Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»CNO/CNDF ထုတ်ပြန်ချက်ကို IMC ကန့်ကွက်

CNO/CNDF ထုတ်ပြန်ချက်ကို IMC ကန့်ကွက်

0
By Editor on May 22, 2025 Headline

(004SS)

ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF ၏ ဖလမ်းမြို့နယ်ပြည်သူလူထုအားလုံးသိစေရန်ဆိုသည့် ထုတ်ပြန်ကြေညာချက်သည် လူမျိုးစုအချင်းချင်းကြားမလိုလားအပ်သော ပြသာနာဖြစ်ပေါ်စေနိုင်သည့်အတွက် ကန့်ကွက်ကြောင်း ကြားကာလမရာနယ်ကောင်စီ IMC က ထုတ်ပြန်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် မပေါ်ပေါက်မီကာလအတွင်း လက်ရှိတည်ဆဲ ဖလမ်းမြို့နယ် နယ်နိမိတ် အတွင်း မှီတင်းနေထိုင်သော မျိုးနွယ်စု အားလုံး၏ ဖြစ်တည်မှုကို လက်ခံအသိအမှတ်ထားပြီး မြို့နယ်၏ နိုင်ငံရေး၊ အုပ်ချုပ် ရေး ကိစ္စအဝဝကို တာဝန်ယူဆောင်ရွက်နေသည်ဟု CNO/CNDF က မေလ ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းထုတ်ပြန်ကြေညာချက်သည် ဟွာလ်ငိုးရမ် လူမျိုးစုအခွင့်အရေး နှင့် ဖက်ဒရယ်လူမျိုးစုအခွင့်အရေးများ ကို ချိုးဖောက် ရာရောက်ပြီး၊ လူမျိုးစုအချင်းချင်းကြားမလိုလားအပ်သော ပြသာနာဖြစ်ပေါ်စေနိုင်တဲ့အတွက် ကန့်ကွက်သည်ဟု IMC/ CDF-Mara က ယနေ့ မေလ ၂၂ ရက်နေ့တွင်ထုတ်ပြန်သည်။

ချင်းပြည် (Chinland) ဖွဲ့စည်းပုံ အခြေခံဉပဒေ ၂၀၂၃ အရ ၁၉၉၃ ခုနှစ် ညောင်နှစ်ပင်ညီလာခံမှ အတည်ပြုပြဌါန်းခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဉပဒေကို ဖျက်သိမ်းပြီး ချင်းပြည်အတွင်း ရှိရင်းဆွဲ ၉ မြို့နယ်နှင့် လောက်တူဒေသ၊ ဇိုးတုန်ဒေသ၊ မရာလဲန်းဒေသ၊ ဇိုဖဲရာမ်ဒေ‌သ၊ ဆဲန်ထန်းဒေသ၊ စီးယင်းဒေသ၊ ဇာညှက်ရမ်ဒေသ၊ ထာဒိုဒေသနှင့် ဟွာလ်ငိုးရမ်းဒေသများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများအဖြစ် သတ်မှတ်အတည်ပြု ဖွဲ့စည်းပြီး ဖြစ်သည်ဟု IMC/ CDF-Mara က ဆိုသည်။

မရာဒေသသည်လည်း ချင်းပြည် ( Chinland ) ဖွဲ့စည်းပုံ အခြေခံဉပဒေ ၂၀၂၃ အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ကာ ဒေသန္တရအုပ်ချုပ်ရေးဖော်ဆောင်နေပြီး၊ မရာဒေသအတွင်း မိမိသက်ဆိုင်ရာအဖွဲ့အစည်း၏ ဆန္ဒမပါဘဲ ဘယ်အဖွဲ့အစည်း ကိုမဆို ဝင်ရောက် စွက်ဖက် နှောင့်ယှက်ခြင်းများ မပြုကြရန် IMC/ CDF-Mara က ထုတ်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.