Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

0
By Editor on May 18, 2025 Headline

(005MK)

မီဇိုရမ်ပြည်နယ်တွင် ဝင်ရောက်ခိုလုံနေကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်များ၏ ဇီဝအချက်အလက်မှတ်တမ်း ကောက်ယူမည့်အစီစဉ်ကို မကြာခင်စတင်နိုင်ဖွယ်ရှိသည်ဟု သိရသည်။

မြန်မာစစ်ဘေးရှောင်များ ဇီဝသွင်ပြင်အချက်အလက်မှတ်တမ်းကောက်ယူမည့်အစီစဉ်နှင့်ပတ်သက်၍ မီဇိုရမ်ပြည်ထဲ ရေးဝန်ကြီးဌာန နှင့် အိန္ဒိယဗဟိုအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ရှိသူများသည် မေလ ၁၆ ရက်နေ့က အွန်လိုင်း ကတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ယင်းဆွေးနွေးပွဲတွင် ယခင်ကတည်းက လုပ်ဆောင်ရန်စီစဉ်ထားသော စစ်ဘေးရှောင်များဇီဝအချက်အလက်ကောက်ယူ ရေးကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရန် နှင့် အမြန်ဆုံးစတင်နိုင်ဖွယ်ရှိသည်ဟု All India Radio News က ဖော်ပြပါတယ်။

အိန္ဒိယဗဟိုအစိုးရသည် မြန်မာစစ်ဘေးရှောင်များအား ဇီဝအချက်အလက်ကောက်ယူရေးကို ယခင်မီဇိုရမ်အစိုးရ လက် ထက်ကတည်းက လုပ်ဆောင်ရန်စီစဉ်ခဲ့သော်လည်း ပူးဇိုးရမ်းထန်းငါဦးဆောင်တဲ့ Mizo National Front (MNF) အစိုးရက ကန့်ကွက်ခဲ့သည်။

မီဇိုရမ်ပြည်နယ်တွင် ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာ ဦးဆောင်သော Zoram People Movement (ZPM) အစိုးရ တက်လာသည့်နောက်ပိုင်းတွင် ထိုအစီစဉ်ကို ပြန်လည်စတင်ရန်ဆောင်ရွက်ခဲ့ပြီး ဇီဝအချက်အလက်များကောက်ရန် အသုံးပြုမည့် နည်းပညာ (Online Portal) သည် တရားမဝင်နိုင်ငံခြားသားများ နေရပ်ပြန်ပို့သည့် Portal ဖြစ်နေသည့် အတွက် အခြားသောနည်းပညာအသုံးပြုရန် မီဇိုရမ်အစိုးရက ပြန်လည်တိုက်တွန်းခဲ့သည်။

ယခုအခါ အိန္ဒိယဗဟိုအစိုးရဘက်က ဇီဝအချက်အလက်များကောက်ယူရာတွင် အသုံးပြုမည့် Portal ကို ပြန်လည်ပြင် ဆင်ပြီး အသုံးပြုရန်အဆင်သင့်ဖြစ်နေပြီဖြစ်သည့်အတွက် အမြန်ဆုံးစတင်လာဖွယ်ရှိသည်ဟု မီဇိုရမ်ပြည်ထဲရေးဝန် ကြီးဌာနတာဝန်ရှိသူများကပြောသည်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှုဖြစ်ပွားသည့်နောက်ပိုင်းတွင် မြန်မာနိုင်ငံသား အထူး သဖြင့် ချင်းလူမျိုးများသည် မီဇိုရမ်ပြည်နယ်သို့ ဝင်ရောက်ခိုလုံခဲ့ကြပြီး ယခုလက်ရှိ မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ် ဘေးရှောင် လူဦးရေ ၃၃၀၂၃ ဦးရှိသည်ဟု မီဇိုရမ်ပြည်ထဲရေးဝန်ကြီးဌာနကဆိုသည်။

ယင်းအနက် စစ်ဘေးရှောင် ၁၇၅၅၁ ဦးမှာ စစ်ရှောင်စခန်း ၁၂၅ ခုမှာနေထိုင်ကြပြီး ၁၅၄၇၂ ဦးမှာ စခန်းပြင်ပ အသိမိတ် ဆွေများထံ သို့မဟုတ် အိမ်းငှါး၍ဖြစ်စေ နေထိုင်ကြသည်ဟု ဆိုသည်။ စစ်ဘေးရှောင်ထဲက ၁၂၃၆၁ ဦးမှာ ကလေးငယ် များဖြစ်ကြပြီး ၁၀၄၁၆ မှာ အမျိုးသမီး နှင့် ၁၀၂၄၆ မှာ အမျိုးသားများဖြစ်ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.