(002MG)
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးတိမ်းရှောင် နေရသည့် ဒေသခံပြည်သူများသည် နေရပ်ပြန်နိုင်ခြင်းမရှိကြသေးဘဲ စားနပ်ရိက္ခာများ ပြတ်လပ်လာခြင်းကြောင့် အကူအညီများလိုအပ်နေသည်ဟု သိရသည်။
“၁ လပိုင်း ၃၁ ရက်နေ့ကစပြီးလေယာဉ်် ကြဲတာအခု ၃ လပိုင်းရှိပြီ ဘယ်က မှအလှူရှင်မှလည်းမရောက်လာဘူး၊ အခြေခံလူတန်းစားတွေက တော်တော်လေးခက်ခဲနေပြီ။ တောကြိုတောင် ကြားထဲ၊ ချောင်းဘေး မြောင်းဘေးတွေမှာ နေရတယ်ဆိုတော့ ရေကမသန့် အခက်အခဲ တွေကိုမှ တော်တော် လေးဖြစ်နေကြပြီ။ ကျန်းမာရေးကမကောင်း ရေကအခက်အခဲဖြစ်၊ စားဝတ် နေရေးက ပိုလိုအပ်နဲ့။ အခြေခံ လူတန်းစားတွေက တော်တော်လေးခက် ခဲနေတာ။ ဆန်တပြည်စ နှစ်ပြည်စနဲ့ တော့ ရှိပေမယ့် လောက်ငှမှုမရှိတော့ဘူး” ဟု စစ်ဘေးတိမ်းရှောင်နေသည့် ကုက္ကိုလ် ကျေးရွာဒေသခံတဦးက ပြောသည်။
ကလေးမြို့နယ်တောင်ပိုင်းတွင် ဇန်နဝါရီလ (၃၁) ရက်နေ့စပြီး စစ်ကောင်စီသည် လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာ (၁၅) ရွာခန့်က ဒေသခံပြည်သူတစ်သောင်းကျော်သည် အရေးပေါ်စစ်ဘေး တိမ်းရှောင်နေကြသည်မှာ (၃) လနီးပါးရှိလာပြီဖြစ်သည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ဆက်သွယ်ရေးဖုန်းကြိုးများ ပြတ်တောက်၍ စားနပ်ရိက္ခာများအကူအညီရရှိရန် အလှူရှင်များ၊ ကလေးမြို့နယ် စစ်ဘေးရှောင်ကူညီသူများနှင့် ဆက်သွယ်ရန် အခက်အခဲများကြုံတွေ့နေကြရသည်ဟု စစ်ဘေးရှောင်သူများထံမှသိရသည်။
လက်ရှိတွင်လည်း ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီသည် နေ့စဉ်နီးပါး လေကြောင်းဖြင့် ကင်း လှည့် နေကာ ဗုံးကြဲခြင်းများပြုလုပ်နေသေးသောကြောင့် ကျေးရွာအတွင်း ပြန်လည်နေထိုင်ရန် ခက်ခဲခြင်းဖြစ်ကြောင်း ၎င်းစစ် ဘေးရှောင်က ပြောသည်။
“အခုလောလောဆယ်အထိတော့ ကုက္ကိုလ်၊ ရှားတော၊ ရေရှင် မြစ်သာအရှေ့ဖက်ကတော့ အကုန်လုံးရှောင် နေရ တုန်းပါ။ ကုက္ကိုလ်၊ လယ်ခြား၊ ရှားတောတွေကတော့ တော်တော်လေးခက်ခဲနေတာပေါ့။ရွာထဲကို ဝင်လို့ကိုမ ရ သေးတာ လေယာဉ်တွေကလည်း နေ့ရောညရော ဝဲနေတာဆိုတော့ မနေရဲဘူး။ တောထဲ တောင်ထဲမှာဝဲရင် လည်း ဝပ်နေရတာ။ အဲ့တာကြောင့် ရှောင်တိမ်းနေရတာ။” ဟု၎င်းကပြောသည်။
ကလေးမြို့တောင်းပိုင်းရှိ စစ်ဘေးရှောင်ပြည်သူများသည် သောက်သုံးရေ မသန့်ရှင်းမှုကြောင့် ဝမ်းပျက် ဝမ်း လျှော ရောဂါဖြစ်ပွားနေကာ ကျန်းမာရေးကုသမှုအတွက် ဆေးဝါးအကူအညီ၊ ဆန်အပါအဝင် စားနပ်ရိက္ခာ အကူအညီ၊ မိုးကာ၊ ဆိုလာပြားများ လိုအပ်နေသည်ဟု သိရသည်။