Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»CDF- မတူပီ၊ တပ်မဟာ ၁ က တပ်ဖွဲ့အမည်ပြောင်းလဲပြီး နိုင်ငံရေးနှင့် စစ်ရေး စုဖွဲ့မှု ပုံစံသစ်ပြောင်းလဲ

CDF- မတူပီ၊ တပ်မဟာ ၁ က တပ်ဖွဲ့အမည်ပြောင်းလဲပြီး နိုင်ငံရေးနှင့် စစ်ရေး စုဖွဲ့မှု ပုံစံသစ်ပြောင်းလဲ

0
By Editor on April 11, 2025 Headline

(006SV)

Chinland Defense Force -မတူပီ၊ တပ်မဟာ – ၁ သည် ချင်းပြည်နှင့် ချင်းလူမျိုးကို ကိုယ်စားပြုနိုင်ရန်ဟုဆိုကာ Chin Defense Force – မတူပီ အဖြစ် အမည်ပြောင်းလဲလိုက်ပြီး နိုင်ငံရေးနှင့် စစ်ရေးကဏ္ဍ စုဖွဲ့မှုများကိုလည်း ပုံစံသစ်ပြောင်းလဲလိုက်သည်။

ဧပြီလ ၂ ရက်၊ ၃ ရက်တို့တွင် ကျင်းပပြုလုပ်သော Chinland Defense Force – မတူပီ၊ တပ်မဟာ – ၁ ၏ အထွေထွေ အစည်းအဝေး ဆုံးဖြတ်ချက်အရ စုဖွဲ့မှု ပြောင်းလဲလိုက်ခြင်းများကို ဧပြီလ ၁၀ ရက်မှာ ထုတ်ပြန်သည်။

CDF – မတူပီ၊ တပ်မဟာ – ၁ အမည်နာမကို ချင်းပြည်နှင့် ချင်းလူမျိုး ၂ ရပ်လုံးအား ကိုယ်စားပြုသည့် Chin Defense Force – Matupi (ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ) အဖြစ် ပြောင်းလဲလိုက်သည်ဟု CDF – မတူပီ ပြောရေးဆိုခွင့်ရှိသူ ကိုဘွေအုတ်က ပြောသည်။

“အဓိကက တပ်မဟာ – ၁ ၊ ၂ ဆိုတာမျိုးထက် အဲမှာ Chinland Defence Force – မတူပီ ဆိုတဲ့အချိန်မှာ Land ဆိုတာက ပြည်နယ်၊ ဒေသ တခုကိုပဲ ကိုယ်စားပြုတယ်။ ချင်းဆိုရင် ချင်းလူမျိုး အားလုံးကိုသော်လည်းကောင်း၊ ချင်းတွေနေထိုင်တဲ့ နေရာဒေသအားလုံး ကိုသော်လည်းကောင်း ကိုယ်စားပြုတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ Chinland အစား Chin ဆိုပြီးတော့မှ ပြောင်းလဲထားတာ ဖြစ်ပါတယ်” ဟု ကိုဘွေအုတ်က ပြောသည်။

Matupi Revolutionary Organization – MRO ( မတူပီတော်လှန်ရေး အဖွဲ့ချုပ်)ကိုလည်း CDF – မတူပီ တပ်ဖွဲ့ဝင်များ အားလုံး ပါဝင်သော အထွေထွေအစည်းအဝေးကြီးမှ တော်လှန်ရေးအဖွဲ့ချုပ်အဖြစ် သဘောတူဖွဲ့စည်းခဲ့သည်ဟု သိရသည်။

“မတူပီတော်လှန်ရေးအဖွဲ့ချုပ်က တပ်ဖွဲ့ဝင်တွေ အားလုံးအတွက် ပိုမိုပြီးတော့ စီမံခန့်ခွဲရေးအပိုင်းမှာ သော်လည်းကောင်း၊ ထောက် ပံ့ရေးပိုင်း၊ ပြီးတော့ လိုအပ်တဲ့ အရပ်ဖက်ဆိုင်ရာ ဆက်ဆံရေး၊ စည်းရုံးရေးကအစ ပေါ့နော်။ ပြီးတော့မှ အရပ်ဖက်ကိုလည်း CDF အနေနဲ့ ဘယ်လိုမျိုး ကူညီနိုင်မလဲ ဆိုတဲ့ အခန်းကဏ္ဍမှာ စစ်ရေးရော၊ အရပ်ဖက်ရေးရာရော ကျနော်တို့ တတ်နိုင်သလောက် ကြိုးစားပြီး လုပ်ဆောင်ဖို့ ဖွဲ့စည်းရခြင်းဖြစ်ပါတယ်” ဟု ကိုဘွေအုတ်က ရှင်းပြသည်။

