Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဇိုတုန်ဒေသတွင် ပြည်သူများ ချေမှုန်းရေးရိုင်ဖယ်နှင့် ဖောက်ခွဲရေးပစ္စည်းများ ကိုင်ဆောင်ခွင့် မပြုဟုဆို

ဇိုတုန်ဒေသတွင် ပြည်သူများ ချေမှုန်းရေးရိုင်ဖယ်နှင့် ဖောက်ခွဲရေးပစ္စည်းများ ကိုင်ဆောင်ခွင့် မပြုဟုဆို

0
By Editor on March 26, 2025 Headline

(006SV)

ချင်းပြည်နယ်၊ ဇိုတုန်ဒေသတွင် ပြည်သူများအနေဖြင့် ပစ္စတိုသေနတ်အပါအဝင် ချေမှုန်းရေးရိုင်ဖယ်များနှင့် ဖောက်ခွဲရေး ပစ္စည်း များမတ်လ ၂၅ ရက် စတင်၍ ကိုင်ဆောင်ခွင့် မပြုတော့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) – ဇိုတုန်ထံမှ သိရသည်။

ဇိုတုန်ဒေသတွင်းက ပြည်သူများသည် ချင်းထုံးစံအမဲလိုက်ရာတွင် အသုံးပြုသော ရိုးရာတူမီးသေနတ်၊ နှစ်လုံးပြူးသေနတ်၊ ခါးချိုးသေနတ် နှင့် လေသေနတ်တို့ကိုသာ ကိုင်ဆောင်ခွင့်ရှိသည်ဟု CDF – ဇိုတုန်က မတ်လ ၂၅ ရက်က ထုတ်ပြန်သည်။

ချေမှုန်းရေးရိုင်ဖယ်၊ ပစ္စတိုကဲ့သို့သော သေနတ်များ၊ တခြားမောင်းပြန်သေနတ်များ၊ ဖောက်ခွဲရေးပစ္စည်းများကို တော်လှန် ရေးတပ်ဖွဲ့ဝင်များသာ ကိုင်ဆောင်ခွင့်ရှိသည်ဟု ဆိုသည်။

CDF – ဇိုတုန်အနေဖြင့် လိုအပ်သည့်အလျောက် စစ်ဆေးတော့မည်ဖြစ်၍ ဒေသခံပြည်သူများအနေဖြင့် ကိုင်ဆောင်ခွင့်မရှိသည် လက်နက်အမျိုးအစားများကို ကိုင်ဆောင်ခြင်း လုံးဝမပြုကြရန် တားမြစ်လိုက်သည်။

စစ်ကောင်စီကို တော်လှန်နေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဇိုတုန်းဒေသကို ဖြတ်သန်းသွားလာလိုပါက ကြိုတင် သတင်းပေးပို့ကြရန် သို့မဟုတ် ခိုင်လုံသော အထောက်အထားများ ယူဆောင်လာကြရန် အသိပေးထုတ်ပြန်သည်။

ချင်းလဲန်းအတွင်းရှိ ဇိုတုန်ဒေသည် စစ်ကောင်စီ ကင်းစင်ပြီးသော ဒေသတခုဖြစ်ပြီး ပြည်သူ့လုံခြုံရေးနှင့် ပတ်သက်၍ CDF – ဇိုတုန်က ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသော တပ်ဖွဲ့ဝင်များ၏ လက်နက်ကိုင်ဆောင်ခြင်းနှင့် ပတ်သက်၍လည်း လိုအပ်သော စည်းကမ်းသတ်မှတ်ချက်များကို CDF – ဇိုတုန်က ပြဌာန်းချမှတ်ထားသည်ဟု သိရသည်။

မင်းတပ်မြို့နယ်တွင်လည်း ပြည်သူများအနေဖြင့် ပုံစံမျိုးစုံဖြင့် ရရှိထားသော တိုက်ခိုက်ရေးမောင်းပြန်ရိုင်ဖယ်နှင့် အခြား လက်နက်ခဲယမ်းများကို နီးစပ်ရာ တပ်ရင်းတပ်ဖွဲ့များထံ ပြန်လည်အပ်နှံရန် CDF – မင်းတပ်က ထုတ်ပြန်ထားသည်။

ထိန်းချုပ်နယ်မြေအတွင်း လက်နက်ခဲယမ်းထိန်းချုပ်နိုင်ရေး၊ ပြည်သူလူထုကို လက်နက်ခဲယမ်းနှင့် ဖောက်ခွဲပစ္စည်းအန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက်ဖြစ်သည်ဟု ဆိုသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.