Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အိန္ဒိယ-မြန်မာနယ်စပ် တမူးခရိုင်ထဲမှာ ၄ နှစ်တာအတွင်း စစ်ကောင်စီကြောင့် အရပ်သားသေဆုံးမှု ၁၅၀ နီးပါးရှိ

အိန္ဒိယ-မြန်မာနယ်စပ် တမူးခရိုင်ထဲမှာ ၄ နှစ်တာအတွင်း စစ်ကောင်စီကြောင့် အရပ်သားသေဆုံးမှု ၁၅၀ နီးပါးရှိ

0
By Editor on May 5, 2025 Headline

006SV

အိန္ဒိယ- မြန်မာနယ်စပ် တမူးခရိုင်အတွင်း စစ်အာဏာသိမ်းမှု ၄ နှစ်တာကာလမှာ အရပ်သားသတ်ဖြတ်ခံရမှု ၁၄၉ ဦး ရှိပြီး ၎င်းတို့အတွက် တရားမျှတမှု ကင်းမဲ့နေကြောင်း Kuki Women Human Right Organization ကပြောသည်။

Kuki Women Human Right Organization အဖွဲ့က အိန္ဒိယ-မြန်မာနယ်စပ်ကူကီး ဒေသက အခြေအများနှင့်ပတ် သက်၍ မေလ ၂ ရက်နေ့ကထုတ်ပြန်သော ၄ လတစ်ကြိမ်အစီရင်ခံစာမှာ ဖော်ပြထားခြင်းဖြစ်သည်။

အရပ်သားပြည်သူသတ်ဖြတ်မှုကို အများဆုံး ကျူးလွန်သူများမှာ စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့ ဖြစ်ကြောင်း ကူကီးအမျိုးသမီး လူ့အခွင့်အရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောသည်။

“ဘယ်လိုဖြစ်နေတယ်ဆိုတာပဲ ကိုယ်ရရှိထားတဲ့ အချက်အလက်နဲ့ပဲ ထုတ်ပြန်နိုင်တာပဲ ရှိနေတာ၊၊ ဘယ်သူ့ ဘယ်သူ ဆီကမှ ထိခိုက်ခံစားနေရတဲ့ လူတွေအတွက် တရားမျှတမှုဆိုတာ ခုချိန်ထိ ကြားတောင် မကြားဖူးတဲ့ စကားဖြစ်နေ တယ်။ တရား မျှတမှုကတော့ မရှိနေဘူးပေါ့နော်။ ကျမတို့က လက်နက်ကိုင်လို့ပဲ သုံးနှုန်းထားသလိုပဲပေါ့နော်။ အများစုကတော့ စကစနဲ့ သူ့အပေါင်းအပါတွေ ပျူစောထီးတွေရဲ့ ကျူးလွန်မှုတွေက ပိုများတယ်။ ကျန်တဲ့ဟာက တချို့ဟာလေးတွေတော့ ရှိတယ်” ဟု ၎င်းက ပြောသည်။

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ဧပြီလအထိ ကူကီးဒေသတွင် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ စစ်ကောင်စီလက်အောက်ခံပျူစောထီးတပ်ဖွဲ့များ၏ သတ်ဖြတ်မှု နှင့် မြေမြှုပ်မိုင်းများကြောင့် သက်မပြည့်သေးသော ကလေး ၁၄ ဦး၊ အမျိုးသမီး ၃၆ ဦး၊ အမျိုးသား ၆၉ ဦးသေဆုံးခဲ့ရပြီး အလောင်း အတည် မပြုနိုင်သော လူ ၃၀ ဦး ရှိခဲ့သည်ဟု အစီရင်ခံစာတွင်ဖော်ပြထားသည်။

ထို့အပြင် တမူးခရိုင်အတွင်း ကျေးရွာပေါင်း ၁၆ ရွာမှ အိမ်ခြေပေါင်း ၂၀၀၀ ကျော် မီးရှို့ ဖျက်စီး ခံထားရသကဲ့သို့ ဒေသခံပြည်သူ ၂၀၀၀၀ ကျော်လည်း အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရသည်ဟု သိရသည်။

စစ်ဘေးရှောင်အများစုသည် အိန္ဒိယ- မြန်မာနယ်စပ်နှင့် မြန်မာနိုင်ငံ နယ်နိမိတ်များတွင် ခိုလှုံနေကြပြီး တချို့မှာ လယ်တောများ၊ စိုက်ခင်းများတွင် နေထိုင်ကြကြောင်း၊ တချို့ကျေးရွာမှ မိဘများသည် သားသမီး ပညာသင်ကြား နိုင်ရေးအတွက် တမူးမြို့ပေါ်တွင် အိမ်းခန်းငှားရမ်းကာ နေထိုင်ကြသည်ဟု သိရသည်။

