည်ဖြစ်သော်လည်း နယ်စပ်မှာ လွတ်လပ်စွာဝင်ထွက်သွားလာခွင့်ရှိနေခြင်းသည် မကောင်းမှုဒုစရိုက်များ ပိုမိုဖြစ်စေပြီး အိန္ဒိယဗဟိုအစိုးရက ကန့်သတ် လာမှုသည် အတိုင်းတာတစ်ခုအထိ လိုအပ်မှုရှိသည်ဟု ယူဆကြောင်း မီဇိုရမ်ဝန်ကြီးချုပ်ကပြောဆိုသည်။

“ လွတ်လွတ်လပ်လပ်နဲ့ သွားလာခွင့်ရှိတဲ့အခါမှာ ဆိုးကျိုးသက်ရောက်မှုတွေများလာတယ်၊ မူးယစ်ဆေးဝါး၊ သေနတ် တွေ၊ ကျည်ဆံတွေကအစ၊ ဒီဘက်မှာ လူသတ်မှုတွေဖြစ်ရင်လည်း တဖက်ကမ်းကို ထွက်ပြေးသွားလို့ရတယ် အဲဒါ ကြောင့် လွတ်လပ်စွာသွားလာခွင့်ရှိတာဟာ မီဇိုရမ်ပြည်သူအများစုကလည်း သိပ်မလိုလားကြတော့ဘူး၊ ဗဟိုအစိုးရက ခုလိုလုပ်ဆောင်လာတာဟာ လိုအပ်ချက်အရဆောင်ရွက်ရတာဖြစ်တယ်ဆိုတာမျိုး ပြည်နယ်အစိုးရမှာလည်း သဘောထားရှိပါတယ်” ဟု မီဇိုရမ်ဝန်ကြီးချုပ်ကပြောပါတယ်။

မီဇိုရမ်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လမှ ဒီဇင်ဘာလအထိ နိုင်ငံခြားသားဝင်ရောက်လည်ပတ်မှု ၂၀၀၀ ကျော် ရှိခဲ့သော်လည်း ၎င်းတို့အနက် တချို့မှာ နယ်စပ်ဖြတ်ကျော်ကာ ချင်းပြည်နယ်ထဲသို့ဝင်ရောက်ကာ သင်တန်းများပေး အပ်ခဲ့သည့်အပြင်၊ အမေရိကန်သံအမတ်မှာလည်း ပြည်နယ်အစိုးရထံ အကြောင်းမကြားဘဲ မီဇိုရမ်ပြည်နယ်သို့ နေ့ချင်း ပြန်လာရောက်ခဲ့သည်ဟု မီဇိုရမ်ဝန်ကြီးချုပ်ကပြောသည်။

မီဇိုရမ်ပြည်နယ်သည် နိုင်ငံခြားသားများ၏ အဓိကလမ်းကြောင်းတစ်ခုဖြစ်လာပြီး ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ မဟုတ်သော နိုင်ငံခြားသားများ ဝင်ထွက်သွားလာမှုများလာကာ နယ်စပ်ဖြတ်ကျော်မှုများလည်းရှိနေသည့်အတွက် အိန္ဒိယဗဟိုအစိုးရက Protected Area Permit (PAP) ကိုပြန်လည်ကျင့်သုံးသည့်အပေါ်လည်း ပြည်နယ်အစိုးရအနေ ဖြင့် မလိုလားသော်လည်း ကန့်ကွက်မှုမျိုးမရှိကြောင်း ဝန်ကြီးချုပ်ကပြောသည်။

အိန္ဒိယဗဟိုအစိုးရသည် လွတ်လပ်စွာဖြတ်သန်းသွားလာခွင့် Free Movement Regime (FMR) ကိုဖျက်သိမ်းလိုက် ပြီးနောက် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်စပ် ဝင်ထွက်သွားလာမှုကို တင်းကြပ် လိုက်ခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.