Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တွန်းဇံမြို့ကို ထိုးစစ်ဆင်လာသော ZRA ကို ပြန်လည်တိုက်ခိုက်မည်ဟု CDF-Hualngoram ပြော

တွန်းဇံမြို့ကို ထိုးစစ်ဆင်လာသော ZRA ကို ပြန်လည်တိုက်ခိုက်မည်ဟု CDF-Hualngoram ပြော

0
By Editor on April 5, 2025 Headline

ချင်းပြည်မြောက်ပိုင်း တွန်းဇံမြို့ကို ထိုးစစ်ဆင်လာသော Zomi Revolutionary Army (ZRA) တပ်ဖွဲ့ကို ပြန်လည်တိုက်ခိုက်သွားမည်ဟု CDF-Hualngoram က အသိပေးထုတ်ပြန်သည်။

တွန်းဇံမြို့အတွင်း မိဘပြည်သူများသည် အေးချမ်းစွာ နေထိုင်ခဲ့ကြသော်လည်း ဧပြီလ (၃) ရက်နေ့ မနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် Zomi Revolutionary Army (ZRA)တပ်ဖွဲ့မှ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သောကြောင့် ပြန်လည်ခုခံတိုက်ခိုက်ခဲ့ပြီး နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု CDF-Hualngoram က ဧပြီလ ၄ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည်။

ထို့ကြောင့် ချင်းပြည်(Chinland) ကိုကာကွယ်ရန်နှင့် မိမိကိုယ်ကိုယ်ခုခံကာကွယ် နိုင်ရန်အတွက် အကြမ်းဖက် စစ်ကောင်စီနှင့် ၎င်း၏ လက်ကိုင်တုတ်ဖြစ်သော ZRA တပ်ဖွဲ့အား ပြန်လည်တိုက်ခိုက်သွားမည်ဟု ယင်းထုတ်ပြန်ချက် တွင်ဖော်ပြာထားသည်။

ဧပြီလ ၃ ရက် နံနက်ပိုင်းက စတင်၍ ချင်းပြည်အစိုးရ ပူးပေါင်းတပ်များက ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရာ ဖော်ဆောင်နေသည့် တွန်းဇံမြို့ကို ZRA က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်သည်။

ဧပြီလ ၄ ရက်အထိ တွန်းဇံမြို့ပေါ်က တိုက်ပွဲများတွင် ZRA တပ်ဖွဲ့သည် စစ်ကောင်စီပေးထားသည့် ဒရုန်းနှင့် လက်နက်ခဲယမ်းများကို အသုံးပြု တိုက်ခိုက်နေသည်ကို တွေ့ရှိရသည်ဟု CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ယမန်နေ့က ခိုနူမ်းသုန်ကိုပြောဆိုထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေး-တမူးလမ်းပိုင်း တကျော့ပြန်တိုက်ပွဲကြောင့် အိန္ဒိယနယ်စပ်ဘက် စစ်ရှောင်ကြသောပြည်သူများ အကူအညီလိုအပ်နေ

မင်းတပ် လေကြောင်းတိုက်ခိုက်မှုမှာ ၁၀ နှစ်ဝန်းကျင် ကလေးငယ် ၃ ဦး သေဆုံး

ဟားခါးနှင့် တမူးမြို့နယ်က ချင်းတော်လှန်ရေးစခန်းများ လေကြောင်းတိုက်ခိုက်ခံရ၊ ရဲဘော် ၈ ဦးကျဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.