အိန္ဒိယ – မြန်မာနယ်စပ် တမူးခရိုင်၊ ကူးကီဒေသတွင် ယခုနှစ် ၄ လတာအတွင်း အိုးအိမ်စွန့်ခွာစစ်ဘေးရှောင်ပြည်သူ ၄၅၀၀ ထက်မနည်း မြှင့်တက်လာပြီး ဆေးဝါးနှင့် ကျန်းမာရေးအကူအညီများ အရေးပေါ်လိုအပ်နေကြောင်း ကူကီးအမျိုးသမီး လူ့အခွင့်အရေးအဖွဲ့တာဝန်ရှိသူကပြောသည်။

“အခု လောလောဆယ်မှာ အဓိက ကျန်းမာရေး လိုအပ်နေတယ်။ ကျမတို့ဘက်မှာ ရာသီအကူးအပြောင်းမှာ ဖြစ်တတ်တဲ့ နှာစီး၊ ချောင်းဆိုးနဲ့ အထူးသဖြင့် ဝမ်းပျက်ဝမ်းလျှောက အဖြစ်များနေတယ်။ အဓိက အဲဒါအတွက် အကူအညီတွေ လိုအပ်နေတယ်။ ကျမတို့က အကုန်လုံးကို လက်လှမ်းမိအောင် မလုပ်ပေးနိုင်ဘူး။ ဒေသမှာ သူတို့တွေ စစ်ဘေးရှောင်နေတဲ့ လူတွေရော၊ မပြေးသေးတဲ့ မြန်မာဘက်ခြမ်းက ကူးကီတပ်မတော်က ထိန်းချုပ်ထားတဲ့ ရွာတွေရော ဖြစ်နေတာပါ။ အကြမ်းအားဖြင့် ရွာတိုင်းလိုလိုမှာ ဖြစ်နေတာ” ဟု သူမက ပြောသည်။

ရာသီဥတုပူပြင်းမှုကြောင့် သောက်ရေ၊ သုံးရေ ရှားပါးပြီး အရေပြားရောဂါနှင့် ဝမ်းလျှောရောဂါများ အဖြစ်များကာ ဆေးရုံး ဆေးခန်းတွင် သွားရောက်ကုသရန်မှာလည်း လမ်းပိတ်ဆို့မှုများကြောင့် ဆေးမီတိုနှင့်လည်း ကုသနေရသည်ဟု သိရသည်။

ယခုနှစ် ဇန်နဝါရီလကပင် တမူးမြို့သိမ်းတိုက်ပွဲ ဆင်နွှဲမည့် သတင်းထွက်ပေါ်လာမှုကြောင့် တမူးမြို့ပေါ် ဒေသခံ ၃၀၀၀ ခန့် တဖက်နိုင်ငံနယ်စပ်သို့ ထွက်ပြေးခိုလှုံမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်က မဏိပူရ်ပြည်နယ် လူမျိုးရေးအဓိကရုဏ် ဖြစ်ပွားပြီးနောက်ပိုင်း ပြည်နယ်အစိုးရသည် မြန်မာစစ်ဘေး ရှောင်များကို မလိုလာသော အနေအထားဖြင့် အမြဲစောင့်ကြည့်ပြီး နယ်စပ်တလျှောက် သွားလာရေး၊ ကျန်းမာရေး ဆိုင်ရာ ဆေးကုသမှုနှင့် ဆေးဝါးများ ဝယ်ယူတင်ပို့မှုကိုလည်း ကန့်သတ်လျက်ရှိကြောင်း ကူကီးအမျိုးသမီး လူ့အခွင့်အရေးအဖွဲ့ထံမှ သိရသည်။

အိန္ဒိယ- မြန်မာနယ်စပ် တမူးခရိုင်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများအကြား ဒေသခံပြည်သူများ ကြုံတွေ့နေရသော လူ့အခွင့်အရေး ချိုးဖောက်မှု၊ ဒေသအခြေအနေများနှင့် အထူးသဖြင့် အမျိုးသမီးများ ကြုံတွေ့နေရသည့် အခက်အခဲ များကို ဖော်ထုတ်ရှင်းလင်းရန်အတွက် Kuki Women Human Right Organization သည် ၄ လတကြိမ် တွေ့ရှိချက် များကို အစီရင်ခံစာ ထုတ်ဝေနေကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.