Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မူးယစ်ဆေးဝါးကြောင့် ဖမ်းခံရသူ ၄ ဦးနှင့် မိသားစုဝင်များကို မီဇိုးလူငယ်အသင်း YMA က မြန်မာပြည်ပြန်ရန် နှင်ထုတ်

မူးယစ်ဆေးဝါးကြောင့် ဖမ်းခံရသူ ၄ ဦးနှင့် မိသားစုဝင်များကို မီဇိုးလူငယ်အသင်း YMA က မြန်မာပြည်ပြန်ရန် နှင်ထုတ်

0
By Editor on May 6, 2025 Headline

(005MK)

မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်တွင် မူးယစ်ဆေးဝါးကြောင့် ဖမ်းဆီးခံရသူ စစ်ဘေးရှောင် ၄ ဦးနှင့် ၎င်းတို့၏ မိသားစုဝင်များအားလုံးကို မီဇိုးလူငယ်အသင်း YMA က ရပ်ကွက်ထဲမှာ နေခွင့်မပြုတော့ဘဲ မြန်မာနိုင်ငံကိုပြန်ရန် နှင်ထုတ်လိုက် သည်ဟု သိရသည်။

ပြီးခဲ့သည့် မေလ ၃ ရက်နေ့က ကျန်ဖိုင်းခရိုင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနက ဘိန်းဖြူ ၄ ဟောင်ကို ပိုင်ရှင်ဟုဆရသော Siangremthanga၊ Hrangthanpuia၊ Siangremmawii နှင့် Nokhenthanga တို့ထံမှ ဖမ်းဆီးရမိခဲ့ပြီး စုံစမ်းစစ်ဆေးမေးမြန်းပြီးနောက် Nokhenthanga မှအပ ကျန် ၃ ဦးစလုံးကို အကျဉ်းထောင်သို့ပို့ဆောင်ခဲ့ကြသည်ဟု မီဇိုရမ်ဒေသတွင်သတင်းဌာနမှာ ဖော်ပြထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကျန်ဖိုင်းမြို့ ကာနန်ရပ်ကွက် မီဇိုးလူငယ်အသင်း YMA က ကြေညာချက်ထုတ်ပြန်ကာ မူးယစ်ဆေးဝါးကြောင့် အဖမ်းခံရသည့် ၄ ဦးမှာ ၎င်းတို့ရပ်ကွက်အတွင်း စစ်ဘေးရှောင်များအဖြစ် လာရောက် နေထိုင်သူများဖြစ်ကြပြီး အစိုးရနှင့် YMA တို့မှတိုက်ဖျက်နေသော မူးယစ်ဆေးဝါးနှင့် ပတ်သက်ဆက်နွယ်မှုရှိကြသည့်အတွက် ၎င်းတို့၏ မိသားစုဝင်များသည် စစ်ဘေးရှောင်များဖြစ်ကြသော်လည်း မြန်မာနိုင်ငံ သို့ ပြန်ကြရန် အသိပေးခဲ့ကြသည်ဟု ဖော်ပြထားသည်။

မေလ ၇ ရက်နေ့မကုန်ဆုံးမီ မြန်မာနိုင်ငံသို့ ပြန်သွားကြရန် အသိပေးထားပြီး အကျဉ်းထောင်ထဲ ရောက်ရှိနေသူများလည်း ထောင်မှလွတ်မြောက်လာသည့်အခါ မြန်မာနိုင်ငံသို့ ချက်ချင်းပြန်သွားရန် အသိပေးထား သည်ဟု ဖော်ပြထားသည်။

မူးယစ်ဆေးဝါးမှုကြောင့် အဖမ်းခံရသူ ၄ ဦးမှာ ချင်းလူမျိုးများဖြစ်ကြပြီး မြန်မာနိုင်ငံ မည်သည့်ဒေသတွင်နေထိုင်ကြသည်ကိုမူ ဖော်ပြထားခြင်းမရှိပေ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.