CDF – မတူပီ၊ တပ်မဟာ – ၁ သည် စစ်ရေးကဏ္ဍပိုင်းတွင် တပ်မဟာမှူး ဦးဆောင်သော စနစ်မှ စစ်ဦးစီးချုပ်၊ စစ်ဒေသမှူး၊ တပ်ရင်းမှူးဖြင့် ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံအသစ်ဖြင့် ပြောင်းလဲဖွဲ့စည်းလိုက်သည်။

ချင်းပြည်နယ်တွင် တခြားသော CDF တပ်ဖွဲ့များသည် စစ်ဦးစီးချုပ် ပုံစံဖြင့် လည်ပတ်နေကြသောကြောင့် တခြားဒေသစနစ်များကို လေ့လာပြီး Chin Defense Force – မတူပီအနေဖြင့် စစ်ဦးစီးချုပ် စနစ်ဖြင့်သွားနိုင်ရန် အားလုံးက သဘောတူလက်ခံခြင်းဖြစ်သည်ဟု ကိုဘွေအုတ်က ဆိုသည်။

စစ်ဦးစီးချုပ်စနစ်ဖြင့် လည်ပတ်မည်ဖြစ်သော်လည်း Chin Defense Force – မတူပီကို အမြဲတမ်းစစ်တပ်ပုံစံမျိုးကို လတ်တလော တွင် ဖော်ဆောင်မည်မဟုတ်ကြောင်း CDF – မတူပီ ပြောရေးဆိုခွင့်ရှိသူ ကိုဘွေအုတ်က ပြောသည်။

“အမြဲတမ်းစစ်တပ်ပုံစံမျိုးကတော့ ကျနော်တို့ ချက်ချင်းမလုပ်နိုင်သေးဘူး။ ချင်းညီနောင်အနေနဲ့ကော ဘယ်လိုသွားမလဲဆိုတဲ့ ချင်းညီနောင်ရဲ့ တပ်စုဖွဲ့မှုအပေါ်မှာ အများကြီး မူတည်မှာပါ။ ကျနော်တို့က ချင်းညီနောင်အဖွဲ့ဝင်ဆိုတော့လေ။ ချင်းညီနောင်ရဲ့ တပ်စုဖွဲ့မှု ပေါ်လစီ ပေါ်မှာ ကျနော်တို့ ဘယ်လိုသွားမလဲဆိုတာ အများကြီးမူတည်ပါလိမ့်မယ်”ဟု ကိုဘွေအုတ်က ပြောသည်။

Chin Defense Force – မတူပီသည် တော်လှန်ရေး ၄ နှစ်တာအတွင်း ကျဆုံးရဲဘော် ၂၂ ဦးရှိခဲ့ပြီး ကိုယ်လက်အင်္ဂါ ဆုံးရှုံးသော တပ်ဖွဲ့ဝင် ၁၀ ဦးရှိခဲ့သည်ဟု သိရသည်။

ချင်းဒေသအတွင်း စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်သော တိုက်ပွဲပေါင်း မြောက်များစွာ ပါဝင်ခဲ့ပြီး ချင်းညီနောင်နှင့် မဟာမိတ်များဖြင့် ပူးပေါင်းကာ မတူပီမြို့ကို ၂၀၂၄ ဇွန်လ ၂၉ ရက်တွင်သိမ်းပိုက်ခဲ့ကြသည်။

“ရှေ့ဆက်ကတော့ ကျနော်တို့မှာ မတူပီမြို့လည်း ပြန်လည်တည်ဆောက်တဲ့အပိုင်း အခန်းကဏ္ဍမှာ ပါဝင်မယ်။ ချင်းညီနောင်နဲ့ လည်း ဆက်သွယ်ပြီးတော့မှ ချင်းပြည် တည်ဆောက်ရေး ၊ မဟာမိတ်နယ်မြေတွေမှာလည်း တတ်နိုင်သလောက် တပ်အင်အား သော်လည်းကောင်း၊ လက်နက်ခဲယမ်းအားသော်လည်းကောင်း ကျန်တဲ့ ချိတ်ဆက်မှုတွေ ၊ လက်တွဲသွားဖို့ ရှိပါတယ်။ မတူပီလည်း အများကြီး တည်ဆောက်ဖို့ လိုသေးတယ်ဆိုတော့ အဲဒီဟာတွေကိုလည်း တည်ဆောက်သွားဖို့ ဖြစ်ပါတယ်” ဟု ကိုဘွေအုတ်က ပြောသည်။

