Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»နယူးဒေလီရောက် မြန်မာစစ်ရှောင်များ သတိထားနေထိုင်ကြရန် India for Myanmar သတိပေး

နယူးဒေလီရောက် မြန်မာစစ်ရှောင်များ သတိထားနေထိုင်ကြရန် India for Myanmar သတိပေး

0
By Editor on May 30, 2025 Headline

(005MK)

အိန္ဒိယနိုင်ငံ၊ နယူးဒေလီတွင် အစိုးရအပြောင်းအလဲဖြစ်ပြီးနောက် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို ဖော်ထုတ်ပြီး မူရင်းနိုင်ငံကို ပြန်လည်ပို့ဆောင်ရန် စနစ်တကျဆောင်ရွက်မှုရှိလာသည့်အတွက် မြန်မာစစ်ဘေး ရှောင်/ဒုက္ခသည်များ သတိထားနေထိုင်ကြရန် India For Myanmar အဖွဲ့က မေလ ၂၉ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားသည်။

အထူးသဖြင့် ပါကစ္စတန်နှင့် အိန္ဒိယအကြား ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်းတွင် အိန္ဒိယအစိုးရသည် တရားမဝင် နေထိုင် သော နိုင်ငံခြားသားများအား ပိုမိုတင်းကြပ်စွာ ကိုင်တွယ်လာပြီး ရိုဟင်ဂျာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ နေရပ်ပြန် လည်ပို့ဆောင်ခံရမှုများ စတင်ကြုံနေရပြီဟု India For Myanmar က ဆိုသည်။

ထို့အပြင် အိန္ဒိယနိုင်ငံ UNHCR ရုံးကလည်း ဒုက္ခသည်များ၏ အချက်အလက်များကို အိန္ဒိယအစိုးရထံ လွှဲပြောင်းပေး ထားသည့်အတွက် UNHCR တွင် စာရင်းပေးထားသူများ၏ အချက်အလက်များကို အိန္ဒိယအစိုးရက ရရှိထားပြီဟုဆိုသည်။

ထို့ကြောင့် အိန္ဒိယအစိုးရက ပစ်မှတ်ထားခံရနိုင်ခြေရှိသူဟု ကိုယ့်ကိုယ်ကို သတ်မှတ်ပါက UNHCR ရုံးမှာ စာရင်း သွင်းခဲ့သည့် လိပ်စာမှာ ဆက်လက်နေထိုင်ခြင်းမပြုဘဲ ဘေးကင်းရာနေရာကို ယာယီခိုလှုံနေထိုင်ကြရန် India For Myanmar ကအကြံပြုထားသည်။

ပစ်မှတ်ထားခံရနိုင်ခြေ နည်းသူများအနေဖြင့် အိန္ဒိယအစိုးရမှ တရားဝင်အသိအမှတ်ပြုထားသည့် အထာက်အထားများ မပါဘဲ ခရီးသွားလာခြင်းမပြုရန်၊ UN card အပါအဝင် အရေးကြီးသောစာရွက်စာတမ်းများကို အမြဲသယ်ဆောင်ရန် နှင့် မလိုအပ်ဘဲစိုးရိမ်ထိတ်လန့်ခြင်း၊ အထောက်အထားမခိုင်လုံဘဲ ရှောင်ထွက်ခြင်းများမပြုလုပ်ကြရန် India for Myanmar က ထုတ်ပြန်ထားသည်။

အိိန္ဒယနိုင်ငံ နယူးဒေလီမြို့တွင် မြန်မာနိုင်ငံက စစ်ဘေးရှောင် တစ်သောင်းကျော်ခန့်ရှိပြီး ယင်းအနက် ၃၀၀၀ ကျော်မှာ UNHCR က အသိမှတ်ပြုထားသည့် UN ကတ်ကိုင်ဆောင်ထားသူများဖြစ်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.