Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»CDF – ထာဒို နှင့် ဇိုမီးတော်လှန်ရေးတပ်ဖွဲ့တို့အကြား စစ်သုံ့ပန်းများ လဲလှယ်

CDF – ထာဒို နှင့် ဇိုမီးတော်လှန်ရေးတပ်ဖွဲ့တို့အကြား စစ်သုံ့ပန်းများ လဲလှယ်

0
By Editor on May 20, 2025 Headline

(006SV)

ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားကြသည့် CDF – ထာဒို တပ်ဖွဲ့နှင့် ဇိုမီးတော်လှန်ရေးတပ်ဖွဲ့ (ZRA – EC) တို့ကြား စစ်သုံ့ပန်းများ လဲလှယ်ခဲ့ကြသည်ဟု သိရသည်။

မေလ ၁၆ ရက်က တိုက်ပွဲများအတွင်း ဖမ်းဆီးခံထားရသော CDF – Thado (ထာဒို) တပ်ဖွဲ့ဝင် ၄ ဦးနှင့် ဇိုမီးတော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးတို့သည် စစ်သုံ့ပန်းများ လဲလှယ်မှု ညိနှိုင်းခြင်းအရ အောင်မြင်စွာ လဲလှယ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ချင်းတော်လှန် ရေးအင်အားစုတချို့ထံမှ သိရသည်။

“CDF – Thado က တပ်ဖွဲ့ဝင် ၄ ယောက်နဲ့ CNA က ဖမ်းဆီးထားတဲ့ ZRA တပ်ဖွဲ့ဝင် ၁ ဦးတို့ အဲဒါကို လဲလှယ်တာပါ။ အဲဒါက အကုန်လုံးလည်း အဆင်ပြေကြပြီ။ ZRA စစ်သား တယောက်လည်း ZRA တွေရဲ့ လက်ထဲကို ရောက်ပြီ။ CDF – Thado က ၄ ယောက်ကိုလည်း CDF – Thado လက်ထဲ ရောက်ပြီ” ဟု တွန်းဇန်မြို့ဒေသခံ ၁ ဦးထံမှ သိရသည်။

နှစ်ဖက်တိုက်ပွဲများအတွင်း CDF – Thado တပ်ဖွဲ့ဝင် ၄ ဦးကို ဇိုမီးတော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးထိန်းထားခြင်းဖြစ်ပြီး ဇိုမီးတော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးကို ချင်းအမျိုးသားတပ်ဦး CNF/ CNA က ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်သည်ဟု စစ်သုံ့ပန်း လဲလှယ်မှုနှင့်ပတ်သက်၍ ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

“တိုက်ပွဲမှာ ဖမ်းဆီးသူတွေ ပြန်လဲတာပေါ့။ ZRA ကို CNA က ဖမ်းတာပါ၊ CDF – Thado က ZRA နဲ့ ညှိပြီး သူတို့လူတွေနဲ့ လဲချင်တယ် လာပြောလို့ ZRA ကို လွှတ်ပေးလိုက်တာပါ” ဟု ဆလိုင်းထက်နီက ပြောသည်။

CDF – Thado တပ်ဖွဲ့သည် တွန်းဇံမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားပြီး ချင်းလဲန်းကောင်စီအဖွဲ့ဝင်ဖြစ်ကြောင်း၊ ဇိုမီးတော်လှန်ရေးတပ်ဖွဲ့သည် တွန်းဇံမြို့ကို မကြာခဏ ထိုးစစ်ဆင်တိုက်ခိုက်နေရာတွင် ချင်းလဲန်းကောင်စီ ပူးပေါင်းတပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေး-တမူးလမ်းပိုင်း တကျော့ပြန်တိုက်ပွဲကြောင့် အိန္ဒိယနယ်စပ်ဘက် စစ်ရှောင်ကြသောပြည်သူများ အကူအညီလိုအပ်နေ

မင်းတပ် လေကြောင်းတိုက်ခိုက်မှုမှာ ၁၀ နှစ်ဝန်းကျင် ကလေးငယ် ၃ ဦး သေဆုံး

ဟားခါးနှင့် တမူးမြို့နယ်က ချင်းတော်လှန်ရေးစခန်းများ လေကြောင်းတိုက်ခိုက်ခံရ၊ ရဲဘော် ၈ ဦးကျဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.