Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝဒေသခံ ၂၀ ကျော်ကို ULA/AA က ဖမ်းဆီးထိန်းသိမ်းထားဆဲ ဟု GKO ထုတ်ပြန်

ပလက်ဝဒေသခံ ၂၀ ကျော်ကို ULA/AA က ဖမ်းဆီးထိန်းသိမ်းထားဆဲ ဟု GKO ထုတ်ပြန်

0
By Editor on May 5, 2025 Headline

(006SV)

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်ထဲမှာ အာရက္ခတပ်တော် ULA/AA သည် ဒေသခံပြည်သူ ၂၀ ကျော်ကို ဆက်လက် ထိန်းသိမ်းထားဆဲဖြစ်သောကြောင့် အမြန်ဆုံး လွှတ်ပေးရန် အပါအဝင် တောင်းဆိုချက် ၅ ချက်အား ULA/ AA ကို နိုင်ငံတကာခူမီးအဖွဲ့အစည်း – GKO က တောင်းဆိုသည်။

၂၀၁၉ ခုနှစ်မှ ယနေ့အထိ ULA/AA သည် ဒေသခံပြည်သူ ၆၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ၃၀ ကျော်ကို ပြန်လည်လွတ်ပေးခဲ့သော်လည်း ၂၀ ကျော်ကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပြီး အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း Global Khumi Organization – GKO က မေလ ၃ရက်မှာ ထုတ်ပြန်သည်။

၎င်းတို့ထဲမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ပလက်ဝမြို့နယ်၊ ကျီးဝကျေးရွာမှ အသက် ၃၂ နှစ်အရွယ် ဦးငြိမ်ပြေသည် CNF မှ မိတ်ဆွေများကို အိမ်တွင် ဧည့်ခံသောကြောင့် ULA/ AA က ဖမ်းဆီးခေါ်ဆောင်သွားပြီး မေလ ၃ ရက်အထိ မိသားစုက အဆက်အသွယ်မရဘဲ မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရကြောင်း GKO က ဆိုသည်။

၂၀၂၄ ခုနှစ် အစောပိုင်းကာလတွင် ပလက်ဝမြို့နယ်မှာ စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီးနောက် ဒေသခံ ခူမီးချင်းလူမျိုး အများအပြား နေအိမ်မှ စွန့်ခွာသွားရကြောင်း၊ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်လူမျိုးကို မီးဇာနှင့် ဥဿလင်းဝကျေးရွာကြားတွင် နေရာချထားရာ အိမ်ခြေ ၅၀၀ ခန့် ရှိနေသည်ဟု သိရသည်။

ယင်းတို့နေရာချထားခြင်းသည် ဌာနေခူမီးချင်းလူမျိုးများကို စနစ်တကျ မောင်းထုတ်ရန် ကြံစည်းခြင်းဖြင်၍ ယင်းလုပ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချသည်ဟု GKO က ထုတ်ပြန်သည်။

ULA/AA အနေဖြင့် ဒေသခံပြည်သူများ၏ ကျန်းမာရေးကို အလေးထားသောအားဖြင့် ကျန်းမားရေး ဆရာ/မများကို ကျန်းမာရေးစောင့်ရှောက်ခွင့်ပေးရန် တိုက်တွန်းသည်ဟု ထုတ်ပြန်ထားသည်။

ယခုနှစ် မတ်လမှ စတင်၍ ပလက်ဝဒေသမှာ လူစုလူဝေးမပြုလုပ်ရန် ပိတ်ပင်ထားပြီး ဒေသခံချင်းခရစ်ယာန်များ ဝတ်ပြုစည်း ဝေးခွင့် ဆုံးရှုံးလျက်ရှိနေကြောင်း၊ ဗုဒ္ဓဘာသာဝင်များကို ဘာသာရေး လွတ်လပ်ခွင့် ပေးသည့်နည်းတူ ခရစ်ယာန်ဘာသာဝင်များ ကိုလည်း ဘာသာရေးလွတ်လပ်ခွင့်ပေးရန် တိုက်တွန်းသည်ဟု GKO က ဆိုသည်။

ပလက်ဝမြို့နယ်အတွင်း တရားခံမပေါ်သော လူသတ်မှုများ နောက်နောင် လုံးဝ မဖြစ်ပွားအောင် ဆောင်ရွက်ရန် အလေးအနက် တိုက်တွန်းကြောင်း GKO က တောင်းဆိုသည်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်က ပလက်ဝမြို့နယ်၊ ဆမီးမြို့မှ အသက် ၃၅ နှစ်အရွယ် ကလေးမိခင်၁ ဦးကို ရခိုင်စကားပြော လူတစုမှ အဓမ္မပြုကျင့်ပြီး သတိမေ့လျော့သည်အထိ နှိပ်စက်ကာ ချောင်းကမ်းနံဘေးတနေရာမှာ စွန့်ပစ်ခဲ့သည်ဟု GKO က ထုတ်ပြန်ထားသည်။

၂၀၂၃ စက်တင်ဘာလ ၈ ရက်မှာလည်း ပလက်ဝမြို့နယ်၊ မောင်နှမကျေးရွာမှ အသက် ၁၃ နှစ်အရွယ် ကလေး ၁ ဦးအပါအဝင် ကုန်သည်မိသားစုဝင် ၃ ဦးသည် ကျောက်တော်မှ ပလက်ဝသို့ အပြန်လမ်းတွင် ပျောက်ဆုံးခဲ့ပြီး ဓါးဒဏ်ရာများနှင့် မွန်ထောင့်ကျေးရွာအနီးမှာ အလောင်းတွေ့ရှိသည်ဟု သိရသည်။

၂၀၂၅ ခုနှစ် ဧပြီလ ၅ ရက်ကလည်း ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာမှ အသက် ၂၃ နှစ်အရွယ် ကလေးမိခင် ၁ ဦးကို ULA/ AA တပ်ဖွဲ့ဝင် ၂ ဦးက အဓမ္မပြုကျင့်ပြီး ရေနစ်သတ်ဖြတ်ရန် ကြိုးစားခဲ့ကြောင်း၊ ယင်းဖြစ်ရပ်ကို ပြင်းထန်စွာရှုတ်ချသည် GKO က ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.