Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မူးယစ်ဆေးဝါးကြောင့် ဖမ်းခံရသူ ၄ ဦးနှင့် မိသားစုဝင်များကို မီဇိုးလူငယ်အသင်း YMA က မြန်မာပြည်ပြန်ရန် နှင်ထုတ်

မူးယစ်ဆေးဝါးကြောင့် ဖမ်းခံရသူ ၄ ဦးနှင့် မိသားစုဝင်များကို မီဇိုးလူငယ်အသင်း YMA က မြန်မာပြည်ပြန်ရန် နှင်ထုတ်

0
By Editor on May 6, 2025 Headline

(005MK)

မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်တွင် မူးယစ်ဆေးဝါးကြောင့် ဖမ်းဆီးခံရသူ စစ်ဘေးရှောင် ၄ ဦးနှင့် ၎င်းတို့၏ မိသားစုဝင်များအားလုံးကို မီဇိုးလူငယ်အသင်း YMA က ရပ်ကွက်ထဲမှာ နေခွင့်မပြုတော့ဘဲ မြန်မာနိုင်ငံကိုပြန်ရန် နှင်ထုတ်လိုက် သည်ဟု သိရသည်။

ပြီးခဲ့သည့် မေလ ၃ ရက်နေ့က ကျန်ဖိုင်းခရိုင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနက ဘိန်းဖြူ ၄ ဟောင်ကို ပိုင်ရှင်ဟုဆရသော Siangremthanga၊ Hrangthanpuia၊ Siangremmawii နှင့် Nokhenthanga တို့ထံမှ ဖမ်းဆီးရမိခဲ့ပြီး စုံစမ်းစစ်ဆေးမေးမြန်းပြီးနောက် Nokhenthanga မှအပ ကျန် ၃ ဦးစလုံးကို အကျဉ်းထောင်သို့ပို့ဆောင်ခဲ့ကြသည်ဟု မီဇိုရမ်ဒေသတွင်သတင်းဌာနမှာ ဖော်ပြထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကျန်ဖိုင်းမြို့ ကာနန်ရပ်ကွက် မီဇိုးလူငယ်အသင်း YMA က ကြေညာချက်ထုတ်ပြန်ကာ မူးယစ်ဆေးဝါးကြောင့် အဖမ်းခံရသည့် ၄ ဦးမှာ ၎င်းတို့ရပ်ကွက်အတွင်း စစ်ဘေးရှောင်များအဖြစ် လာရောက် နေထိုင်သူများဖြစ်ကြပြီး အစိုးရနှင့် YMA တို့မှတိုက်ဖျက်နေသော မူးယစ်ဆေးဝါးနှင့် ပတ်သက်ဆက်နွယ်မှုရှိကြသည့်အတွက် ၎င်းတို့၏ မိသားစုဝင်များသည် စစ်ဘေးရှောင်များဖြစ်ကြသော်လည်း မြန်မာနိုင်ငံ သို့ ပြန်ကြရန် အသိပေးခဲ့ကြသည်ဟု ဖော်ပြထားသည်။

မေလ ၇ ရက်နေ့မကုန်ဆုံးမီ မြန်မာနိုင်ငံသို့ ပြန်သွားကြရန် အသိပေးထားပြီး အကျဉ်းထောင်ထဲ ရောက်ရှိနေသူများလည်း ထောင်မှလွတ်မြောက်လာသည့်အခါ မြန်မာနိုင်ငံသို့ ချက်ချင်းပြန်သွားရန် အသိပေးထား သည်ဟု ဖော်ပြထားသည်။

မူးယစ်ဆေးဝါးမှုကြောင့် အဖမ်းခံရသူ ၄ ဦးမှာ ချင်းလူမျိုးများဖြစ်ကြပြီး မြန်မာနိုင်ငံ မည်သည့်ဒေသတွင်နေထိုင်ကြသည်ကိုမူ ဖော်ပြထားခြင်းမရှိပေ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေး-တမူးလမ်းပိုင်း တကျော့ပြန်တိုက်ပွဲကြောင့် အိန္ဒိယနယ်စပ်ဘက် စစ်ရှောင်ကြသောပြည်သူများ အကူအညီလိုအပ်နေ

မင်းတပ် လေကြောင်းတိုက်ခိုက်မှုမှာ ၁၀ နှစ်ဝန်းကျင် ကလေးငယ် ၃ ဦး သေဆုံး

ဟားခါးနှင့် တမူးမြို့နယ်က ချင်းတော်လှန်ရေးစခန်းများ လေကြောင်းတိုက်ခိုက်ခံရ၊ ရဲဘော် ၈ ဦးကျဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.