မတူပီမြို့နယ်တွင် CDF – မတူပီမှ တပ်မဟာ ၁ နှင့် တပ်မဟာ – ၂ အဖြစ်သို့ ကွဲသွားပြီးနောက် လတ်တလောက်မှာ ပြန်လည် ပေါင်းစည်းနိုင်ရေးအတွက် နှစ်ဖွဲ့ဆွေးနွေးမှုတွေ ဆက်ရှိနေပြီး မည်ကဲ့သို့ ပေါင်းစည်းကြမလဲကို တိတိကျကျ သဘောတူညီချက် မရရှိသေးကြောင်း ကိုဘွေအုတ်က ပြောသည်။

CDF – မတူပီ၊ တပ်မဟာ – ၁ ၏ ယခုကဲ့သို့ ပုံစံများ ပြောင်းလဲလာမှုသည် မတူပီအင်အားစု နှစ်ဖွဲ့၏ စည်းလုံးမှုကို ပိုပြီး အလှမ်း ဝေးစေသော လုပ်ရပ်ဖြစ်သည်ဟု CDF – မတူပီ၊ တပ်မဟာ – ၂ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွန်ကိန်းက ပြောသည်။

“ဒီထုတ်ပြန်ချက်ကို ပြန်ကြည့်ရင် မတူပီ စည်းလုံးမှုကို ပိုပြီးတော့ ဝေးစေတဲ့ လုပ်ရပ်မျိုးလို့ ကျနော်က မြင်တယ်။ ပြည်သူက အစ၊ ကာကွယ်ရေးက အစ၊ ဟိုအောက်ခြေ ပညာရေး၊ ကျန်းမာရေး၊ ဟိုအောက်ကနေ လာတဲ့ အဖွဲ့ သေးသေးလေးကအစ၊ INGO ၊ NGO က အစပေါ့၊ အားလုံးအတွက်ပါ အဆင်မပြေစေတဲ့ စုဖွဲ့မှုမျိုးလို့ ကျနော်က မြင်တယ်။ ကျနော်တို့ မတူပီတမျိုးသားလုံးတွေရဲ့ စည်းလုံးမှုသာမကပဲ ချင်းတမျိုးသားလုံးရဲ့ စည်းလုံးမှုပါ ပိုပြီးတော့ အလှမ်းဝေးစေတဲ့ စုဖွဲ့မှုမျိုး၊ ထုတ်ပြန်မှုမျိုးလို့ ကျနော်က မြင်တယ်” ဟု ဆလိုင်းနိုင်ဂျွန်ကိန်းက ပြောသည်။

Matupi Revolutionary Organization – MRO ( မတူပီတော်လှန်ရေး အဖွဲ့ချုပ်)သည် မတူပီမြို့တခုလုံးကို လွှမ်းခြုံ ဖွဲ့စည်းထား ခြင်းမျိုး မဟုတ်ကြောင်း၊ တပ်မဟာ – ၁ ၊ တပ်မဟာ ၂ နှင့် မတူပီ အားလုံးက နေပြီး ဖွဲ့စည်းလိုက်သော အဖွဲ့ကသာ မတူပီမြို့နယ် လုံး၏ အဖွဲ့အစည်းတခုအဖြစ် အသိအမှတ်ပြု၍ ရကြောင်း ဆလိုင်းနိုင်ဂျွန်ကိန်းက ပြောသည်။

မတူပီမြို့နယ်တွင် စစ်အာဏာရှင်တော်လှန်ရေးအတွက် CDF -မတူပီအဖြစ် ဖွဲ့စည်းပြီးနောက် နှစ်ဖွဲ့ကွဲသွားကာ CDF – မတူပီ၊ တပ်မဟာ – ၂ သည် နိုင်ငံရေးနှင့် စစ်ရေးတွင် ချင်းပြည်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သည်။

CDF – မတူပီ၊ တပ်မဟာ – ၁သည် နိုင်ငံရေးနှင့် စစ်ရေးတွင် ICNCC ၊ ချင်းညီနောင် (CB) တို့ဖြင့် ပူးပေါင်းဆောင်ရွက်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.