Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မြန်မာဒုက္ခသည်မျာ၏ အခက်အခဲများကို UNHCR နှင့် အိန္ဒိယအာဏာပိုင်များထံ တင်ပြပေးမည်ဟု မီဇိုရမ်ပြည်နယ်ကိုယ်စားပြု ပြည်သူ့လွှတ်တော်အမတ်ပြော

မြန်မာဒုက္ခသည်မျာ၏ အခက်အခဲများကို UNHCR နှင့် အိန္ဒိယအာဏာပိုင်များထံ တင်ပြပေးမည်ဟု မီဇိုရမ်ပြည်နယ်ကိုယ်စားပြု ပြည်သူ့လွှတ်တော်အမတ်ပြော

0
By Editor on April 28, 2025 Khonumthung

(004SS)

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့က မြန်မာဒုက္ခသည်များ၏ အခက်အခဲများနှင့်ပတ်သက်၍ UNHCR နှင့် အိန္ဒိယအာဏာပိုင်များထံ တင်ပြဆွေးနွေးပေးမည်ဟု မီဇိုရမ်ပြည်နယ်ကိုယ်စားပြု ပြည်သူ့လွှတ်တော်အမတ် Pu Richard Vanlalhmangaiha က ပြောသည်။

အိန္ဒိယနိုင်ငံ ၊ နယူးဒေလီမြို့ရှိ လွှတ်တော်အမတ် Pu Richard Vanlalhmangaiha နှင့် ချင်းဒုက္ခသည်ကော်မတီ (CRC) တို့သည် ၎င်း၏ရုံးခန်းတွင် ဧပြီလ ၂၆ရက်‌နေ့ကတွေ့ဆုံခဲ့ကြပြီး နယူးဒေလီရှိ မြန်မာဒုက္ခသည်များကြုံတွေ့ရသည့် အခက်အခဲ အခြေအနေများကို တင်ပြဆွေးနွေးရာတွင် လွှတ်တော်အမတ်က ယခုကဲ့သို့ ပြော‌ဆိုခဲ့ခြင်းဖြစ်သည်။

ချင်းဒုက္ခသည်ကော်မတီ ဥက္ကဌဦးဆောင်သော အဖွဲ့ဝင်ကွန်မြူနတီအသီးသီးမှ ဥက္ကဌများသည် လွှတ်တော်အမတ်အား ၎င်း၏ ရုံးခန်း‌တွင် သွားရောက်တွေ့ဆုံခဲ့ကြပြီး ဒုက္ခသည်များ ကြုံတွေ့နေရသော အခက်အခဲများကို ၃ နာရီကြာ တင်ပြဆွေးနွေးခဲ့ကြသည်ဟု CRC က ယမန်နေ့တွင် ထုတ်ပြန်သည်။

နယူးဒေလီရောက် မြန်မာဒုက္ခသည်များသည် ကျောင်း ၊ အလုပ်ရုံများတွင် ဒေသခံများမှ နှောက်ယှက် စော်ကားမှုများ နှင့် ခရစ်ယာန်ဘုရားကျောင်းများအထိ ရဲများ ဝင်ရောက်စစ်ဆေးခံခဲ့ရခြင်း စသည့် လုံခြုံရေး နှင့် ပါတ်သက်သော ကိစ္စရပ်များ တင်ပြပေးရန် တောင်းဆိုခဲ့ကြသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် နယူးဒေလီသို့ တိမ်းရှောင်လာခဲ့သူများကို ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ဒုက္ခသည် အဆင့်အတန်း အသိအမှတ်ပြုရန် နှောင့်နှေးကြန့်ကြာနေသဖြင့် UNHCR တာဝန်ရှိသူများထံ ဒုက္ခသည် စီစစ်ရေးလုပ်ငန်းများ အမြန်ဆုံးပြုလုပ်ပေးလည်း တောင်းဆိုခဲ့ကြသည်ဟု သိရသည်။

အိန္ဒိယနိုင်ငံ နိုင်ငံခြားသားများမှတ်ပုံတင်ရေးရုံး (FRRO) မှ ဒုက္ခသည်များကို တရားဝင်နေထိုင်ခွင့် (ဗီဇာ) ထုတ်ပေးမှု ရပ်ဆိုင်းခဲ့သဖြင့် တတိယနိုင်ငံသို့ ထွက်ခွာမည့် သူများ တရားဝင်နေထိုင်ခွင့်ကျော်လွန် သူများအဖြစ် ဒဏ်ကြေးများပေး ဆောင်နေရခြင်း၊ ပြစ်မှုကင်းရှင်းကြောင်း ရဲထောက်ခံစာ (PCC) မရယူ နိုင်သည့် အခြေအနေများပြေလည်စေ‌ရေး သက်ဆိုင်ရာ အာဏာပိုင်များနှင့် ညှိနှိုင်းဆွေးနွေးပေးရန် စသည့်ဒုက္ခသည်များဆိုင်ရာ အရေးကိစ္စများကို လွှတ်တော်အမတ် ထံတင်ပြခဲ့သည်ဟု CRC က ဖော်ပြထားသည်။

