Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မီဇိုရမ်ပြည်နယ် နယ်စပ်ကျေးရွာက မြန်မာစစ်ဘေးရှောင်များ၏ ဈေးဆိုင်ခန်းများ ပိတ်ခိုင်း

မီဇိုရမ်ပြည်နယ် နယ်စပ်ကျေးရွာက မြန်မာစစ်ဘေးရှောင်များ၏ ဈေးဆိုင်ခန်းများ ပိတ်ခိုင်း

0
By Editor on March 17, 2025 Headline

(005MK)

မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် Farkawn ကျေးရွာတွင် မြန်မာစစ်ဘေးရှောင်များဖွင့်လှစ်ထားသော ဆိုင်ခန်းများကို ကျေးရွာအာဏာပိုင်များက ပိတ်ခိုင်းလိုက်သည်ဟု သိရသည်။

Farkawn ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ Village Council (VC) နှင့် အရပ်ဖက်အဖွဲ့အစည်းများအားလုံး(All NGO) တို့က မတ်လ ၁၅ ရက်နေ့မှာ အစည်းအဝေးကျင်းပပြုလုပ်ပြီးနောက် စစ်ဘေးရှောင်များ၏ ဆိုင်ခန်းများပိတ်ခိုင်းရန် သဘောတူဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။

Farkawn ကျေးရွာတွင် စစ်ဘေးရှောင်များကို မည်သည့်ဆိုင်ခန်းမှ ဖွင့်လှစ်ခွင့်မပြုတော့ဘဲ လက်ရှိ ဆိုင်ခန်း ဖွင့်သူများ ကိုလည်း မေလ ၃၁ ရက်နောက်ဆုံးထားပိတ်သိမ်းကြရန်ညွန်ကြားထားသည်ဟု သိရသည်။

ဆိုင်ဖွင့်ထားသူများအနေဖြင့် ယင်းသတ်မှတ်ရက် မကုန်ဆုံးခင် အတောအတွင်း ဆိုင်က ပစ္စည်းတွေကို အကုန်အစင် ရောင်းချရမှာဖြစ်သည်ဟု ဆိုသည်။

ရွာသားများအနေဖြင့်လည်း စစ်ရှောင်များ ဖွင့်လှစ်ထားသော ဆိုင်လုပ်ငန်းများကို လက်လွှဲယူတာ၊ ကုန်စည်များကို လက်ပြောင်းဝယ်ယူခွင့်မရှိဘဲ မြန်မာစစ်ရှောင်များကသာ ကိုယ်တိုင်ကိုယ်ကျ ရောင်းချကြရမည်ဟုလည်း အစည်းအဝေး ဆုံးဖြတ်ချက်မှာဖော်ပြထားသည်။

Farkawn ကျေးရွာတွင် ကုန်စုံဆိုင်၊ လဘ္ကရည်ဆိုင် ၊ ဆိုင်ကယ်ပြင်ဆိုင်များအပါအဝင် စစ်ဘေးရှောင်ဆိုင်ခန်းပေါင်း ၁၀ ခုကျော်ရှိသည်ဟု သိရသည်။

“ဘာကြောင့် ခုလိုလုပ်ရတာလဲတော့အတိအကျမသိရဘူး၊ ဒါပေမယ့်တစ်ခုရှိတာက စစ်ဘေးရှောင်တွေက ရွာထဲမှာ ဆိုင်ခန်းဖွင့်သူများလာတယ် ဈေးဝယ်ရင်လည်း အချင်းချင်းပဲအားပေးနေကြတယ် ဒါကို ဒေသခံတွေက မလိုလားကြ တာလည်းဖြစ်နိုင်တယ်” ဟု Farkawn ကျေးရွာမှာနေထိုင်သူတစ်ဦးကပြောသည်။

ထို့အပြင် စစ်ဘေးရှောင်များ ကျေးရွာအတွင်း ဝင်ထွက်သွားလာမှုကိုလည်း ကန့်သတ်လိုက်ပြီး ဝင်ထွက်သွားလာမည် ဆိုပါက Village Level Committee on Myanmar Refugee အဖွဲ့ထံ သတင်းပေးပို့ရမည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.