ထိုသို့ CRC ၏ တောင်းဆိုချက်များကို လွှတ်တော်အမတ်ကလည်း ၎င်းအနေဖြင့် UNHCR နှင့်သော်လည်းကောင်း သက်ဆိုင်ရာ အိန္ဒိယ အာဏာပိုင်များနှင့် တွေ့ဆုံ၍ မြန်မာဒုက္ခသည်များအခက်အခဲများပြေလည်စေရန် တင်ပြဆွေးနွေးမည်ဟု ပြန်လည်ပြောကြားခဲ့သည်။

ထို့‌နောက် လွတ်တော်အမတ်ကလည်း မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါး များ မီဇိုရမ်ပြည်နယ်အတွင်း ဝင်ရောက်နေမှုများကို ထိန်းချုပ်တားဆီးနိုင်ရေးအတွက် ဝိုင်းဝန်းကူညီပေး ကြရန် ချင်းဒုက္ခသည် ကော်မတီ(CRC)အား မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။

CRC အနေဖြင့် နယူးဒေလီတွင် ခိုလှုံနေကြသော မြန်မာနိုင်ငံသား ဒုက္ခသည်များအားလုံး၏ အခက်အခဲများ အဆင်ပြေနိုင်စေရေးကို တတ်စွမ်းသမျှ ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း အသိပေးထားသည်။

အိန္ဒိယနိုင်ငံသည် ဒုက္ခသည်ကွန်ဗင်းရှင်း (၁၉၅၁ ခုနှစ်) ကို လက်မှတ်‌ရေးထိုးထားခြင်း မရှိသော်လည်း အိမ်နီးချင်းကောင်းပီသစွာ မြန်မာနိုင်ငံသားများအား ခိုလှုံခွင့်ပြုထားသောကြောင့် အထူးကျေးဇူးတင်ရှိကြောင်း CRC New Delhi က ဆိုသည်။

ထို့ကြောင့် အိန္ဒိယနိုင်ငံအတွင်း ခိုလှုံနေကြသော မြန်မာနိုင်ငံသားတွေအနေဖြင့် ဒုက္ခသည်များအား လက်ခံကူညီ စောင့် ရှောက်ပေးလျက်ရှိသော အိန္ဒိယနိုင်ငံမှ လူမှုအသင်းအဖွဲ့များ၊ ဘာသာရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် အစိုးရ အာဏာပိုင်များအား ကျေးဇူးသိတတ်သောအားဖြင့် ဒုက္ခသည်များ လိုက်နာရမည့် အချက် ၅ ချက်ပါ ထုတ်ပြန်ချက်ကိုလည်း CRC-New Delhi က ဧပြီလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။

မူးယစ်ဆေးဝါးအပါအဝင် တရားမဝင် ရောင်းဝယ်ဖောက်ကားခြင်းများတွင် ပါဝင်ပတ်သက်ခြင်းမပြုရန်၊ အိန္ဒိယ ဗဟိုအစိုးရ နဲ့ ပြည်နယ်အစိုးရများ၊ လူမှုအသင်းအဖွဲ့များမှ အခါအားလျော်စွာ လိုအပ်ချက်အရ ထုတ်ပြန်သည့် စည်းကမ်းချက် များ လိုက် နာကြရန်၊ တည်ဆဲဥပဒေများကို လေးစားလိုက်နာကြရန်၊ မိမိတို့ နေထိုင်လျက်ရှိသည့် ပတ်ဝန်းကျင် ဒေသခံများနှင့် လိုက်လျောညီထွေစွာ ဆက်ဆံပေါင်းသင်းကြရန် နှင့် မြန်မာနိုင်ငံသား၊ လူမှုအဖွဲ့အစည်းများအနေဖြင့် လိုက်နာဆောင်ရွက် ကြရန် မိမိတို့ ကွန်မြူနတီအသီးသီးထံ ထပ်ဆင့် ဖြန့်ဝေပေးကြရန် CRC-New Delhi ကထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 10, 2026

ဇမ်ပီးရွာရှိ ZRA-EC စခန်းကို ZNA က ဝင်ရောက်တိုက်ခိုက်ရာ ZRA-EC ရဲဘော်တစ်ဦးသေဆုံး

September 10, 2026

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

September 9, 2026

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

September 9, 2026

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.